?>

အောင်ဆန်းကွင်းရှိ အဝေးပြေးကားဂိတ်များကို စစ်ကောင်စီက ၂ ရက် ထပ်တိုးပိတ်

 အောင်ဆန်းကွင်းရှိ အဝေးပြေးကားဂိတ်များကို စစ်ကောင်စီက ၂ ရက် ထပ်တိုးပိတ်


ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း အနီးရှိ ကုန်ပစ္စည်း လက်ခံပို့ဆောင်နေသည့် အဝေးပြေးကားဂိတ်များကို စစ်ကောင်စီတပ်က နှစ်ရက် ထပ်မံတိုးမြှင့် ပိတ်ပင်လိုက်ကြောင်း ကားဂိတ်တာဝန်ရှိသူများထံမှသိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း အနီးရှိ ကုန်ပစ္စည်း လက်ခံပို့ဆောင်နေသည့် အဝေးပြေးကားဂိတ်များကို စစ်ကောင်စီတပ်က နှစ်ရက် ထပ်မံတိုးမြှင့် ပိတ်ပင်လိုက်ကြောင်း ကားဂိတ်တာဝန်ရှိသူများထံမှသိရသည်။


ယခင်က အောင်ဆန်းကွင်းရှိ အဝေးပြေးကားဂိတ်များကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၈ ရက်အထိ သုံးရက်ပိတ်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်မှ ကြေညာခဲ့ခြင်းဖြစ်သည်။

“ အရင်က သုံးရက်ပိတ်မယ်ပြောထားတာ။ ဒီနေ့က ပြန်ဖွင့်ရမယ့်ရက်လေ။ ဒါပေမဲ့ မဖွင့်ဘဲ နောက်ထပ် နှစ်ရက်ထပ်ပိတ်တယ်ဆိုပြီး ကြားတယ်။ တနင်္လာနေ့ ပြန်ဖွင့်မယ့်သဘောပါ ” ဟု ကားဂိတ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ပိတ်ထားသည့်ရက်များအတွင်း ဂိတ်အတွင်းသို့ရောက်ရှိနေသည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းသိရပြီး ဂိတ်ပိတ်ထားခြင်းကြောင့် ကုန်ပစ္စည်း ထုတ်ယူမည့်သူများလည်း အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

“ အခုကတော့ တခြားမြို့တွေကိုပစ္စည်းပို့မယ်ဆို အောင်မင်္ဂလာကနေပဲ သွားပို့နေရတယ်။ အရင်က ပစ္စည်းတွေကိုတော့ အောင်ဆန်းကွင်းကနေပို့တာ။ သူက မြို့ထဲနေရာလည်းဖြစ်တယ်။ ကားဂိတ်တွေလည်း စုံတယ်။ သွားလာရလည်း လွယ်တယ်ဆိုတော့ အချိန်ကုန်သက်သာတယ်လေ။ အခု အောင်ဆန်းကွင်းကဂိတ်တွေ ပိတ်ထားတော့ တခြားဖွင့်တဲ့နေရာတွေကို ပတ်ပို့နေရတာ အချိန်ပိုကုန်တယ် ” ဟု ရန်ကုန်မှ နယ်မြို့များကို ကုန်ပစ္စည်းပို့ဆောင်ပေးနေသည့်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အောင်ဆန်းကွင်းအနီးဝန်းကျင်ရှိ ကားဂိတ်များကို စစ်ကောင်စီကမည်သည့်အကြောင်းကြောင့် ပိတ်ပင်ထားခြင်းဖြစ်သည်ကိုတော့ လက်ရှိအချိန်အထိမသိရှိရသေးပေ။

စစ်ကောင်စီတပ်သည် ရန်ကုန်မြို့တွင် လုံခြုံရေးအင်အားအများအပြား တိုးမြင့်ချထားကာ ဂုံးကျော်တံတားအောက်များတွင် ကားမရပ်ရန်ပိတ်ပင်ခြင်း၊ လူစည်ကားသည့် နေရာများတွင် အသွင်ယူထောက်လှမ်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများကို တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ရန်ကုန်မြို့အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ကြသူများနှင့် မြေအောက်တော်လှန်ရေးလှုပ်ရှားသူများကို ပိုက်စိပ်တိုက် ရှာဖွေနေမှုများကြောင့် ဖမ်းဆီးခံရသူများလည်း ရှိနေသည်။

****************************************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*