?>

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ မေ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ မေ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ မေ ၂၀၂၂ ) ကို တင်ပြအပ်ပါတယ်။

 
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမျိုးသားညီညွတ်ရေး အစိုးရ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ယခု သဘောထားကြေညာ ချက် ထုတ်ပြန်တဲ့ အချိန်အထိ ပြတ်ပြတ်သားသား ငြင်းပယ် ခဲ့ကြသည့် တိုင်း ရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို လေးစားအသိ အမှတ်ပြု မှတ်တမ်းတင်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

· ၊ဒုက္ခ ရောက်နေသည့် ပြည်သူများထံရောက်ရှိအောင် နည်းလမ်းပေါင်းစုံဖြင့်အတတ်နိုင်ဆုံး ထောက်ပံ့ ကူညီ ပေးလျှက် ရှိနေခြင်း ကုလသမဂ္ဂ အပါအဝင် အာဆီယံနှင့် နိုင်ငံတကာ၏ အကူအညီများ များစွာ လိုအပ် လျက်သည့်အကြောင်းများကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက် အထွေ ထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ် ဆယ်ရေး ဒုတိယညှိနှိုင်းရေးမှူး မစ္စ ဂျွိုက်စူရာနှင့်တွေ့ဆုံစဉ် ဆွေးခဲ့ ကြောင်းထုတ်ပြန်သည်။

· ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)နှင့် အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည် ပေးနေ ကြောင်း ဂျာမဏီ အထက်လွှတ်တာ် ဥက္ကဋ္ဌ Sgd. Bado Ramelow နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Sgd. Barbel Bas တို့က CRPH ထံကို စာရေးသားပေးပို့ ပြောကြားသည်။

· အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) အတွက် မင်းအောင်လှိုင်၏ အင်းလျားလမ်း ခြံအမှတ် ၁၄ ကို အစုရှယ်ယာ ရောင်းချခဲ့ရာတွင် ၄၈ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁ သန်းကျော်ဖိုး ရောင်းချခဲ့ရ ကြောင်း EOD ပရိုဂရမ်က သတင်းထုတ်ပြန်သည်။

· နိုင်ငံရေး၊ စစ်ရေး အပါအဝင်အဘက်ဘက်က အကြပ်အတည်းဆိုက်ပြီး ဆက်လက်ရပ်တည်ရန် ခက်ခဲနေ သော စစ်အုပ်စုသည် ငြိမ်းချမ်းရေးအကြောင်းပြပြီး ဖိတ်ခေါ်ခြင်းသည် သူတို့၏အခက်အခဲကို ယာယီဖြေ ရှင်းရန်သာဖြစ်ကြောင်းအမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC) ထုတ်ပြန် လိုက်သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေသည့် မင်းအောင်လှိုင်စစ်တပ်၏ ဝင်ငွေ ရေနံနှင့်ဓာတ်ငွေ့ အခွန်များ ပိတ်ဆို့ရေး အမေရိကန်သမ္မတထံ အရပ်ဘက်အဖွဲ့ ၆၂၆ ဖွဲ့နှင့် ပြည်သူ ၂ သိန်း ၂ သောင်းက အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

· မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ချက်ကန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ခန့်ကို Young Revolution Front - YRF က မေလ ၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ခုခံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၀ ခန့်သေဆုံးနိုင်ပြီး YRF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

· မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များအားလုံးကို တားမြစ်ထုတ်ကုန်များအဖြစ် ဂန့်ဂေါမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်လိုက်ပြီး ဂန့်ဂေါ-ကလေးလမ်းပိုင်းကိုလည်း PDF တပ်များက ထိန်းချုပ် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် ကင်းထောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယမန်နေ့ မေလ ၆ ရက် နံနက် ၈ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

· မကွေးတိုင်း ဇီးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ဦးမြင့်သိန်းကို ပစ်သတ်ကာ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

· စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့ခဲ့သည့် ကျေးရွာများရှိ ပြည်သူများကို တော်လှန်လူငယ်များက ဦးဆောင်ကာ ယနေ့ မတ်လ ၇ ရက်နေ့တွင် ဆန်၊ ဆီ၊ ဆား၊ ကြက် သွန်နှင့် စားသောက် ကုန် ပစ္စည်းအမျိုးမျိုး၊ အဝတ်အစားများနှင့် ငွေကြေးများ အပါအဝင် အထောက် အပံ့များကို ပြည်သူမှ ပြည်သူသို့ ကမ်ပိန်း လှုပ်ရှား မှုဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

· ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အား ကောင်းကောင်းဖြင့် ၄၂၃ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု မေ ၇ ရက်တွင် ပြုလုပ်ခဲ့သည်။

· အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဆားလင်းကြီးမြို့နယ်မှ သူရဲကောင်း ရဲဘော် ၅ ဦး ကျဆုံးခြင်းအထိမ်းအမှတ် ယနေ့ မေလ ၇ ရက်တွင် ပြုလုပ်ခဲ့ပြီး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်မှ ချီတက်အလေးပြုခဲ့ကြသည်။

· စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားစဉ် မိုင်းမိ၍ ဒဏ်ရာရရှိသော အတွင်းလူန စစ်သား ၄ ဦးကို မြောင်မြို့နယ် ဆေးရုံမှ မုံရွာမြို့ရှိ ဆေးရုံသို့ ပို့ ဆောင်ပြီး ပြန်လာသည့် စစ်ကြောင်းသည် PDF များထောင် ထားသော ထောက် ချောက်မိ၍ ကားတိမ်းမှောက်သွားကြောင်း သိရှိရသည်။

· ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ မေ လ ၇ ရက်နေ့၌ ဖားကန့်လူထု သပိတ် ၁ နှစ် ၃ လ ပြည့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ကျောင်းသား ၊ဆရာ ၊ မိဘ ၊ ပြည်သူ အင်အား ၁၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြသည်။

· ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်တပ်ထောက်ခံသော ကချင် ဒီမိုကရေစီ သစ်တပ်မတော် (NDAK) ပြည်သူ့ စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း နေအိမ်ကို မြစ်ကြီးနား မြို့ပြ ပျောက်ကျား တပ်ဖွဲ့က ၄ဝ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးအစောင့် ၂ ဦးသေဆုံးကြောင်း သိရှိရသည်။

· ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ရှော့ခ်တိုက်ဒုန်းဖြင့် ပစ်ခတ်မှု တစ်ခု ယမန်နေ့ ညပိုင်းဖြစ်ပွားခဲ့ပြီး လူနေအိမ်ပေါ်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ရှမ်းပြည်နယ်၊ကာလိမြို့ ၊ လွယ်တိုင်းလိဒေသ ( ယခင် SSA တပ်မဟာ ၇) တွင် ဖွင့်လှစ်ထားသည့် ရှမ်းကွန်မြူနတီကောလိပ် (Shan community college)၏ ပထမအကြိမ် ဘွဲနှင်းသဘင် အခမ်းအနားကို မေလ (၇)ရက်မနက်ပိုင်း၌ ကျင်းပခဲ့သည်။

· အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုး သားတိုးတက်ရေးပါတီ (CNF) တို့က စစ်ကောင်စီခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်ကို ပယ်ချ လိုက်သည်။

· မွန်ပြည်နယ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသတွင် ကျင်းပခဲ့သော မွန်အမျိုး သားညီလာခံတွင် မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ၆ လအတွင်း အပြီးရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

· ချင်းပြည်နယ်၊ မတူပီမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းနှင့် ယနေ့နံနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အသေအဆုံးများနိုင် သော်လည်း အရေအတွက်ကို မသိရှိနိုင်သေးဟု CDF မင်းတပ် ပြောခွင့်ရှိသူထံမှ သိရှိရသည်။

စစ်ကောင်စီ

· မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. Watanabe Hideo နှင့် စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် မေလ ၆ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

· သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီး မြှုပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ၌ ၈၉ ခု ယာယီရပ်ဆိုင်းခဲ့ရာမှ လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီတို့ ၏ စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီစုစုပေါင်း၈၂ ခုမှ လုပ်ငန်းလည်ပတ်ရပြီး ကျန်ရှိကုမ္ပဏီများ အနေ ဖြင့်လည်း မကြာမီ ပြန်လည် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဌာနက ဖော်ပြရေးသားလာသည်။

· ဗဟိုဘဏ်ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြား ချက်များအား လိုက်နာခြင်းမရှိခဲ့သော ပို့ကုန်လုပ်ငန်းဆောင် ရွက်ခဲ့သည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်များ ပိတ်သိမ်းလျက်ရှိသည်ဟု စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန် ကြေညာခဲ့သည်။

· ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား စစ်ကောင်စီ ပြန်ကြားရေးဝန် ကြီးဌာနမှ ဝိုင်းဝန်းကူညီဖြေရှင်းပေးသွားမည်ဟု ဆိုသည်။

· နိုင်ငံတကာသင်ရိုးဖြင့်သင်ကြားနေသော နိုင်ငံတကာကျောင်းများနှင့် ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ အစိုး ရအခြေခံပညာကျောင်းများကို ပြောင်းလိုသည့် ကျောင်းသားအားလုံး ဝင်ခွင့်ဖြေဆိုရမှာဖြစ်ပြီး စစ်ကောင်စီ သတ်မှတ် သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို ဖြေဆိုရန်လျှောက် လွှာ များခေါ်ယူထား ကြောင်း အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်သည်။

· အကြမ်းဖက် ရာဇဝတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်မိတ်ဆက်ခဲ့သည့် MRTV Application နှင့် Website ကို မည်သည့်အဖွဲ့အစည်းကမှ ဖြုတ်ချနိုင်ခြင်းမရှိဘဲ ပြင်ဆင်ဆောင်ရွက် နေသဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လွှင့်မှု ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်သည်။

မေ ၇ ရက် သုံးသပ်ချက်

· စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှမတက်ရောက်ကြောင်း အသီးသီးတုံ့ပြန်ကြပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကလည်း ယင်းဖိတ်ခေါ်မှုသည် အတုယောင်ဖြစ်ပြီး အကျပ်အတည်းဖြေရှင်းရန် ယာယီသာဖြစ်ကြောင်း ပြောဆိုထားသည်။

· စစ်ကောင်စီမှ ပြီးခဲ့သည့်ရက်ပိုင်းကစ၍ စစ်ကိုင်းတိုင်းကို ပြန်လည်ထိုးစစ်ဆင်ခဲ့သော်လည်း တင်တိုင်း မပေါက်ဘဲ အထိနာနေသည်။ယင်းကြောင့် စစ်တပ်၏ အမူအကျင့်အတိုင်း ရွာများကို မီးရှို့ဖျက်ဆီးကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေကြသည်။

· အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရန်ကုန်မြို့ကနေအိမ်ကို NUG မှလေလံတင်ရာ ၄၈ နာရီ အတွင်း အမေရိကန်ဒေါ်လာ ၁ သန်းဖိုးရောင်းရသည်ကို ကြည့်ခြင်းဖြင့် ပြည်သူလူထု၏ စစ်အာဏာရှင် အပေါ် နာကြည်းနေမှုကို တွေ့မြင်ရသည်။


****************************************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*