အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မွတ်စ်သဖွာ အီဇဒီက မီဒီယာကို “အထောက်အထားနှင့် အမျိုးသားရေးသိမြင်မှုဆိုင်ရာ စစ်ပွဲ” (Identity War) ၏ အရေးပါသော စစ်မျက်နှာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့ခေတ်တွင် ဖြစ်ပွားနေသော အတွေးအခေါ်နှင့် ဆက်သွယ်ရေးစစ်ပွဲများ၌ သတင်းထောက်များသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောဆိုခဲ့ပါတယ်။
၎င်းက အီရန်နိုင်ငံအပေါ် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ရေးတိုက်ခိုက်မှုများအတွင်း ရန်သူဘက်မှ လေယာဉ်များ နှင့် အခြားလေကြောင်းစစ်ရေးယာဉ် စုစုပေါင်း ၂၀၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
အီဇဒီ၏ ပြောကြားချက်အရ ကမ္ဘာ့အင်အားကြီး စစ်ဘက်အင်အားနှင့် နေတိုး၏ ထောက်ခံမှုရရှိထားသည့် စနစ်သည် အီရန်နိုင်ငံကို ဆန့်ကျင်၍ စစ်မြေပြင်သို့ ဝင်ရောက်လာခဲ့သော်လည်း အီရန်စနစ်သည် ခုခံတော်လှန်ကာ မိမိ၏ ရပ်တည်ချက်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အီရန်သည် အကန့် အသတ်ရှိသော အရင်းအမြစ်များဖြင့် ကြီးမားသည့် စစ်ပွဲကို ရင်ဆိုင်ခဲ့ပြီး ယင်းကို မိမိတို့အတွက် အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း ၎င်းက ဆိုပါ တယ်။
အီရန်စစ်ဘက်အရာရှိက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ဒေသတွင်း အီရန်နိုင်ငံကို အားနည်းစေရန် စီးပွားရေးဖိအားပေးမှုနှင့် ပိတ်ဆို့ဝိုင်းရံမှု မူဝါဒများကို ကျင့်သုံးနေကြောင်း ထပ်မံပြောကြားခဲ့သည်။ သို့သော် ၎င်း၏အဆိုအရ အဆိုပါဖိအားပေးမှုများကြောင့် ဆန့်ကျင်ဘက်အင်အားစုများကိုယ်တိုင် အားနည်းကျဆင်းသည့် လမ်းကြောင်းသို့ ဦးတည်နေကြောင်း ဆိုသည်။
ဗိုလ်ချုပ် မွတ်စ်သဖွာ အီဇဒီက အာဖဂန်နစ္စတန် နှင့် အီရတ်နိုင်ငံများတွင် အမေရိကန်၏ စစ်ရေး ဝင်ရောက်စွက်ဖက်မှုများကို ရည်ညွှန်းပြောကြားရာတွင် ဝါရှင်တန်အနေဖြင့် ရေရှည်စစ်ပွဲများ ဆင်နွှဲခဲ့ သော်လည်း မျှော်မှန်းထားသည့် ရလဒ်များကို ရရှိနိုင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အီရန်အပေါ် ဆင်နွှဲနေသည့် “အထောက်အထားနှင့် အမျိုးသားရေးသိမြင်မှုဆိုင်ရာ စစ်ပွဲ” တွင် လူမှုကွန်ရက်မီဒီယာများ၏ အခန်းကဏ္ဍကိုလည်း အလေးပေးပြောကြားခဲ့ပြီး အီရန်လူ့အဖွဲ့အစည်းအတွင်း ပြည်သူများ၏ ပါဝင်မှုနှင့် ဆက်သွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ပိုမိုထိရောက်အောင် ဆောင်ရွက်ရန် လိုအပ် ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment