?>

ဆော်ဒီ ညွန့်ပေါင်း အဖွဲ့ မှ ယီမင် နှင့် အပစ်အခတ် ရပ်စဲရေး ကတိကဝတ်အား ထပ်မံ ချိုးဖောက်

ဆော်ဒီ ညွန့်ပေါင်း အဖွဲ့ မှ ယီမင် နှင့် အပစ်အခတ် ရပ်စဲရေး ကတိကဝတ်အား ထပ်မံ ချိုးဖောက်

ယီမင် အစိုးရ သတင်းဌာန မှ ကျူးကျော် သူ ဆော်ဒီ ညွန့်ပေါင်း အဖွဲ့ သည် ယီမင် နိုင်ငံ နှင့် အပစ်အခတ်ရပ်စဲ ရေး ကတိကဝတ်အား ၁၅၃ ကြိမ် မြောက် ထပ်မံ၍ ချိုးဖောက်ခဲ့ကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahartv ၏ သတင်း အထောက်အထား များအရ ဆော်ဒီ ညွန့်ပေါင်း အဖွဲ့ သည် ယီမင် နိုင်ငံ နှင့် အပစ်အခတ်ရပ်စဲ ရေး ကတိကဝတ်အား ထပ်မဲချိုးဖေက်ပြီး သအ်ဇ် ၊ ဟေဂျဟ် ၊ အလ်ဂျောင်ဖ်၊ ဆအ်ဒဟ် ၊ အလ်ဇာလေဟ် နှင့် အခြားနေရာဒေသများ ကို ကျူးကျော် တိုက်ခဲ့ခဲ့ပါတယ်။

ဆော်ဒီ ည့န့်ပေါင်း အဖွဲ့ မှ ယီမင် စစ်တပ် နှင့် ယီမင် ပြည်သူ့ တပ်များ ၏နေရာ ဌာနများ ကို ပစ်မှတ်ထား ပြီး တိုက်ခိုက် ခဲ့ပါတယ်။ မအာရေဗ် ပြည်နယ် ၊ ဟေဂျဟ် ပြည်နယ် ၊ သအ်ဇ် ပြည်နယ် ၊ ဆအ်ဒဟ်ပြည်နယ် နှင့် အခြား ပြည်နယ် အသီးသီး အား ပစ်ချက်ပေါင်းများ စွာပစ်ခတ် ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ကတိကဝတ်အား ထပ်မံ၍ ချိုးဖောက်ခဲ့ပါတယ်။

ဆော်ဒီ ည့န့်ပေါင်း အဖွဲ့ မှ ယီမင် ပြည်နယ် အသီးသီး ရှိ ယီမင် စစ်တပ် နှင့် ယီမင် ပြည်သူ့ တပ်များ ၏ နေရာ ဌာနများအပြင် ယီမင် ပြည်သူများ ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အလ်မစီရဟ် ရုပ်မြင်သံကြား ၏ အစီရင်ခံ တင်ပြ ချက်အရ ဆော်ဒီ ည့န့်ပေါင်း အဖွဲ့ မှ ယီမင် နှင့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ် အား ၂ လထပ်တိုးထားသည့် အကြား ထပ်မံ၍ ချိုးဖောက် တိုက်ခိုက်ခဲ့ကြောင်း တင်ပြထားပါတယ်။

ယီမင် နိုင်ငံ ၏ အဆင့်မြင့် နိုင်ငံရေး ကောင်စီ ၏ အကြီးအကဲ ဥက္ကဋ္ဌ ဖြစ်သူ မဲဟ်ဒီ အလ်မရှာသွ် မှ ဆော်ဒီ ည့န့်ပေါင်း အဖွဲ့ ၏ အပစ်အခတ် ရပ်စဲရေး ၏ ချိုးဖောက် မှုများကြောင့် အပစ်အခတ်ရပ်စဲရေး ၏ အကောင်အထည် ဖော်မှု သည် ကုန်ဆုံး သွားနေကြောင်း အစပထမကတည်း က ပြောကြား ထားပြီး ဖြစ်ပါတယ်။

မှတ်သားရမည့်အချက်မှာ ဆော်ဒီ နှင့် ၎င်း ၏ မဟာမိတ် အဖွဲ့ များသည် ယီမင် အား စတင် ကျူးကျော် တိုက်ခဲ့သည့် ၇ နှစ်တာ အတွင်း ထောင်ပေါင်းများစွာသော် ယီမင်ပြည်သူများ ကို ရှဟီးဒ် ပြုခဲ့ပြီး ဒဏ်ရာ ရအောင် ပြုခဲ့ကြပါတယ် ။ ဤစစ်ဒဏ် ကြောင့် လူဦးရေ လေးသန်း ခန့် ရှိသည့် ယီမင် ပြည်သူများ သည် အိုးအိမ်များ ကို စွန့် ခွာ ထွက်ပြေး ခဲ့ ရပြီး ဖြစ်ပါတယ်။

ဆော်ဒီ ၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် ယီမင် နိုင်ငံ ၏ အခြေခံ အဆောက်အအုံ များ၏ ၈၅ ရာခိုင်နှုန်း သည် ပျက်စီးခဲ့ပြီး နိုင်ငံ သည် ဆိုးရွားသည့် အခြေအနေ ၊ စားနပ်ရိက္ခာ အကျပ်အတည်း နှင့် ရင်ဆိုင်နေရပါတယ်။

လူ့ အခွင့်အရေး ဟု အော်အော်နေသည့် နိုင်ငံကြီးများ သည် ရုရှား နိုင်ငံ ၏ တိုက်ခိုက်မှု ကို ခံနေရသည့် ယူကရိန်း နိုင်ငံ ဘက်မှ အော်အော်နေပြီး ယီမင် နိုင်ငံ ၏ ဘက် မှ အသံပင် မထွက်ကြခြင်း ဖြစ်ပါတယ်။ ပြီးနောက် ဆော်ဒီ အနေဖြင့်လည်း မွတ်စလင်မ်နိုင်ငံအချင်းချင်းသာ သတ္တိရှိပြနေပြီး အစ္စရေး ဇီယွန်အား အသံပင်မထွက်ရဲသည့် အခြေ အနေတွင် ရှိနေခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251

 

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*