?>

ဒေါ်လာ ၄၈၄ ဘီလီယံတန် COVID-19 ဘဏ္ဍာရေး ထောက်ပံ့မှု အမေရိကန်အောက်လွှတ်တော် အတည်ပြု

ဒေါ်လာ ၄၈၄ ဘီလီယံတန် COVID-19 ဘဏ္ဍာရေး ထောက်ပံ့မှု အမေရိကန်အောက်လွှတ်တော် အတည်ပြု


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ လှူဒါန်းထောက်ပံ့မှုအစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယော​က်မြို့ အစိုးရဟာ ဟာလာ ထမင်းဘူး ၅ သိန်းလောက်ကို လိုအပ်နေသူတွေထံ ဝေငှသွားမယ်လို့ သိရပါတယ်။

ဒေါ်လာ ၄၈၄ ဘီလီယံတန် COVID-19 ဘဏ္ဍာရေး ထောက်ပံ့မှု အမေရိကန်အောက်လွှတ်တော် အတည်ပြု








Unicode

အမေရိကန်အထက်လွှတ်တော်ကအတည်ပြုပြီး လွှဲပေးထားတဲ့  ဒေါ်လာ ၄၈၄ ဘီလီယံ တန်ဖိုးရှိ COVID-19 ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်ကို အောက်လွှတ်တော်က ဧပြီ ၂၃ မှာ ထပ်မံ အတည်ပြု ပေးလိုက်တာမို့  သမ္မတက လက်မှတ်ရေးထိုးပေးဖို့ ကျန်ပါတော့တယ်။

 ဒီမိုကရတ်အမတ်တွေ ဦးဆောင်ထားတဲ့ အောက်လွှတ်တော်မှာ စတုတ္ထအကြိမ်မြောက် ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်ဖြစ်တဲ့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၃၈၈ ကန့်ကွက် မဲ ၅ မဲနဲ့ အများစုက အတည်ပြုပေးခဲ့တာပါ။

ဒါ့ကြောင့် စုစုပေါင်းအတည်ပြုပြီး ဘဏ္ဍာရေးကယ်ဆယ်ရေးအစီအစဉ်လေးခုရဲ့ တန်ဖိုးက ဒေါ်လာ ၃ ထရီလီယံနီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။

အခု ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်မှာတော့ ကပ်ဘေးကြောင့် ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတွေနဲ့ ဆေးရုံတွေကို ကူညီသွားဖို့ လျာထားတယ်ဆိုပါတယ်။

 လုပ်ငန်းငယ်လေးတွေကို ချေးငွေအစီအစဉ်နဲ့ ထုတ်ချေးပေးဖို့ ဒေါ်လာ ၃၁၀ ဘီလီယံဖြစ်ပြီး ဆေးရုံတွေက ဒေါ်လာ ၂၅ ဘီလီယံရပါမယ်။

၂၅ ဘီလီယံကတော့ COVID-19 စစ်ဆေးမှုတွေအတွက် သုံးမယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*