၁၆ ဩဂုတ် ၂၀၂၆ - ၂၃:၅၈
အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း အခိုင်အမာဆို

အစ္စရေးအစိုးရ၏ စစ်တပ်က နဘတီယာဒေသရှိ ဒေယရ် အယ်လ်ဇဟ်ရာနီ မြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာ၏ ဘဒရ်တပ်ဖွဲ့ မှ အကြီးတန်းတပ်မှူးတစ်ဦးဖြစ်သည့် အဘူဟဆန် အလာ ကို သတ်ဖြတ် ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်၍ အခိုင်အမာဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒက်ဖရင် ၏ ရုံးက ထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါ အကြီးတန်း တပ်မှူးကို သတ်ဖြတ်ခြင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတို့ သိမ်းပိုက်ထားသော “လုံခြုံ ရေးဇုန်” အတွင်း အစ္စရေးစစ်သားများကို ဟစ်ဇ်ဘိုလာက ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း အပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

၎င်းက အဘူဟဆန် အလာ သည် အစ္စရေးတပ်ဖွဲ့များထံသို့ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းများ ပစ်လွှတ်ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။ ယခင်က အလီ အယ်လ်တာဟာ တောင်ကုန်း ဒေသတွင် အစ္စရေးစစ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာဘက်ကမူ အစ္စရေးစစ်တပ်၏ အဆိုပါ တပ်မှူးသေဆုံးခဲ့ကြောင်း ပြောဆိုချက်အပေါ် ယခုအချိန်အထိ တုံ့ပြန်ခြင်း မရှိသေးပေ။

အဆိုပါ အခိုင်အမာပြောဆိုချက် ထွက်ပေါ်လာချိန်တွင် လက်ဘနွန်တောင်ပိုင်းရှိ မြို့များနှင့် ကျေးရွာများကို အစ္စရေးဘက်က တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပါတယ်။

လက်ဘနွန်နိုင်ငံပိုင် သတင်းဌာန၏ ဖော်ပြချက်အရ ဆာရ်ဘင်၊ ဘရ်အာရှစ်၊ အယ်လ်မန်ဆူရီ နှင့် ဝါဒီ ဇဘ်ကင် မြို့များနှင့် ဒေသများကို အစ္စရေးတပ်ဖွဲ့များက အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က လက်ဘနွန်အပေါ် ခြိမ်းခြောက်ပြောဆိုပြီး နာရီအနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

နေတန်ယာဟုက ဟစ်ဇ်ဘိုလာသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး “အဝါရောင်မျဉ်း” တောင်ဘက်ရှိ အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့ပါတယ်။ ထို့အပြင် အစ္စရေးစစ်တပ်သည် နိုင်ငံရေးအဆင့်မှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်ဒေသတို့တွင် ၎င်း၏ စစ်ဆင် ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုခဲ့ပါတယ်။

နေတန်ယာဟုသည် လက်ဘနွန်အပေါ် အစ္စရေး၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများနှင့် လက်ဘနွန်အစိုးရနှင့် သဘောတူထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ၊ “မူဘောင်သဘောတူညီချက်” ဟု ခေါ်ဆို သည့် သဘောတူညီချက်များအရ အစ္စရေးဘက်က ပြုလုပ်ခဲ့သော ချိုးဖောက်မှုများကို မဖော်ပြဘဲ ဟစ်ဇ်ဘိုလာ က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ပြီး အစ္စရေးစစ်သားများကို ကြားခံမျဉ်းအတွင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုခဲ့ပါတယ်။

ထို့အပြင် နေတန်ယာဟုက အစ္စရေးစစ်တပ်သည် နိုင်ငံရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ နှင့်အညီ လုပ်ဆောင်နေကြောင်း အလေးပေးပြောဆိုခဲ့ပါတယ်။ လက်ဘနွန်နှင့် ဂါဇာဒေသများတွင် အစ္စရေးစစ်သားများ၏ ဆက်လက်စစ်ဆင်ရေးများကို အကြောင်းပြရာတွင်လည်း အဆိုပါဒေသများ၌ “အစ္စရေး အပေါ် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်” လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုခဲ့ပါတယ်။

ထုတ်ပြန်ထားသော သတင်းများအရ ပြီးခဲ့သည့် နာရီအနည်းငယ်အတွင်း လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ **လက်ဘနွန်နိုင်ငံသား အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အခြားသူအများအပြား ဒဏ်ရာရရှိခဲ့သည်** ဟု သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha