?>

အကြမ်းဖက်စစ်အုပ်စုနဲ့ CDF တို့ ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး

 အကြမ်းဖက်စစ်အုပ်စုနဲ့ CDF တို့ ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံး

ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၉ ရက်ကနေ ၂၉ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF မင်းတပ်က ဒီနေ့ (ဇူလိုင်လ ၃၁ ရက် ) မှာ ထုတ်ပြန်ထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၉ ရက်ကနေ ၂၉ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF မင်းတပ်က ဒီနေ့ (ဇူလိုင်လ ၃၁ ရက် ) မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း CDF မင်းတပ်ဘက်ကလည်း ရဲဘော် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ CDF မင်းတပ်ရဲ့ တိုက်ခိုက်မှုသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မင်းတပ်-မတူပီလမ်း ၇၄ မိုင်မှာ ဇူလိုင်လ ၂၉ ရက်နေ့ ည ၇ နာရီကနေ ည ၁၂ နာရီကျော်အထိ CDF-မင်းတပ်၊ CNF၊ CDF-မတူပီ ပူးပေါင်းအဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို CDF-မတူပီတပ်ဖွဲ့ဝင်  သုံးဦးကျဆုံးပြီး တစ်ဉီး ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ၂၃ ရက်နေ့ မကွီအိမ်နူးမြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုကို CDF မင်းတပ်က လက်နက်တွေနဲ့အတူ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဝင် ဗိုလ်ကြီးတစ်ဦး CDM မှာ ပူးပေါင်းပါဝင်ခဲ့ကာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အရာခံဗိုလ်တစ်ဦးနဲ့ စစ်သား လေးဦးကိုတော့ ပြန်လွှတ်ပေးခဲ့ တယ်လို့ သိရပါတယ်။

အဲဒီလို တိုက်ခိုက်ခံရတဲ့ မကွီအိမ်နူးစခန်းကို ဦးတည်ပြီး ချီတက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဇူလိုင်လ ၂၇ ရက်နေ့မှာ မင်းတပ်နဲ့ ကန်ပက်လက်နယ်စပ်အနီး CDF မင်းတပ်နဲ့ CDF ကန်ပက်လက် ပူးပေါင်းအဖွဲ့က  ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရှိခဲ့တယ်လို့ CDF မင်းတပ်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ CDF တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာ တိုက်နယ် (၁) ဘက်ခြမ်း ရမ်ပန်းရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-Mindat က ဝင်ရောက်တိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က နှစ်ဦးကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ညနေပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ CDF က ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ CDF ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဒန့်ဒီးရွာအနီးနဲ့ ရှစ်ဝါနူးရွာ တိုက်ပွဲအတွင်း CDF – Mindat က ဦးချိုင်ထန်း၊ CDF – Matupi က ဇော်မြင့်ဖေ၊ ထွန်းရွှေ၊ CNF တပ်ဖွဲ့ဝင် ရွန်နော်ဖွန်ထန်းတို့ ကျဆုံးခဲ့တယ်လို့ CDF မင်းတပ်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂ နာရီလောက်ကစပြီး မင်းတပ်-မတူပီလမ်း ၇၆ မိုင်မှာ CDF မင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တယ်လို့ သိရပေမယ့် တိုက်ပွဲအတွင်း ထိခိုက်၊ ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*