၂၃ မေ ၂၀၂၆ - ၂၃:၅၆
အီရန်တွင် ရေကာတာအသစ် ၁၄ ခု ဖွင့်လှစ်မည်

စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ မေလ ၂၃ ရက်နေ့ တွင် ၂၀၂၇ ခုနှစ်ဖေဖော်ဝါရီလ ‌လောက်တွင် ရေကာတာအသစ် ၁၄ ခု ဖွင့်လှစ်မည်ဟု ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရ ဒုတိယစွမ်းအင်ဝန်ကြီး ဟမီးဒ်ရေဇာ ဂျာန်ဗါဇ် က Fars သို့ နိုင်ငံအတွင်းရှိ ရေကာတာအသစ် ၁၄ ခုကို ၂၀၂၇  ခုနှစ်ဖေဖော်ဝါရီလ ‌လောက်တွင် ဖွင့်လှစ်မည်ဟု  ကြေညာခဲ့ပါတယ်။

ယမန်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစ၍ အီရန်သည် ရမ်ဒွါန်စစ်ပွဲတွင် ပါဝင်ပတ်သက်နေသော်လည်း ရေကာတာတည်ဆောက်ရေးလုပ်ငန်းများသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဤရေကာတာများ တည်ဆောက်ခြင်းဖြင့် အီရန်အား သိုလှောင်မှုစွမ်းရည်အသစ် ကုဗမီတာ ၁၂၇၁ သန်း ပေးစွမ်း နိုင်မည်ဖြစ်ပါတယ်။ ၎င်းသည် အီရန်၏ လူဦးရေအများဆုံးမြို့တွင် ၁.၅ နှစ်အတွက် သုံးစွဲမှုပမာဏဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha