?>

မြန်မာ့ အရေး ကုလ လုံခြုံရေး ကောင်စီ အလွတ် သဘော ဆွေးနွေးပွဲ ကျင်းပ

 မြန်မာ့ အရေး ကုလ လုံခြုံရေး ကောင်စီ အလွတ် သဘော ဆွေးနွေးပွဲ ကျင်းပ



မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲတစ်ခုကို ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ ကိုဗစ်အခြေအနေသည် သေရေးရှင်ရေးတမျှ အရေးကြီးနေကြောင်း သတိပေးသွားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘော ဆွေးနွေးပွဲတစ်ခုကို ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ ကိုဗစ်အခြေအနေသည် သေရေးရှင်ရေးတမျှ အရေးကြီးနေကြောင်း သတိပေးသွားခဲ့သည်။

ရှေ့လာမည့် နှစ်ပတ်အတွင်း မြန်မာ့လူဦးရေ ၅၄ သန်း၏ တစ်ဝက်ခန့်သည် ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ကြောင်း ဗြိတိန်နိုင်ငံက အဆိုပါ ကုလလုံခြုံရေးကောင်စီ အစည်းအဝေး၌ သတိပေးသွားခဲ့သည်။

မြန်မာတွင် ဖေဖေါ်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် မနားတမ်း တက်ထားခဲ့သည့် သေရေးရှင်ရေးတမျှဖြစ်နေသော ကိုဗစ် အခြေအနေအပေါ် တုံ့ပြန်ရေးနှင့်ပတ်သက်ပြီး အဆိုပါ လုံခြုံရေးကောင်စီ အစည်းအဝေးကို ယူကေက ဦးဆောင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ဘေးကင်းစွာ ဖြန့်ချိပေးပို့နိုင်ခွင့်အတွက် ပဋိပက္ခဇုန်များ၌ အပစ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက် ၂၅၆၅ ကို မြန်မာနိုင်ငံတွင် ‌လေးစားလိုက်နာမှု ရှိရေး လုပ်ဆောင်ရန် ဗြိတိန်က လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့သည်။

“ဒါကို ဘယ်လို အကောင်အထည် ဖော်သွားရမလဲ ဆိုတာနဲ့ပတ်သက်လို့ ကျွန်မတို့ စဉ်းစားဖို့ အရေးကြီးပါတယ်” ဟု ဗြိတိန်သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝါ့ဒ်က ပြောခဲ့သည်။

မြန်မာနိုင်ငံသည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဝရုန်းသုန်းကား အခြေအနေတွင် ကျ‌‌ရောက်နေခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်အမှုထမ်း အများအပြား လုပ်ငန်းခွင်ကနေထွက်ခွာထားကြပြီးနောက် ယခုအခါ  ဆေးရုံ အများအပြားသည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပိုင်း မြင့်တက်နေမှုကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

ကုလ၏ ခန့်မှန်းချက်များအရ မြန်မာ့ ကျန်းမာ‌ရေး‌ စောင့်ရှောက်မှု အထောက်အပံ့ လုပ်ငန်း ၄၀ ရာခိုင်နှုန်းသာ လည်ပတ်နေနိုင်ဆဲ ဖြစ်ကြောင်း သိရသည်။

ကုလ၏ ခန့်မှန်းချက်အရ မြန်မာအာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့များသည် ကျန်းမာရေး အမှုထမ်းများနှင့် အထောက်အပံ့လုပ်ငန်းအ‌ဆောက်အအုံများအပေါ် တိုက်ခိုက်မှုပေါင်း ၂၆၀ ထက်မနည်း လုပ်ဆောင်ထားခဲ့ပြီး ဆေးဘက်ဆိုင်ရာ အမှုထမ်း ၆၇ ဦးထက်မနည်းကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။

“နိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ လှိုင်းသစ်တစ်ခုက တောမီးသဖွယ် ပျံ့နှံ့ကူးစက်နေပါတယ်၊ ဒီအချိန်မှာ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ကိုဗစ်-၁၉ ကို လက်နက်သဖွယ် အသုံးပြုနေပါတယ်၊ ဒီအတိုင်းဆိုရင် ကံဆိုးစွာနဲ့ နောက်ထပ် လူ့အသက် ဆုံးရှုံးမှုတွေကို ထပ်ဖြစ်စေပါလိမ့်မယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆူဆန်နာလှလှစိုးက ပြောသွားခဲ့သည်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*