?>

ကော်ရိုရာဒိုတွင် တောမီးကြောင့် အိမ်ခြေ ၅၀၀ လောင်ကျွမ်း၊ အရေးပေါ်အခြေအနေကြေညာ

 ကော်ရိုရာဒိုတွင် တောမီးကြောင့် အိမ်ခြေ ၅၀၀ လောင်ကျွမ်း၊ အရေးပေါ်အခြေအနေကြေညာ



အမေရိကန်ပြည်ထောင်စု ကော်ရိုရာဒိုပြည်နယ် ဒန်ဗာမြို့အနီးမှာ ဒီဇင်ဘာ ၃၀ ရက်က လေပြင်းတိုက်ပြီး တောမီး အကြီးအကျယ် လောင်ခဲ့တာကြောင့် နာရီပိုင်းအတွင်း ဧက ၁၆၀၀ လောက် အိမ်ခြေ ၅၀၀ ကျော် ကူးစက်လောင်ကျွမ်းသွားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမေရိကန်ပြည်ထောင်စု ကော်ရိုရာဒိုပြည်နယ် ဒန်ဗာမြို့အနီးမှာ ဒီဇင်ဘာ ၃၀ ရက်က လေပြင်းတိုက်ပြီး တောမီး အကြီးအကျယ် လောင်ခဲ့တာကြောင့် နာရီပိုင်းအတွင်း ဧက ၁၆၀၀ လောက် အိမ်ခြေ ၅၀၀ ကျော် ကူးစက်လောင်ကျွမ်းသွားခဲ့ပါတယ်။

လူ ၆ ဦး ဒဏ်ရာရပြီး ဒန်ဗာမြို့တော်အနီး Rockies တောင်ရဲ့အရှေ့ဘက် မြို့နှစ်မြို့က ဒေသခံ လူသောင်းကျော်ကို  ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အဲဒီ မိုးခေါင်ရေရှားဒေသမှာ တိုက်ခတ်တဲ့လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ပျက်ကျပြီး ထရန်စဖော်မာတွေ လောင်ကျွမ်းခဲ့ပါတယ်။

မီးစမီးပွားတွေကနေ တောမီး အလျင်အမြန် စလောင်ခဲ့တာလို့ ပြည်နယ်ရဲအရာရှိ ဂျိုးပဲ့လီ (Joe Pelle) က ပြောပါတယ်။

မီးတောက်တွေက  ဘောလုံးကွင်းတခုလုံးကိုလည်း လောင်ကျွမ်းခဲ့ပြီး ပြည်နယ်တခုလုံး အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ ပြောပါတယ်။

Tags
ကော်ရိုရာဒိုတောမီးအရေးပေါ်အခြေအနေ
****************************************************************
END / 251



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*