အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ တီဟီရန်မြို့တော် ရှိ နမာဇ်ဇ ဂျူမ်အအ် ၏ ယာယီအေမာမ် H.I အလီအက္က်ဘရီ က အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယခင်ကထက် ပိုမိုပြင်ဆင်ထားပြီး ပိုမိုအား ကောင်းလာ ကြောင်း၊ ရန်သူသည် နောက်ထပ်အမှားတစ်ခုပြုလုပ်ပါက ဒုံးကျည်အသစ်များနှင့် ရင်ဆိုင်ရ မည်ဖြစ် ကြောင်း သောကြာနမာဇ် ခွသ်ဗဟ် တွင် မိန့်ကြားခဲ့ပါတယ်။
ယနေ့တွင် ရန်သူသည် အီရန်နိုင်ငံ၏ စစ်ရေးမျက်နှာစာတွင်သာမက ရေနံ၊ ဘဏ်လုပ်ငန်းနှင့် ကုန်သွယ်ရေး၊ စီးပွားရေးဖိအားနှင့် ဉာဏစစ်ပွဲများအပေါ် ပိတ်ဆို့မှုများမှတစ်ဆင့် ခုခံမှုကို ချိုးဖျက်ရန် ကြိုးစားနေကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး H.I အလီအက္က်ဘရီ က လက်ရှိအခြေအနေများတွင် အရင်းအမြစ်များကို စုဆောင်းခြင်းနှင့် သင့်လျော်စွာ အသုံးပြုခြင်း ကို အမျိုးသားရေးနှင့် ဘာသာရေးတာဝန်တစ်ခုအဖြစ် သတ်မှတ်သင့်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ရန်သူ၏ စီးပွားရေးစစ်ပွဲကို ထိရောက်စွာ တုံ့ပြန်ခြင်းဖြစ်သောကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း၍ အလွန်အကျွံသုံးစွဲမှု၊ အလဟဿဖြစ်မှုနှင့် ဇိမ်ခံမှုတို့သည် လူ့အဖွဲ့အစည်းများ ယိုယွင်း ပျက်စီးရခြင်း ၏ အကြောင်းရင်းဖြစ်သည်ဟု ခေါ်ဆိုခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ်သည် အလယ်အလတ်၊ ကျေးဇူးတင်တတ်မှုနှင့် တာဝန်ယူမှုရှိသော ဘဝနေထိုင်မှုပုံစံကို သင်ကြားပေးသည်ဟု မိန့်ကြားခဲ့ပါတယ်။
အေမာမ် ခိုမေနီ (ရ.ဟ) နှင့် အထွတ်အထိပ်ခေါင်းဆောင် ရှဟီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှစ်ဦးစလုံးသည် အလွန်အကျွံသုံးစွဲမှုကို ကိုယ်ကျင့်တရားဆိုင်ရာ မကောင်းမှု တစ်ခုအဖြစ်သာမက အမျိုးသားဆုံးရှုံးမှုတစ်ခုအဖြစ် သတ်မှတ်ပြီး ရန်သူ၏ စီးပွားရေးစစ်ပွဲတွင် အကူအညီပေး နေသည် ဟုလည်း မိန့်ထားကြောင်း တီဟီရန်မြို့တော် ရှိ နမာဇ်ဇေ ဂျူမ်အအ် ၏ ယာယီအေမာမ် ကမိန့်ကြား ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment