?>

ပြင်သစ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်သွားဖို့ ဘင်္ဂလားဒေ့ရှ် မှာ လူပေါင်းသောင်း နဲ့ချီ ချီတက်ဆန္ဒပြ

ပြင်သစ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်သွားဖို့ ဘင်္ဂလားဒေ့ရှ်  မှာ လူပေါင်းသောင်း  နဲ့ချီ ချီတက်ဆန္ဒပြ

တမန်တော်မုဟမ္မဒ် (ဆွ) ပုံသရော်ကာတွန်းရုပ်ပုံရေးဆွဲမှုတွေအပေါ် ပြင်သစ်သမ္မတမာခရွန်ရဲ့ ကာကွယ်မှုနဲ့ပတ်သက်ပြီး မွတ်စလင်ကမ္ဘာမှာဒေါသထွက်မှုတွေမြင့်တက်လာနေသလို ဘင်္ဂလားဒေ့ရှ်မြို့တော်မှာ သောင်းနဲ့ချီတဲ့ဆန္ဒပြသူတွေက ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်သွားဖို့ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

တမန်တော်မုဟမ္မဒ်  (ဆွ)  ပုံသရော်ကာတွန်းရုပ်ပုံရေးဆွဲမှုတွေအပေါ် ပြင်သစ်သမ္မတမာခရွန်ရဲ့ ကာကွယ်မှုနဲ့ပတ်သက်ပြီး မွတ်စလင် ကမ္ဘာမှာဒေါသထွက် မှုတွေမြင့် တက်လာနေ သလို ဘင်္ဂလားဒေ့ရှ်မြို့တော်မှာ သောင်းနဲ့ချီတဲ့ဆန္ဒပြသူတွေက ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်သွားဖို့ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။


အင်္ဂါနေ့က ဒါးကမြို့မှာ ချီတက်ဆန္ဒပြမှုအတွင်း ဆန္ဒပြသူတွေက မာခရွန်ရဲ့ပုံတူရုပ်ထုကိုမီးရှို့ခဲ့ကြပြီး ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့နဲ့ အစ္စလာမ်မုန်းတီးရေး မှတ်ချက်ပြုခဲ့တဲ့အတွက် ပြင်သစ်ခေါင်းဆောင်ကို အရေးယူသွားဖို့တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အစ္စလာမီအန်ဒိုလန်ဘင်္ဂလားဒေ့ရှ်(IAB)ပါတီက ဦးဆောင်ခဲ့တဲ့ ချီတက် ဆန္ဒပြမှုကို ခန့်မှန်းခြေလူပေါင်း၎သောင်းကျော် ပါဝင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကခန့်မှန်းထားပါတယ်။


မွတ်စလင်တွေကို ခွဲထွက်ရေးဝါဒီတွေလို့စွပ်စွဲပြီး အစ္စလာမ်ဟာ ကမ္ဘာတစ်ဝန်းလုံးမှာကပ်ဆိုက်တဲ့အခြေအနေထဲ ကျရောက်နေတဲ့ဘာသာတရားလို့ ပြောဆိုခဲ့တဲ့အတွက် မာခရွန်ကို မွတ်စလင်ကမ္ဘာတစ်ဝန်းလုံးက ဒေါသထွက်နေကြတာဖြစ်ပါတယ်။

လွတ်လပ်စွာပြောဆိုမှုဆိုတဲ့ဆွေးနွေးပွဲစာသင်ခန်းအတွင်း တမန်တော်မြတ် (ဆွ) ရုပ်ပုံသရော်ကာတွန်းတွေ ရေးဆွဲထားတာကို ကျောင်းသားတွေကိုပြသခဲ့မှုအတွက် အသတ်ခံခဲ့ရတဲ့ အလယ်တန်းပြဆရာဆင်မြူရယ်ပတီရဲ့ဖြစ်ရပ်ပြီးနောက် တင်းမာမှုတွေ အရှိန်မြင့်ဖြစ်ပေါ်လာနေခဲ့တာဖြစ်ပါတယ်။ မာခရွန်က ပတီသတ်ဖြတ်ခံ ခဲ့ရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရှုတ်ချပြောဆိုခဲ့သလို တမန်တော်မြတ် ပုံသရော်ကာတွန်းရေးဆွဲမှုတွေ ကိုတော့ ကာကွယ်ပြောကြားခဲ့တာဖြစ်ပါတယ်။


အဲဒီကတည်းကမာခရွန်ရဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီး ဒေါသထွက်မှုတွေ ဝေဖန်မှုတွေထွက်ပေါ်လာနေခဲ့တာဖြစ်သလို မွတ်စလင်နိုင်ငံတစ်ချို့မှာရှိတဲ့ ပြင်သစ်သံတမန်တွေကို နှင်ထုတ်ဖို့ နဲ့ ပြင်သစ်ကုန်ပစ္စည်းတွေကိုသပိတ်မှောက်သွားဖို့ တောင်းဆိုမှုတွေမြင့်တက်လာနေခဲ့ပါတယ်။ “မာခရွန်ဟာ မာရ်နတ်ကို ကိုးကွယ်တဲ့ ခေါင်းဆောင် တစ်ချို့ထဲကတစ်ယောက်ဖြစ်ပါတယ်” လို့ စီနီယာ IAB ခေါင်းဆောင် အတူရ်ရာဟ်မာန်က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြင်သစ်သံအမတ်ကိုနှင်ထုတ်ဖို့ ရာဟ်မာန်ကတောင်းဆိုခဲ့သလို သံအမတ်ကိုနှင်မထုတ်ဘူးဆိုရင် အဲဒီသံရုံးကိုဖျက်ဆီးဖြိုချရလိမ့်မယ်လို့ နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာဆန်ဂျမဲလ်ကပြောကြားခဲ့ပါတယ်။ ဒီချီတက်ဆန္ဒပြမှုဟာ ဒါးကမြို့ကပြင်သစ်သံရုံးဆီမရောက်ခင် ရပ်တန့်ခဲ့ကြပါတယ်။  ရာနဲ့ချီတဲ့ရဲအရာရှိတွေက ငြိမ်းချမ်းစွာချီတက် ဆန္ဒပြလာကြတဲ့ ဆန္ဒပြသူတွေကိုတားဆီးဖို့ သံဆူးကြိုးတွေချထားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Thousands rally in Bangladesh calling for boycott of French goods” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

**************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*