အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ တနင်္လာနေ့၊ မော်ဒတ်လ ၂၆ ရက် ညနေပိုင်းတွင် အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ်မြို့၊ ၁၃ ရပ်ကွက်အတွင်းရှိ ဒက်ရှ်တီဘာချီ၊ မဟ်ဒီယာမြို့နယ်ရှိ «ရှမအေ ဟေဒါယတ်» ပုဂ္ဂလိကကျောင်းနှင့် သင်တန်းကျောင်းရှေ့တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ပေါက်ကွဲမှုသည် ညနေ ၄ နာရီခွဲခန့်တွင် စာသင်ချိန်ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းမှ ပြန်လည်ထွက်ခွာနေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်း ဖြစ်ပွား ရာနေရာ မှ ထွက်ပေါ်လာသော ဓာတ်ပုံများတွင် လူနာတင်ယာဉ်များ ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ဆေးရုံများသို့ ပို့ဆောင်နေသည်ကို တွေ့ရပါတယ်။
ဒေသခံသတင်းရင်းမြစ်များ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ ဒဏ်ရာရသူဦးရေမှာ လူ ၃၀ ခန့်အထိ ရှိလာပြီး အများစုမှာ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ကျောင်းမှ ထွက်ခွာနေသော အမျိုးသမီးကျောင်းသူများ ဖြစ်ကြပါတယ်။ ယခုအချိန်အထိ ထိခိုက်သေဆုံးမှု နှင့် ပတ်သက်၍ တရားဝင်နှင့် နောက်ဆုံးအချက်အလက်များ ထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရပါတယ်။
အချို့သတင်းရင်းမြစ်များက ဒဏ်ရာရသူ ၄ ဦးကို အစ္စတီကလားလ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ အသက် ၁၃ နှစ်အောက် ကလေးများဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထို့အပြင် အခြားဒဏ်ရာရသူ အနည်းဆုံး ၆ ဦးကိုလည်း ဒက်ရှ်တီဘာချီရှိ အာလမီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ထိခိုက်ခံရသူများထဲတွင် စာသင်ချိန်ပြီးဆုံးပြီး ကျောင်းမှ ပြန်လည် ထွက်ခွာလာသော အသက်ငယ်ရွယ်သည့် ကျောင်းသား၊ ကျောင်းသူများ အများအပြား ပါဝင်ကြောင်း သိရပါတယ်။
ဤသတင်းကို ရေးသားနေချိန်အထိ အသုံးပြုခဲ့သည့် ပေါက်ကွဲစေတတ်သောပစ္စည်းအမျိုးအစား၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ သည့် နည်းလမ်းနှင့် အဓိကပစ်မှတ်မှာ မည်သည့်အရာဖြစ်သည်ဆိုသည်ကို မသိရှိရသေးပေ။ မည်သည့် အဖွဲ့ကမျှ ပေါက်ကွဲမှုအတွက် တာဝန်ယူကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသကဲ့သို့ တာလီဘန် အာဏာ ပိုင်များ ကလည်း အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တရားဝင်အသေးစိတ်အချက်အလက်များ သို့မဟုတ် ထိခိုက်သေဆုံးသူဦးရေကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရပါတယ်။
ဒေသခံသတင်းရင်းမြစ်အချို့က ဒဏ်ရာရသူများကို ကုသပေးရန်အတွက် ဆေးရုံများတွင် အကူအညီနှင့် သွေးလှူဒါန်းမှုများ လိုအပ်နေကြောင်းလည်း ပြောကြားထားပါတယ်။
ဒက်ရှ်တီဘာချီနှင့် အနီးဝန်းကျင်ဒေသများသည် ကဘူးလ်မြို့ရှိ အရေးပါသော ရှီအာနှင့် ဟာဇာရာလူမျိုးများ အများအပြားနေထိုင်ရာဒေသများအနက် တစ်ခုဖြစ်ပြီး ယခင်နှစ်များအတွင်းလည်း လူသေဆုံးမှုများပြားသည့် တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။
ကဘူးလ်မြို့အနောက်ပိုင်းရှိ ကျောင်းများ၊ သင်တန်းကျောင်းများ၊ ဗလီများ၊ ဆေးရုံများ၊ အားကစားစင်တာများနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များသည် ယခင်ကလည်း တိုက်ခိုက်မှုများ၏ ပစ်မှတ်များ ဖြစ်ခဲ့ကြပြီး အဆိုပါတိုက်ခိုက်မှုအချို့အတွက် မည်သည့်အဖွဲ့ကမျှ တာဝန်ယူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment