?>

မြန်မာပြည် စစ်ကျွန် လက်အောက် မှလွတ်မြောက် ရေး ဝါရှင်တန်တွင် Milk Tea Alliance ဆန္ဒပြ

 မြန်မာပြည် စစ်ကျွန် လက်အောက် မှလွတ်မြောက် ရေး ဝါရှင်တန်တွင် Milk Tea Alliance ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ Milk Tea Alliance မဟာမိတ် အဖွဲ့က မြန်မာပြည်စစ်ကျွန်လက်အောက်က လွတ်လပ်ရေးရဖို့အတွက် စုရုံးဆန္ဒထုတ်ဖော်ပွဲနဲ့ ချီတက်ပွဲကို ဧပြီ ၂၄ ရက်က ပြုလုပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ Milk Tea Alliance မဟာမိတ် အဖွဲ့က မြန်မာပြည်စစ်ကျွန်လက်အောက်က လွတ်လပ်ရေးရဖို့အတွက် စုရုံးဆန္ဒထုတ်ဖော်ပွဲနဲ့ ချီတက်ပွဲကို ဧပြီ ၂၄ ရက်က ပြုလုပ်ပါတယ်။

 စုရုံးဆန္ဒထုတ်ဖော်ပွဲနဲ့ ချီတက်ဆန္ဒပြပွဲကို နယူးယောက်နဲ့ ဝါရှင်တန်ဒီစီ ဒေသမှာရှိတဲ့ နိုင်ငံပေါင်းစုံကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့က ပူးပေါင်းပြီး ပြုလုပ်တာဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီမြို့ခံ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အစည်း ၃ ခုဖြစ်တဲ့ Chin Community of USA, Inc.- D.C Area ၊ Anti Dictatorship in Burma - DC Metro Area နဲ့  Freedom Justice Equality for Myanmar  အဖွဲ့တွေ ပူးပေါင်းစီစဉ်ကြတာလည်းဖြစ်ပါတယ်။

မနေ့မွန်းလွဲ ၂ နာရီလောက်က  Washington Monument မှာ စတင်စုရုံးပြီး ၃ နာရီကျော်မှာ မြန်မာသံရုံးတွေရှိရာဆီကို ကြွေးကြော်သံတွေ ဟစ်ကြွေး ချီတက်ဆန္ဒပြကြကာ တရုတ်သံရုံးမှာ အဆုံးသတ်ပါတယ်။

 ဒီမိုကရေစီရေးစုပေါင်းတောင်းဆိုလှုပ်ရှားကြတဲ့ Milk Tea Alliance အဖွဲ့မှာ မြန်၊ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တိဘက် စတဲ့ နိုင်ငံတွေအပြင်  တရုတ်တော်လှန်ရေးအဖွဲ့တွေလည်း  မိတ်ဖက်အဖွဲ့အစည်းတွေအဖြစ် ပူးပေါင်းပါဝင်ပါတယ်။


*****************************************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*