?>

အပြင်ထွက် အလုပ်လုပ် တဲ့အတွက် အာဖဂန် အမျိုးသမီး တစ်ဦး သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရ သလို မျက်လုံးတွေ လည်းဓါးနဲ့ ထိုးခံ ရပြီး မျက်စိကွယ်ခဲ့ရ

အပြင်ထွက် အလုပ်လုပ် တဲ့အတွက် အာဖဂန် အမျိုးသမီး တစ်ဦး သေနတ်နဲ့  ပစ်ခတ် ခံခဲ့ရ သလို မျက်လုံးတွေ လည်းဓါးနဲ့ ထိုးခံ ရပြီး မျက်စိကွယ်ခဲ့ရ

အသက် ၃၃နှစ်အရွယ် ခါသရာ တစ်ယောက် အာဖဂန်နစ္စတန်ရဲ့ ဗဟိုဂါဇ်နီပြည်နယ်ကရဲစခန်းက သူမရဲ့ရဲမေအလုပ်ကနေထွက်လာပြီးနောက် နောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့ မော်တော်ဆိုင်ကယ်ပေါ်က အမျိုးသား၃ဦးက သူ့ကိုသေနတ်ပစ်ပြီး သူမရဲ့မျက်လုံးတွေကိုဓါးနဲ့ထိုးခဲ့တာပဲဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အသက် ၃၃နှစ်အရွယ် ခါသရာ တစ်ယောက် အာဖဂန်နစ္စတန်ရဲ့ ဗဟိုဂါဇ်နီပြည်နယ်ကရဲစခန်းက သူမရဲ့ရဲမေအလုပ်ကနေထွက်လာပြီးနောက် နောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့ မော်တော်ဆိုင်ကယ်ပေါ်က အမျိုးသား၃ဦးက သူ့ကိုသေနတ်ပစ်ပြီး သူမရဲ့မျက်လုံးတွေကိုဓါးနဲ့ထိုးခဲ့တာပဲဖြစ်ပါတယ်။


ဆေးရုံမှာပြန်သတိရလာပြီးနောက်အရာအားလုံးမှောင်မဲနေပါတယ်။ “ကျွန်မဘာလို့ဘာမှမမြင်ရတာလဲလို့ ဆရာဝန်တွေကိုမေးတော့ ဒဏ်ရာတွေကြောင့်ကျွန်မမျက်လုံးတွေကို ပတ်တီးစည်းထားရသေးတာကြောင့်လို့ ပြောပါတယ်။

ဒါပေမယ့်အဲဒီအချိန်မှာပဲသိလိုက်ပါတယ် ကျွန်မမျက်လုံးတွေမရှိတော့ဘူးဆိုတာ” လို့ခါတနာကပြန်လည်ပြောပြခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သူမရဲ့ဒေသအာဏာပိုင်တွေက တာလီဘန်စစ်သွေးကြွတွေကို ပြစ်တင်ထားပေမယ့် တာလီဘန်တွေက ဒီဖြစ်ရပ်နဲ့ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆန်ထားပါတယ်။

တိုက်ခိုက်သူတွေဟာ သူမအပြင်ထွက်အလုပ်လုပ်တာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ထားတဲ့ ဖခင်ဖြစ်သူဆီကနေရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ လုပ်ဆောင်ခဲ့တာဖြစ်နိုင်ကြောင်းဆိုထားပါတယ်။


ခါသရာ အတွက်တော့ သူမရဲ့အမြင်အာရုံကိုဆုံးရှုံးခဲ့ရုံတင်မကပဲ သူမကြိုးစားအားထုတ်မှုနဲ့ရရှိလာခဲ့တဲ့ အမှီအခိုကင်းတဲ့အလုပ်တစ်ခုဖြစ်တဲ့ အောင်မြင်မှုအိပ်မက်ကိုပါ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ သူမဟာလွန်ခဲ့တဲ့လတစ်ချို့လောက်ကမှ ဂါဇ်နီ မှုခင်းရဲတပ်ဖွဲ့မှာစတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ “တစ်နှစ်လောက်တော့ရဲတပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ဆန္ဒရှိခဲ့တာ။

အဲဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် သိပ်နာကျင်ခံစားရမှာမဟုတ်ဘူး အခုကအရမ်းစောလွန်းစွာနဲ့ ဒီလိုဖြစ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ခွင့်ရတဲ့ ကျွန်မရဲ့အိပ်မက်တွေ၃လလောက်ပဲခံခဲ့ပါတယ်” လို့သူမကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။


ခါသရာ ကိုတိုက်ခိုက်မှုဟာ အပြင်ထွက်အလုပ်လုပ်နေကြတဲ့ အထူးသဖြင့်အစိုးရဌာနတွေမှာအလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေအပေါ် မကြာခဏဆိုသလိုအကြမ်းဖက်မှုတွေမြင့်တက်လာနေတာကို မီးမောင်းထိုးပေးလိုက်တဲ့ဖြစ်ရပ်ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ အမေရိကန်တပ်ဖွဲ့တွေနိုင်ငံကနေ ထွက်ခွာသွားပြီးနောက် ရောထွေးတဲ့အာဖဂန်နစ္စတန်ရဲ့ရှေးရိုးစွဲလူမှုရေးသတ်မှတ်ချက်တွေနဲ့ တာလီဘန်တွေရဲ့လွှမ်းမိုးမှုတွေရှိလာမှုဟာ ဒီလိုဖြစ်ရပ်တွေကိုအရှိန်မြင့်လာစေဖို့တွန်းအားဖြစ်လာနေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ယုံကြည်ထားပါတယ်။


တာလီဘန်တွေဟာလက်ရှိမှာ အာဖဂန်အစိုးရနဲ့ ကာတာနိုင်ငံ ဒိုဟာမှာ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေပေမယ့် နိုင်ငံတစ်ဝန်းတာဝန်ရှိသူတွေနဲ့ ထင်ရှားတဲ့အမျိုးသမီးတွေကို တိုက်ခိုက်ပစ်ခတ်မှုတွေရှိနေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာနှေးကွေးနေပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကတော့ တာလီဘန်က ရှရီယာဥပဒေအောက်မှာ အမျိုးသမီးအခွင့်အရေးကိုလေးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် ပညာတတ်အမျိုးသမီးတွေက ဒါကိုသံသယရှိနေပါတယ်။  တာလီဘန်လက်နက်ကိုင်တပ်ဖွဲ့က မှတ်ပုံတင်ကတ်မှာမိခင်ရဲ့အမည်ကိုဖြည့်သွားဖို့ ပြုပြင်ပြောင်းလဲရေးကိုဆန့်ကျင်ကန့်ကွက်ထားပါတယ်။


အများပြည်သူဌာနတွေမှာအလုပ်လုပ်ကိုင်နေတဲ့ အာဖဂန်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ အမြဲတမ်းလိုလိုစွန့်စားရာကျအန္တရာယ်ရှိနေပြီး နိုင်ငံတစ်ဝန်းမကြာသေးမီကမြင့်တက်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် အခြေအနေတွေဟာပိုပြီးတော့တောင်ဆိုးလာကြောင်း အာဖဂန်ဆိုင်ရာနိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆာမီရာဟာမီဒီက ပြောကြားခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်လာပြီဖြစ်တဲ့ အာဖဂန်ကအမျိုးသမီးအခွင့်အရေးတွေ တိုးတက်ရေးလုပ်ဆောင်မှုတွေဟာ တာလီဘန်တွေနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိခိုက်သက်ရောက်မှုတွေမရှိလာခဲ့ဘူး။ လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။


