?>

၂၀၂၁ ခုနှစ် ဟဂ်ျ ဘုရားဖူး ကာလ လူအကန့်အသတ်ဖြင့် စတင်

 ၂၀၂၁ ခုနှစ် ဟဂ်ျ ဘုရားဖူး ကာလ လူအကန့်အသတ်ဖြင့် စတင်

၅ ရက်တာကြာမြင့်မယ့် ဟဂ်ျဘုရားဖူးကာလကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ စတင်နေပြီ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် အခုနှစ် ဟဂ်ျအတွက် နိုင်ငံအတွင်းနေထိုင်ပြီး ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံသား၊ နိုင်ငံခြားသား ၆ သောင်းကိုသာ ဆော်ဒီက ဟဂ်ျပြုခွင့်ပေးပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



၅ ရက်တာကြာမြင့်မယ့် ဟဂ်ျဘုရားဖူးကာလကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ စတင်နေပြီ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် အခုနှစ် ဟဂ်ျအတွက် နိုင်ငံအတွင်းနေထိုင်ပြီး ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံသား၊ နိုင်ငံခြားသား ၆ သောင်းကိုသာ ဆော်ဒီက ဟဂ်ျပြုခွင့်ပေးပါတယ်။

ဟဂ်ျကျင့်စဉ်ဟာ အစ္စလာမ်ဘာသာရဲ့ မဏ္ဏိုင် ၅ ခုထဲက တစ်ခုဖြစ်ပြီး ငွေကြေးတတ်နိုင်ကာ ကျန်းမာရေးကောင်းတဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာတစ်ကြိမ် ဟဂ်ျဘုရားဖူးသွားဖို့ တာဝန်ရှိပါတယ်။

ကပ်ရောဂါကာလမတိုင်ခင်က ကမ္ဘာတစ်ဝှမ်း ဟဂ်ျပြုဖို့လာရောက်သူအရေအတွက်ဟာ တစ်နှစ်ကို ၂ သန်းခွဲလောက်ရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် လူ ၁ သောင်းကိုသာ ဆော်ဒီက ဟဂ်ျပြုခွင့်ပေးခဲ့ပါတယ်။

“အခုနှစ် ဟဂ်ျပြုခွင့်ရသူ အနည်းငယ်ထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ခံစားရပြီး ကျေလည်းကျေနပ်ပါတယ်” လို့ ဟဂ်ျပြုခွင့်ရသူ အမီနာက ပြောပါတယ်။

ဟဂ်ျပြုခွင့်ရသူ ၆ သောင်းထဲမှာ ပါဝင်ဖို့နိုင်ဖို့အတွက် အွန်လိုင်းကနေ လူသိန်းချီ လျှောက်ထားခဲ့ကြပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဟဂ်ျမပြုဖူးသူတွေ၊ အသက် ၅၀ ကျော်သွားပေမယ့် အရင်က ဟဂ်ျဘုရားဖူး တစ်ခါမှ မလာရောကဖူးသူတွေကို ဦးစားပေးရွေးချယ်ခဲ့တာလို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။

ဟဂ်ျပြုခွင့်ရသူတွေဟာ ဘုရားဖူးကာလတစ်လျှောက်လုံး တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာရမှာ



****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*