၁၉ ဩဂုတ် ၂၀၂၆ - ၀၉:၅၄
ထရမ့်၏ ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် ကြိုးပမ်းမှု

အမေရိကန်အရာရှိများ၏ ပြောကြားချက်အရ အမေရိကန်သမ္မတသည် လာမည့် အာရှခရီးစဉ်အတွင်း မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် တွေ့ဆုံရန် ကြိုးပမ်းနေပါတယ်။ လက်ရှိသတင်းများအရ ယခု တွေ့ဆုံမှုကို ဆောင်းဦးရာသီတွင် စီစဉ်ရန် ကြိုးပမ်းနေပြီး နိုဝင်ဘာလအတွင်း ဖြစ်နိုင်သည်ဟု ဖော်ပြထားပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

“ဝေါလ်စထရိဂျာနယ်” က ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် သည် မြောက် ကိုရီးယား ခေါင်းဆောင် **ကင်ဂျုံအွန်** နှင့် တွေ့ဆုံရန် ကြိုးပမ်းနေကြောင်း သတင်းဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းစာက အမေရိကန်အစိုးရအရာရှိများကို ကိုးကား၍ ထရမ့်သည် လာမည့် အာရှနိုင်ငံများသို့ ခရီးစဉ်အတွင်း ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် ကြိုးပမ်းနေသည်ဟု ရေးသားထားပါတယ်။ ထိုတွေ့ဆုံမှုသည် နိုဝင်ဘာလ အတွင်း ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါအရာရှိများက ပြောကြားခဲ့ပါတယ်။

အဆိုပါသတင်းရင်းမြစ်များက “ထရမ့်သည် ကင်ဂျုံအွန်ကို ၎င်း၏နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ် ရန် ထပ်မံစည်းရုံးရန် ကြိုးပမ်းနေသည်” ဟု ပြောကြားခဲ့ပါတယ်။

သတင်းတွင် အမေရိကန်သမ္မတသည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံနိုင်ရေးအတွက် ဆောင်းဦး ရာသီတွင် တွေ့ဆုံမှုတစ်ရပ် စီစဉ်ပေးရန် ၎င်း၏ အကြံပေးများနှင့် လက်ထောက်များကို လျှို့ဝှက်ဖိအား ပေးနေသည် ဟုလည်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်တွင် ထိုတွေ့ဆုံမှုအတွက် တရားဝင်အစီအစဉ်တစ်ရပ် အတည်ပြုထားခြင်း မရှိသေးသော်လည်း၊ သတင်းများအရ ထရမ့်၏ နိုဝင်ဘာလ အာရှခရီးစဉ်နှင့် တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ကျင်းပမည့် APEC အစည်းအဝေးကာလအတွင်း တွေ့ဆုံနိုင်ခြေရှိပါတယ်။

ထရမ့်သည် မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ညွှန်ကြားခဲ့ပြီး ၊ ကင်ဂျုံအွန်နှင့် ၎င်း၏ ကောင်းမွန်သော ဆက်ဆံရေးကိုလည်း အကြောင်းပြချက်တစ်ရပ်အဖြစ် ပြောဆိုထားပါတယ်။ ထိုလုပ်ရပ်သည် မြောက်ကိုရီးယားနှင့် ပြန်လည်ဆွေးနွေးရန် ထရမ့်၏ ကြိုးပမ်းမှုနှင့် ဆက်စပ်နေ သည်ဟု သုံးသပ်မှုများ ရှိနေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha