အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သတင်းစာ Wall Street Journal က “အမေရိကန်နှင့် ဆွေးနွေးမှုများ ရပ်တန့်နေသည့် အခြေအနေတွင် အီရန်သည် စစ်ရေးပဋိပက္ခ ပြန်လည်ဖြစ်ပွားနိုင်ခြေအတွက် ပြင်ဆင်နေသည်” ဟု ဖော်ပြခဲ့ပါတယ်။ ထိုသို့ ပြင်ဆင်နေခြင်း သည် ဆွေးနွေးပွဲများတွင် အမေရိကန်၏ ရည်ရွယ်ချက်များနှင့် ယခင်သဘောတူညီချက်များကို အမေရိကန်က လိုက်နာမည်ဆိုခြင်းအပေါ် တီဟီရန်၏ ယုံကြည်မှုမရှိခြင်းနှင့် ဆက်စပ်နေသည်ဟုလည်း ဖော်ပြထား ပါတယ်။
ထိုအစီရင်ခံစာအရ ဇွန်လအတွင်း တီဟီရန်နှင့် ဝါရှင်တန်အကြား သဘောတူညီမှုတစ်ရပ် ရရှိခဲ့သော်လည်း၊ ထိုသဘောတူညီမှု မရရှိမီ အမေရိကန်နှင့် “အစ္စရေး” တို့က အီရန်အပေါ် စစ်ရေးနှင့် စီးပွားရေးဖိအားများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြပါတယ်။ သို့သော် WSJ ၏ အဆိုအရ တီဟီရန်သည် ထိုသဘောတူညီမှုက အမေရိကန်ဘက်မှ ကတိကဝတ်များကို လိုက်နာမည်ဟု အာမခံချက် မပေးနိုင်ခဲ့ဟု ယူဆနေသည်။ ထို့ကြောင့် လက်ရှိဆွေးနွေးမှုများကို ဖိအားများ လျှော့ချရန်နှင့် နိုင်ငံ၏ စွမ်းဆောင်ရည်များကို ပြန်လည်တည် ဆောက်ရန် အတွက် ယာယီအခွင့်အရေးတစ်ရပ်အဖြစ် ပိုမိုရှုမြင်နေသည်ဟု ဆိုပါတယ်။
Wall Street Journal က ထပ်မံ၍ ပြီးခဲ့သည့် နှစ်လအတွင်း အီရန်သည် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် နေသည့် တစ်ချိန်တည်းမှာပင် စစ်ရေးအခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း၊ ဒုံးကျည် စခန်းများ သို့ ပြန်လည်ဝင်ရောက်အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ဒုံးကျည်များ၊ ဒရုန်းများ ထုတ်လုပ်မှု တိုးမြှင့်ခြင်း တို့ကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲဖော်ပြထားပါတယ်။
သတင်းစာသည် အီရန်နှင့် အာရပ်အရာရှိများ၏ ပြောကြားချက်များအပြင် ထောက်လှမ်းရေးဆိုင်ရာ အကဲဖြတ် ချက်များကို ကိုးကားပြီး ယင်းလုပ်ဆောင်ချက်များသည် တီဟီရန်အနေဖြင့် ပဋိပက္ခ ပြန်လည်ပြင်းထန် လာနိုင် ခြေ အတွက် အသင့်ပြင်ဆင်နေကြောင်း ပြသသည့် လက္ခဏာများဖြစ်သည်ဟု ဖော်ပြထားပါတယ်။
အစီရင်ခံစာ၏ အခြားတစ်စိတ်တစ်ပိုင်းတွင် အီရန်နှင့် အမေရိကန်အကြား ဆွေးနွေးမှုများသည် ယခုအခါ ပိတ်ဆို့အရေးယူမှုများ ၊ ရေကြောင်းပိတ်ဆို့မှုနှင့် ဟော်မုဇ်ရေလက်ကြား၏ အခြေအနေ တို့နှင့် ပတ်သက်၍ ပြင်းထန်သော သဘောထားကွဲလွဲမှုများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါတယ်။
တစ်ချိန်တည်းတွင် ဝါရှင်တန်ဘက်က အီရန်၏ ဆုံးဖြတ်ချက်များကို ပြောင်းလဲစေရန်အတွက် စီးပွားရေးနှင့် ရေကြောင်းဆိုင်ရာ ဖိအားများ ကို ဆက်လက်အသုံးပြုရန် အလေးထားနေပါတယ်။ အပြန်အလှန်အားဖြင့် အီရန်က အမေရိကန်သည် ၎င်း၏ လုပ်ရပ်များကို မပြောင်းလဲသရွေ့ ဟော်မုဇ်ရေလက်ကြားနှင့် အခြား အငြင်းပွား နေသော ကိစ္စရပ်များအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် မဖြစ်နိုင်ကြောင်း ကြေညာထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment