အခုဘဏ္ဍာနှစ် ၂ လကျော် ကာလအတွင်း ပြည်ပကို ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၃ သိန်း ၉ သောင်း ကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု စာရင်းတွေအရ သိရပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အခုဘဏ္ဍာနှစ် ၂ လကျော် ကာလအတွင်း ပြည်ပကို ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၃ သိန်း ၉ သောင်း ကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု စာရင်းတွေအရ သိရပါတယ်။
အခုဘဏ္ဍာနှစ်အတွင်း ပြည်ပ ပဲမျိုးစုံတင်ပို့မှုမှာ ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက တန်ချိန် ၃ သိန်းကျော်ထိရှိပြီး စုစုပေါင်း တင်ပို့မူရဲ့ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ထိရှိပါတယ်။ နယ်စပ်လမ်းကြောင်းကနေ တင်ပို့တဲ့ ပမာဏကတော့ တန်ချိန် ၈ သောင်းကျော်သာရှိပြီး ရာခိုင်နှုန်းအနေနဲ့ ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။
အဲဒီ ၂ လကျော်အတွင်း ပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၆ သန်းကျော် ရရှိထားတယ်လို့ အဲဒီဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
****************************************************************
END / 251