?>

မြန်မာ စစ်တပ်ရဲ့ ကြွယ်ဝမှု နောက်ကွက်က ကျောက်စိမ်း နဲ့ပတ္တမြား လုပ်ငန်း

မြန်မာ စစ်တပ်ရဲ့ ကြွယ်ဝမှု နောက်ကွက်က ကျောက်စိမ်း နဲ့ပတ္တမြား လုပ်ငန်း

ကျောက်မိုင်းတွင်းလုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ ရေနံလုပ်ငန်းတွေ စိုက်ပျိုးမွေးမြူရေး ခရီးသွားလုပ်ငန်းတွေနဲ့ မြန်မာစစ်အစိုးရဟာ နိုင်ငံရဲ့စီးပွားရေးလမ်းကြောင်းမှာ အကျိုးစီးပွားအများအပြား ပတ်သက်မှုတွေရှိနေပြီး ငွေကြေးအမြောက်အများအကျိုးအမြတ်ရရှိနေပါတယ်။ ဒါကို အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျောက်မိုင်းတွင်းလုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ ရေနံလုပ်ငန်းတွေ စိုက်ပျိုးမွေးမြူရေး ခရီးသွားလုပ်ငန်းတွေနဲ့ မြန်မာစစ်အစိုးရဟာ နိုင်ငံရဲ့စီးပွားရေးလမ်းကြောင်းမှာ အကျိုးစီးပွားအများအပြား ပတ်သက်မှုတွေရှိနေပြီး ငွေကြေးအမြောက်အများအကျိုးအမြတ်ရရှိနေပါတယ်။ ဒါကို အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။


ပြီးခဲ့တဲ့အပတ်က အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချပြီး စစ်အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံတကာကနေအရေးယူအပြစ်ပေးမှုတွေလုပ်ဆောင်သွားဖို့ တောင်းဆိုမှုတွေမြင့် တက် လာနေခဲ့ပါ တယ်။ ကြာသာပတေးနေ့မှာတော့ နိုင်ငံရဲ့ထိပ်တန်းစစ်ခေါင်းဆောင်တွေနဲ့ ကုမ္ပဏီလုပ်ငန်းတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်လိုက်ပါတယ်။


အမေရိကန်မှာရှိတဲ့ ဒေါ်လာ၁ဘီလီယံကို မြန်မာစစ်ခေါင်းဆောင်တွေတလွဲအသုံးမပြုနိုင်စေဖို့ သူ့အစိုးရအဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သမ္မတဂျိုးဘိုင်ဒန်ကပြောကြားခဲ့သလို အမေရိကန် ဘဏ္ဍာရေးဌာနရုံး ကလည်း ဖေဖေါ်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှုမှာပါဝင်တဲ့တာဝန်ရှိသူ လက်ရှိတာဝန်ထမ်းဆောင်နေသူစစ်ဘက်တာဝန်ရှိသူတွေနဲ့ အငြိမ်းစားစစ်ဘက်တာဝန်ရှိသူ စုစုပေါင်း ၁၀ဦး ကိုအမေရိကန်နဲ့ပတ်သက်တဲ့အရောင်းအဝယ်လုပ်ငန်းတွေလုပ်ဆောင်နိုင်ခြင်းမရှိအောင် ထိန်းချုပ်ပိတ်ပင်မှုတွေလုပ်ဆောင်လိုက်ပါတယ်။


ဒါပေမယ့်လည်းစစ်ခေါင်းဆောင်တွေဟာ သူတို့နောက်ကွယ်မှာရှိတဲ့ စီးပွားရေးကော်ပိုရေးရှင်းလုပ်ငန်းတွေကနေ ကြွယ်ဝမှုအမြောက်အများရရှိနေသေးတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ကြပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးကော်ပိုရေးရှင်းလုပ်ငန်းစုကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ(MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) တို့ကနေ နိုင်ငံတွင်း ကုမ္ပဏီ ၁၃၃ ခုထက်မနည်း စစ်ဗိုလ်ချုပ်တွေက တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း အပြည့်အဝသော်လည်းကောင်း စီမံကွပ်ကဲနေကြောင်း Justice For Myanmar(JFM) ရဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။


ဒီလျှို့ဝှက်အဖွဲ့တွေဟာ ဘီယာလုပ်ငန်း ဆေးရွက်ကြီးလုပ်ငန်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း အဝတ်အထည်လုပ်ငန်း ခရီးသွားလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ စတဲ့အမျိုးမျိုးသောလုပ်ငန်းနယ်ပယ်တွေမှာ ပတ်သက်ဆက်နွယ်မှုတွေရှိထားကြပါတယ်။ အကျိုးအမြတ်အများဆုံးကတော့ စစ်တပ်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေဖြစ်တဲ့ ကျောက်စိမ်းနဲ့ပတ္တမြား ကုန်သွယ်မှုပဲဖြစ်ပါတယ်။ မြန်မာဟာ ကမ္ဘာပေါ်မှာကျောက်စိမ်းအများဆုံးထွက်ရှိတဲ့နိုင်ငံဖြစ်ပြီး တစ်နှစ်ကို ခန့်မှန်းခြေဒေါ်လာဘီလီယံနဲ့ချီတန်ကြေးရှိတဲ့ကုန်သွယ်မှုတွေရှိပေမယ့်လည်း နိုင်ငံရဲ့ဘဏ္ဍာတိုက်ထဲကို အနည်းငယ်သော အကျိုးအမြတ် သာရောက်ပါတယ်။ အရည်အသွေးမြင့်ကျောက်စိမ်းတွေဟာ နယ်စပ်ကနေတရုတ်နိုင်ငံထဲမှောင်ခို သွင်းနေတယ်လို့ယုံကြည်ရပါတယ်။


