ဆော်ဒီ အာရေဗျ အာဏာ ပိုင်များ မှ အလ်အဝါမီယဟ် မြို့ ရှိ အေမာမ် ဟိုစိန် (အ.စ) အမည်ရှိ ရှဟီးဒ် ရှိက်္ခ နေမေရ် ရှေ့ဆောင် ဝတ်ပြုပေးခဲ့သည့် အေမာမ်ဟိုစိန် (အ.စ) ၏ ဗလီ အမည် ရှိ ရှီအာ ဗလီ အား ဖြိုချ အမိန့် ထုတ်ပြန် ခဲ့ကြောင်း သိရပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
IQNA သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ဆော်ဒီ အာဏာ များ အနေဖြင့် အချိန်ကာလ ကြာမြင့် စွာကပင် ရှီအာမွတ်စလင်မ်များ နေထိုင်သည့် ကသီးဖ် နှင့် အလ်အဟ်စာ တို့တွင် ဘက်လိုက်မှု ၊ မတရားမှု များကို ပြုလုပ်နေပြီး ထိုနေရာရှိ သမိုင်းဝင် နေရာများ ကိုလည်း ဖြိုပျက်ခဲ့ကြပါတယ်။
ဤကိစ္စ နှင့် စပ်လျဉ်းပြီး ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟမ္မဒ် ဗင် စလ်မန် ၏ကြီးကြပ် မှု အောက်တွင် အလ်အဝါမီယဟ် ၏ ကသီးဖ် မြို့ ရှိ အေမာမ် ဟိုစိန် (အ.စ) ၏ ဗလီ အမည်ရှိ ရှီအာ ဗလီ အား ဖြိုဖျက်ရန် အမိန့် ပေး ထုတ်ပြန် ခဲ့ပါတယ် ။
အေမာမ် ဟိုစိန် (အ.စ) ၏ ဗလီ အမည်ရှိ ဗလီ သည် ရှဟီးဒ် ရှိက်္ခ ဘာကေရ် နေမေရ် သောကြာနမာဇ် ကို ရှေ့ ဆောင် ဝတ်ပြုပေးခဲ့သည့် ဗလီ ဖြစ်ပါတယ်။
လူအခွင့်အရေး လှုပ်ရှားသူ ဆော်ဒီ နိုင်ငံသား အာဒေလ် အလ်စအီးဒ် အနေဖြင့် မိမိ၏ တွစ်တာတွင် အလ်အဝါမီယဟ် ၏ ကသီးဖ် မြို့ ရှိ အေမာမ် ဟိုစိန် (အ.စ) ၏ ဗလီအမည်ရှိ ဗလီ အား ဖြိုဖျက်ရန် ဆော်ဒီ အာဏာပိုင်များ အမိန့် ပေး ထုတ်ပြန်ခဲ့သည့် အကြောင်းကို ဖော်ပြထားပြီးဤ ဗလီ တွင် ရှဟီးဒ် ရှိက်္ခ ဘာကဲရ် နေမေရ် ရှေ့ ဆောင် နမာဇ် ဝတ်ပြုပေး ခဲ့ပြီး ခွသ်ဗာ များ ဖတ်ရွတ် ပေးခဲ့ သည့် အတွက် ရှဟီးဒ် ရှိက်္ခ ဘာကဲရ် နေမေရ် နှင့်ပတ်သက်နေသည့် အမှတ်တရ အားလုံးကို ဖြိုဖျက် ရှင်းထုတ်ရန် အတွက် ဆော်ဒီ အာဏာ ပိုင်များ မှ ပြုလုပ် နေကြောင်း ရေး သား ထားပါတယ်။
၎င်းမှ ဆက်လက်ပြီး တိုက်တွန်း ရေးသား ထားသည်မှာ - ဆော်ဒီအာဏာ ပိုင်များ အနေဖြင့် မည်မျှ ပင် ရှဟီးဒ် အား မေ့ သွားရန် ပြုလုပ်ခဲ့ စေကာမှု ရှဟီးဒ် အား ချစ်ခင်မှု သည် လူထု ၏နှလုံးသားတွင် ကိန်းအောင်း နေပါ တယ်။ လွတ်လပ်ရေး ကို လိုလား သူများ အတွက် လမ်းညွှန် ပေးပါလိမ့်မည် ဟု ရေး သားထားပါတယ်။
ဆော်ဒီ အစိုးရ အနေဖြင့် ရှီအာမွတ်စလင်မ်များ ၏ ဘာသာရေး အဆောက်အဦး များ ကို ဆော်ဒီ အရှေ့ ပိုင်းတွင် ဆော်ဒီ မင်းဆိုးမင်းညစ် အားတော်လှန်သည့် တော်လှန်ရေး မစပြီး ၅နှစ်အလျှင် က စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဟဇရသ် ဇဲဟ်ရာ (စ.အ) အမည်ရှိ အေမာမ် ဘာရာအား ရှဟီးဒ် လုပ်ခဲ့ကြပါတယ်။
မှတ်သားသင့်သည်အချက်မှာ - ရှဟီးဒ် ဘာကဲရ်နေမေရ် အား ကသီးဖ်မြို့ ပြုလုပ်သည့် ဆန္ဒပြမှု အပြီး ၂၀၁၂ ခုနှစ် တွင် ဖမ်းဆီးခဲ့ ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ ခရစ် သက္ကရာဇ် ၂၀၁၅ ခုနှစ် တွင် ရက်ရက်စက်စက် ခေါင်း ဖြတ် သတ် ခဲ့ပါတယ်။
ရှဟီးဒ် ဘာကဲရ်နေမေရ် အား ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ သည့် အပေါ် နိုင်ငံ တကာ မှ ပြစ်တင် ရှုတ်ချ ခဲ့ကြပါတယ်။ သို့သော် ဆော်ဒီ မင်းဆိုးမင်းညစ် အနေဖြင့် မိမိ ရာဇဝတ်မှု များ ကို ဖုံးကွယ် ရန် ရှိက်္ခ နေမေရ်အား အကြမ်းဖက် ဖက်မှုများ တွင်ပါဝင် သည်ဟု စွပ်စွဲချက် နှင့် အပြစ်မရှိ အပြစ်ပေးခဲ့ကြပါတယ်။
******************************************
END / 251