?>

ဆော်ဒီ မဟာမိတ် မှ ယီမင် နိုင်ငံ အပေါ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ထပ်မံ ချိုးဖောက်၍ ဆအ်ဒဟ် အား ဗုံး ကြဲ တိုက်ခိုက်

ဆော်ဒီ မဟာမိတ် မှ ယီမင် နိုင်ငံ အပေါ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ထပ်မံ ချိုးဖောက်၍ ဆအ်ဒဟ် အား ဗုံး ကြဲ တိုက်ခိုက်

ဆော်ဒီ မဟာမိတ် မှ ယီမင်နိုင်ငံ ၏ ဆအ်ဒဟ် ပြည်နယ်ရှိ မန်ဗာ ခရိုင် ၏ နယ်မြေ အသီးသီး ကို နောက်တစ်ကြိမ် ထပ်မံ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်မစီရာ တီဗီ ၏ အစီရင်ခံစာ အရ ယီမင်နိုင်ငံ မြောက်ပိုင်း ရှိ ဆအ်ဒဟ် ပြည်နယ် မန်ဗာ ခရိုင် တွင် ဆော်ဒီ ညွန့်ပေါင်းအဖွဲ့၏ ကျူးကျော် တိုက်ခိုက် မှု ကြောင့် အရပ်သား တစ်ဦး သေဆုံး ပြီး ၆ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရှိရပါတယ်။

ဆော်ဒီ ညွန့်ပေါင်းအဖွဲ့ ၊ ဆော်ဒီ မဟာမိတ် အဖွဲ့   မှာ ထပ်မံ၍     ယီမင်နိုင်ငံ ၏ ဆအ်ဒဟ် ပြည်နယ်ရှိ မန်ဗာ ခရိုင် ၏ နယ်မြေ အသီးသီး ကို ထပ်မံ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

အခြားတစ်ဖက်တွင်လည်း ယီမင် စစ်တပ် ၏ ကြေညာခဲ့ပါတယ်။ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ကျူးကျော် လာသည့် ဆော်ဒီ မဟာမိတ်အဖွဲ့ နှင့်၎င်းတို့၏ အေဂျင် များ သည် အလ် ဟဒီဒဟ် ပြည်နယ် တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ကို ၂၆၁ ကြိမ် ချိုးဖောက်ခဲ့ကြောင်း ဖြစ်ပါတယ်။

အလ်မစီရာ တီဗီ ၏ အစီရင်ခံစာ အရ ကျူးကျော် ဝင်ရောက်လာသည် ဆော်ဒီ အနေဖြင့်မိမိ၏ မဟာမိတ် အဖွဲ့ နှင့်အတူ အလ်ဟဒီဒဟ် ပြည်နယ် ရှိ နေရာ အစုံ အား လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပစ်မှတ် ထား တိုက်ခိုက် ခဲ့ကြောင်း သိရှိရပါတယ်။

ဆော်ဒီ ၊ အမေရိကန် ၊ ယူအေအီ (အာရ် စော်ဘွားများ ပြည်ထောင်စု) နှင့် အခြား နိုင်ငံ အချို့ ၏ အကူအညီ ဖြင့် ယီမင် နိုင်ငံအား ၂၀၁၅ ခုနှစ် မတ်လ မှ စ၍ ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ယီမင် နိုင်ငံအား လေကြောင်း ရေကြောင်း မှလည်း ပိတ်ဆို့ မှုများလည်းပြုလုပ် ခဲ့ပါသည်။    

ယီမင် နိုင်ငံ သည် ဆော်ဒီ နိုင်ငံ နှင့် ၎င်း ၏ မဟာမိတ် နိုင်ငံများ ၏ တိုက်ခိုက်မှုကြောင့် သိန်းနှင့်ချီပြီး အရပ်သားများ သေဆုံးပြီး ဒဏ်ရာ ရခဲ့ရပါတယ်။ ထိုပြင် လူမဆနသည့် ပိတ်ဆို့ ထားမှု များ ကြောင့် ယီမင်ပြည်သူ လူထု များ သည် စားနပ်ရိက္ခာ နှင့် ဆေးဝါးပြတ်လပ် မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။                                        

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*