?>

အီရန်နိုင်ငံ တွင် နိုဝင်ဘာလ ၉ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၄၅၈ ဦး သေဆုံး

အီရန်နိုင်ငံ တွင် နိုဝင်ဘာလ ၉ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၄၅၈ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၁၀၄၆၃ ဦး ဖြစ်ပြီး ၃၅၇၄ ဦး ဆေးရုံးတင်ထားရပြီး စုစုပေါင်း ရော ဂါသည်မှာ ၆၉၂၉၄၉ ဦး ရှိ သွား ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၄၅၈ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၃၈၇၄၉ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

 

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ -ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၅၂၅၆၄၁ ဦးပြန်လည်ကောင်းမွန် ကြောင်း ပြောကြား ခဲ့ပါတယ်။

 

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၅၅၆၁ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ကုသလျက် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၅၂၆၃၁၇၃ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

 

၎င်းမှဆက်လက်ပြောကြားသည်မှာ - တီဟီရန် ၊ အစ္စဖဟန် ၊ ကွမ်း ၊ အရှေ့ အာဇရ်ဘိုင်ဂျန် ၊ တောင်ပိုင်း ခိုရာစာန်၊စင်မ်နန်၊ကဇ်ဝီးန် ၊လောရေစ်စတန်၊အိုရ်ဒဘီးလ် ၊ ခိုဇစ်စတန်၊ ကေရ်မန်န်ရှား၊ ကဲဟ်ဂီလိုယေ ၊ ဗူဝိုင်းရ် လ်အဲဟ်မဒ် ၊ဂီလန် ၊ ဗူရှဲဟ် ၊ ဇန်ဂျန် ၊ အီလန်းမ်၊ခိုရာစာန် နေရဇာဝီ၊ မာဇင်ဒရာနီ ၊ ဂျာရ်မိုဟာလ် ၊ ဗခ်သေရာရီ ၊ အလ်ဗိုရ်ဇ်၊ အနောက် အာဇရ်ဘိုင်ဂျန် ၊မရ်ကဇ်ဇီ ၊ ကရ်မန် ၊ မြောက်ပိုင်း ခိုရာစာန်၊ဟမ်ဒန် နှင့်ယဇ် ဂိုရ်ဒစ်စတန် ပြည်နယ်များသည်အနီရောင် နယ်မြေ များ ဖြစ် ကြပြီး အခြား ဟိုရ်မွဇ်ဂန် ၊ဖာရ်စ် ၊ ဂိုလေစ်စတန်၊စစ်စတန် နှင့် ဗလိုဂျစ်စတန် ပြည်နယ်များ သည် လိမ္မော်ရောင် နှင့် အဝါရောင် နယ်မြေများ ဖြစ်ပါတယ်။

 

******************************************

END / 251

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*