၂၀၁၁ခုနှစ်ကတည်းက ကျောက်စိမ်းလုပ်ငန်းတွေကို စစ်ဗိုလ်ချုပ်တွေ မိုးယစ်ရာဇာတွေနဲ့ သူတို့ရဲ့ခရိုနီကွန်ရက်တွေက ထိန်းချုပ်ထားခဲ့ကြောင်း NGO Global Witness ကဖော်ပြခဲ့ပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်(MEHL) က  ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင်အရေအတွက်အများဆုံးကိုင်ထားကြောင်း သီးခြားဖော်ပြထားပါတယ်။ Myanmar Imperial Jade ကုမ္ပဏီဟာ ကြာသာပတေးနေ့က အမေရိကန်အရေးယူပိတ်ဆို့လိုက်တဲ့ ကျောက်မျက်ကုမ္ပဏီကြီးသုံးခုထဲကတစ်ခုဖြစ်ပါတယ်။ MEHL ဟာ တရုတ် ဂျပန် တောင်ကိုရီးယား စင်္ကာပူက ကုမ္ပဏီတွေနဲ့ လက်တွဲပြီး လုပ်ငန်းထူထောင်ထားပါတယ်။ MEHLဟာ လက်ရှိနဲ့အငြိမ်းစားစစ်ဘက်က ရှယ်ယာရှင်တွေနဲ့ကြွယ်ဝချမ်းသာနေတာဖြစ်ပါတယ်။ ၁၉၉၀ကနေ ၂၀၁၁ခုနှစ်အတွင်း သူတို့တွေဟာဒေါ်လာ ၁၈ဘီလီယံခန့်ရရှိခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာအစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။


စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီလုပ်ငန်းစုကြီးရဲ့အဓိကရှယ်ယာရှင်တွေက တစ်ယောက်ဖြစ်ပြီး ၂၀၁၁ခုနှစ်တစ်နှစ်တည်းမှာတင် MEHL ကနေ ဒေါ်လာ၂သိန်း၅သောင်း ရရှိခဲ့ကြောင်း အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ “ရာစုနှစ်တစ်ဝက်နီးပါးအုပ်ချုပ်ခဲ့တဲ့ စစ်တပ်ထိပ်တန်းတာဝန်ရှိသူတွေဟာ သူတို့ဘာသာကြွယ်ဝမှုတွေရရှိအောင်လုပ်ဖို့အချိန်ရခဲ့တယ်” လို့နိုင်ငံတကာဆက်ဆံရေးဆိုင်ရာပြင်သစ်အင်စတီကျူ့ရဲ့ အာရှဒါရိုက်တာ ဖရန်ကိုနီကိုလက်စ်က ပြောကြားခဲ့ပါတယ်။ အရပ်သားတစ်ဝက်အုပ်ချုပ်တဲ့ ၂၀၁၁ - ၂၁ ခုနှစ်ကြားမှာတော့ အနည်းငယ်သာပြောင်းလဲခဲ့ပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာမှာ ဒေါ်စုရဲ့ပါတီသောင်ပြိုကမ်းပြိုထပ်မံအနိုင်ရခဲ့ပြီးနောက် သူတို့ရဲ့အနာဂတ်အကျိုးအလားအလာတွေအတွက် စစ်တပ်ကစိုးရိမ်ပူပန်ခဲ့ဖွယ်ရှိကြောင်း နီကိုလက်စ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒါဟာသူတိုရဲ့ကြွယ်ဝမှုတွေအတွက်အန္တရာယ်ရှိနိုင်တယ်ဆိုပြီး အစိုးရကိုဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ကြောင်း သူမကဆိုပါတယ်။ စစ်အာဏာသိမ်းယူမှုနဲ့အတူ စစ်တပ်ဟာနိုင်ငံရဲ့ကုမ္ပဏီတွေကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ အခုတော့ ပြင်သစ်ရဲ့ Total နဲ့ အမေရိကန် Chevron တို့နဲ့လက်တွဲထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို စီမံထိန်းချုပ်နေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးဟာ သဘာဝဓာတ်ငွေ့ရောင်းချမှုကနေ နှစ်စဉ် ဒေါ်လာ ၁ဘီလီယံနီးပါး အကျိုးအမြတ်ရနေတဲ့ အရေးပါတဲ့လုပ်ငန်းကြီးတစ်ခုပဲဖြစ်ပါတယ်။


ဂျပန်ဘီယာကုမ္ပဏီ Kirin နဲ့ စင်္ကာပူအခြေစိုက်ရေနံကုမ္ပဏီ Puma တို့ဟာ နိုင်ငံတွင်းကသူတို့ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်နေကြောင်း ကြေငြာခဲ့တဲ့ နိုင်ငံရပ်ခြားကော်ပိုရေးရှင်းတွေပဲဖြစ်ပါတယ်။ MEHL အစား လက်တွဲဖော်အသစ်ကိုရှာဖွေသွားမယ်လို့ Kirin ကပြောကြားခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာ မြန်မာအစိုးရကို ဒေါ်လာ ၂၅၇သန်းပေးအပ်ခဲ့တဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းကိုလုပ်ကိုင်နေတဲ့ Total က စစ်အာဏာသိမ်းယူမှုရဲ့သက်ရောက်မှုတွေကို ချင့်တွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ်ကမ်းလွန်သဘာဝဓာတ်ငွေ့ပရောဂျက်မှာ Total နဲ့ ရှယ်ယာပါဝင်ထားတဲ့ သြစတြေးလျ Woodside ကတော့ အခြေအနေကိုစီစစ်စစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။


မြန်မာစစ်ဗိုလ်ချုပ်တွေပိုမိုအကျပ်ရိုက်စေဖို့ ပိုမိုထိရောက်တဲ့အပြစ်ဒဏ်ခတ်မှုတွေလုပ်ဆောင်သွားဖို့ လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာဖယ်ဒရေးရှင်းက ဒက်ဘီစတော့ဟာ့ဒ်ကတိုက်တွန်းပြောကြား ခဲ့ပါတယ်။ နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ လက်ရှိအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေနဲ့ ပူးတွဲလုပ်ဆောင်ထားတဲ့လုပ်ငန်းတွေကိုဖျက်သိမ်းသွားဖို့ တိုက်တွန်းပြောကြားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံ့မှုအကြီးမားဆုံးဖြစ်တဲ့ စင်္ကာပူက အဓိကသော့ချက်ဖြစ်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။


“၂၀၀၀ခုနှစ် နှစ်လည်ကတည်းက မြန်မာစစ်ဘက်ထိပ်တန်းတာဝန်ရှိသူတစ်ချို့ဟာ စင်္ကာပူမှာ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုအများအပြားနဲ့ ဘဏ်အကောင့်တွေရှိထားပါတယ်။ လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းအရှိန်မြင့်လာနေခဲ့တာကြောင့် စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဆန့်ကျင်တာတွေလုပ်ဖို့ အင်အားရှိပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ တုံ့ပြန်ဆောင်ရွက်မှုတွေအလျင်အမြန်လုပ်ဆောင်သွားဖို့ Justice For Myanmar က ရတနာမောင်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ “တိကျထိရောက်တဲ့လုပ်ရပ်တွေအခုမလုပ်ဘူးဆိုရင် စစ်တပ်က လူတွေကြားအကြမ်းဖက်မှုပဋိပက္ခတွေနဲ့ ဒုက္ခပေးပါလိမ့်မယ် ဒီမိုကရေစီအခွင့်အလမ်းလည်းရတော့မှာမဟုတ်ပါဘူး” လို့သူမကပြောကြားခဲ့ပါတယ်။


ဒါပေမယ့်တစ်ချို့ကတော့ အရှေ့တောင်အာရှရဲ့အဆင်းရဲဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်တဲ့ မြန်မာကို စီးပွားရေးပိတ်ဆို့မှုတွေပြန်လုပ်မှာကို ဆန့်ကျင်ပြီးသတိပေးနေပါတယ် အထူးသဖြင့် စစ်အာဏာရှင်အစိုးအနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ကောင်းကောင်းနားလည်သိရှိထားတာကြောင့်ဖြစ်ပါတယ်။ “ပိတ်ပင်ထားမှုတွေအောက်မှာ နိုင်ငံကိုဆယ်စုနှစ်နဲ့ချီအုပ်ချုပ်ခဲ့တဲ့ စစ်တပ်က နောက်တစ်ကြိမ်ထပ် လုပ်သွားဖို့ ပြင်ဆင်ထားမှာပါ” လို့ မြန်မာအခြေစိုက် နိုင်ငံရေးသုတေသီ ရစ်ချတ်ဟော်ဆေးကပြောပါတယ်။ “ဥပဒေပြုအမတ်တွေအနေနဲ့ ဘယ်သူဘယ်ဝါ အကျိုးအမြတ်ရှိစေ တယ်ဆိုတဲ့ရှင်းလင်းမှုမရှိပဲ ပြင်းထန်တဲ့အရေးယူလုပ်ဆောင်မှုတွေလုပ်ဖို့တိုက်တွန်းတာမျိုး ထိန်းသိမ်းထားရပါမယ်။ သူတို့တွေရဲ့အပြစ်တွေအတွက် မြန်မာပြည်သူလုထုဒုက္ခရောက်စေတဲ့ ထိခိုက်စေ တာမျိုးမလုပ်ကြပါနဲ့” လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။


Japan Times သတင်းဌာနပါ “Jade and rubies: How Myanmar’s military amassed its fortune” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


********************************************
END / 251




လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century