အပြင်ထွက်အလုပ်လုပ်ခွင့်ရဖို့ ဖခင်ဖြစ်သူကိုနှစ်နဲ့ချီဖြောင်းဖျခဲ့ရပြီးနောက် ခါသရာရဲ့ကလေးဘဝကတည်းကစိတ်ကူးအိပ်မက်ဟာ အချည်းနှီးသာဖြစ်ခဲ့ပေမယ့် သူမရဲ့ခင်ပွန်းသည်ဆီကနေ အားပေးထောက်ခံမှုတွေတော့ရရှိခဲ့ပါတယ်။  ဒါပေမယ့်သူမရဲ့ဖခင်ကတော့ သူ့ရဲ့ဆန့်ကျင်ကန့်ကွက်မှုကို အလျှော့ပေးခဲ့ခြင်းမရှိပါဘူး။ “ကျွန်မတာဝန်ထမ်းဆောင်ချိန် အကြိမ်တော်တော်များများမှာ ကျွန်မအဖေနောက်ကနေလိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ သူကအနီးအနားက တာလီဘန်တွေနဲ့ဆက်သွယ်ပြီး ကျွန်မအလုပ်မသွားအောင်တားဖို့ပြောဆိုနေခဲ့ပါတယ်” လို့သူမကပြောပါတယ်။


သူ့အဖေက သူရဲတပ်ဖွဲ့မှာအလုပ်လုပ်နေကြောင်းသက်သေပြဖို့ သူမရဲ့မှတ်ပုံတင်ကိုကော်ပီကူးပြီး တာလီဘန်တွေကိုပေးခဲ့ကြောင်း သူမအတိုက်ခိုက်ခံခဲ့ရတဲ့နေ့တုန်းကလည်း တစ်နေ့လုံးသူမဘယ်ရောက်နေလဲဆိုတာ ဖုန်းခေါ်မေးနေခဲ့ကြောင်း ခါသရာကပြန်လည်ပြောပြခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ တာလီဘန်တွေရဲ့လက်ချက်ဖြစ်တယ်လို့ ယုံကြည်ကြောင်း ဂါဇ်နီရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သလို ခါသရာရဲ့ဖခင်ကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သိထားခဲ့ကြောင်းတာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်ကလည်းပြောကြားခဲ့ပြီး ဒါဟာမိသားစုအရေးကိစ္စတစ်ခုဖြစ်ပြီး သူတို့ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။


ကလေး၅ယောက်အပါအဝင် ခါသရာနဲ့သူမ မိသားစုဟာ ယခုတော့ကဘူးလ်မြို့တစ်နေရာမှာ ပုန်းရှောင်နေရပါတယ်။ မော်တော်ဆိုင်ကယ်သံကြားတိုင်း သူအိပ်မပျော်နိုင်သလို လန့်လန့်နိုးနေခဲ့ရပါတယ်။ သူမဟာ ဖခင်ဖြစ်သူအဖမ်းခံရမှုအတွက် အပြစ်တင်နေတဲ့ သူမရဲ့မိခင်အပါအဝင်မိသားစုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ရပါတယ်။ နိုင်ငံရပ်ခြားကဆရာဝန်တစ်ဦးက သူမရဲ့အမြင်အာရုံတွေပြန်ရအောင်တစ်နည်းနည်းနဲ့ ကူညီပေးနိုင်ဖို့ သူမအရမ်းကိုမျှော်လင့်နေပါတယ်။ “ဖြစ်နိုင်မယ်ဆိုရင် ကျွန်မအမြင်အာရုံပြန်ရချင်ပါတယ်။ ပြီးတော့ရဲတပ်ဖွဲ့မှာပြန်တာဝန်ထမ်းဆောင်ချင်ပါတယ်” လို့ သူမကပြောကြားခဲ့ပါတယ်။


Reuters သတင်းဌာနပါ Abdul Qadir Sediqi ရေးသားသည့် “Afghan woman shot, blinded, for getting a job” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*****************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*