?>

ပြည်နယ်ရှေ့နေ ချုပ် ကို ကျန်းမာရေး ဝန်ကြီး အဖြစ် နာမည် တင်သွင်း ရန် ဂျိုးဘိုင် ဒင်စီစဉ်

ပြည်နယ်ရှေ့နေ ချုပ် ကို ကျန်းမာရေး ဝန်ကြီး အဖြစ် နာမည် တင်သွင်း ရန် ဂျိုးဘိုင် ဒင်စီစဉ်


အမေရိကန်ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ရှာဘီးယား ဘေဆေရာကို ကျန်းမာရေးနဲ့လူမှုဝန်ထမ်းဝန်ကြီးအဖြစ် နာမည်စာရင်းသွင်းဖို့ စီစဉ်နေကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ရှာဘီးယား ဘေဆေရာကို ကျန်းမာရေးနဲ့လူမှုဝန်ထမ်းဝန်ကြီးအဖြစ် နာမည်စာရင်းသွင်းဖို့ စီစဉ်နေကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

 အောက်လွှတ်တော်အမတ်ဟောင်း ဘေဆေရာဟာ ကျန်းမာရေးဌာနကို ဦးဆောင်မှာပါ။

 လောလောဆယ် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်ခံ လူဦးရေ စံချိန်တင် မြင့်တက်နေပြီး ကူးစက်ခံ သေဆုံးသူလည်း နေ့တိုင်း ၂၀၀၀ ကျော်နေလို့ အခြေအနေကို ကိုင်တွယ်နိုင်ဖို့ ရုန်းကန်ရင်ဆိုင်နေရပါတယ်။

 နိုင်ငံသားတွေကို ဗိုင်းရပ်စ်ရန်ကနေ ကာကွယ်ဆေး ထိုးပေးဖို့ အကြီးအကျယ် အားထုတ် ပြင်ဆင်နေရပါတယ်။

 ဒီဇင်ဘာ ၆ ရက်ထိ ကူးစက်ခံ သေဆုံးသူဦးရေ ၂၈၁,၀၀၀ ကျော်နေပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*