?>

တောင်ကြီး စဝ်စံထွန်း ဆေးရုံကို ရဲ အင်အားဖြင့် လာဝိုင်း

  တောင်ကြီး စဝ်စံထွန်း  ဆေးရုံကို ရဲ အင်အားဖြင့် လာဝိုင်း

ရှမ်းပြည်နယ်၊ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ရဲတွေ ဝိုင်းလာလို့ ပြည်သူတွေလည်း ပြန်ဝိုင်းရာမှာ ရဲတပ်ဖွဲ့က ဗြောက်ပစ်ခတ် လူစုခွဲတာကြောင့် အမျိုးသမီး တစ်ယောက် ဒဏ်ရာရသွားပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်နယ်၊ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ရဲတွေ ဝိုင်းလာလို့ ပြည်သူတွေလည်း ပြန်ဝိုင်းရာမှာ ရဲတပ်ဖွဲ့က  ဗြောက်ပစ်ခတ် လူစုခွဲတာကြောင့် အမျိုးသမီး တစ်ယောက် ဒဏ်ရာရသွားပါတယ်။

မျက်မြင်တွေ့သူတစ်ဦးက “ဗြောက်ဖောက်တဲ့အချိန်မှာ ရှောင်တိမ်းရင်း ကောင်မလေး တယောက်ဆိုင်ကယ်နဲ့ ချိတ်မိပြီး ဒဏ်ရာရတာ။ ရဲကားပေါ်မှာ ဆရာဝန်တွေလို့ ထင်တယ်။ ၅၊ ၆ ယောက်လို့ ထင်တယ်။ လူတွေက ပြန်မလွှတ်ရင် လမ်းမဖယ်ပေးဘူးဆိုလို့ ပြန်လွှတ်ပေးတာ။ ဒါပေမဲ့ ကျန်သေးတယ်ထင်လို့ လိုက်စစ်နေတာ။ ရဲတွေက လမ်းပေါ်မှာ အပြည့် ၃ တန်းပဲ။ လူတွေကလည်း ဆေးရုံတောင်ဘက်လမ်းတလျှောက်မှာ အပြည့်ပဲ။ သူတို့ (ရဲတွေ) ပြန်ထွက်လို့ရအောင် ကျနော်တို့ လမ်းရှင်းပေးထားတာ နာရီဝက်လောက်ရှိပြီ။ သူတို့ ပြန်မထွက်သွားသေးဘူး” လို့ ပြောပါတယ်။

အနားမှာရှိနေသူတယောက်ကတော့ ရဲကားတွေပေါ်မှာ စစ်ဆေးပြီးသွားလို့ ဖမ်းဆီးခံထားရ သူတယောက်မှ မရှိဘူး လို့ ပြောပါတယ်။

ဝန်ထမ်းတွေကို အတင်းအဓမ္မအလုပ်ဝင်ခိုင်းဖို့ လုပ်နေသလို ရဲအင်အားနဲ့ ဆေးရုံကို လာဝိုင်းတာကြောင့် ဒေသခံတွေကလည်း ဆေးရုံမှာ လာရောက်ဝန်းရံခဲ့ကြတာပါ။

ကျန်းမာရေးဝန်ထမ်း တယောက်က “မနက်ဖြန်မှာ ဆေးရုံဖွင့်မယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ ဝန်ထမ်းတွေကိုလည်း ဆေးရုံအုပ်ကြီးက လက်မှတ် လာထိုးခိုင်းတယ်။ ဘာအတွက် ထိုးခိုင်းမှန်း မသိဘူး။ ဒီနေ့ မေးကြည့်တော့ ဝန်ထမ်းတွေက ရုံးတက်ချင်လို့ ပြောတယ်တဲ့၊ ဆေးရုံအုပ်ကြီးက ပြောတာ။ တကယ်က ဝန်ထမ်း တယောက်မှ ရုံးတက်မယ်လို့ မပြောထားဘူး” လို့ ပြောပါတယ်။

အနီးအနားက ဒေသခံတဦးက “ဆေးရုံရှေ့မှာ လူတွေလာပြီး ဝိုင်းပေးနေတုန်း ဝင်းထဲမှာ သူခိုးတယောက်ဝင်လို့ လိုက်ဖမ်းကြတယ်။ အဲအချိန်မှာပဲ ရဲတွေက ဆရာတွေနေတဲ့အဆောင်ကို တံခါးတွေ ရိုက်ဖျက်ပြီးဝင်တာ။ အဲဒါမှာ လူတွေက ဝိုင်းလာတော့ တယောက်ကိုမှ မဖမ်းပါဘူးတဲ့။ ပြီးတော့ ဗျောက်ဖောက်တယ်။ ၄ လုံး။ အပေါ်ကို မြှောက်လိုက်တာ အောက်ကိုကျတော့ အသံမြည်တာမျိုး” လို့ ပြောပါတယ်။

********************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*