အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews၏ အစီရင်ခံစာအရ ရုရှားသတင်းစာ Kommersant က ယနေ့တွင် တူရကီနှင့် အမေရိကန်တို့အကြား ကာကွယ် ရေးဆိုင်ရာ ဆက်ဆံရေးတွင် အခက်အခဲအသစ်တစ်ရပ် ပေါ်ပေါက်လာကြောင်း သတင်း ဖော်ပြခဲ့ ပါတယ်။
သတင်းအရ အန်ကာရာသည် အမေရိကန်၏ F-35 တိုက်လေယာဉ်အစီအစဉ် ထဲသို့ ပြန်လည်ဝင်ရောက်ပြီး ထိုတိုက် လေယာဉ်များကို အမေရိကန်ထံမှ ဝယ်ယူရန် ကြိုးပမ်းနေသော်လည်း ဝါရှင်တန်၏ အဓိက တောင်းဆိုချက်ဖြစ်သည့် ရုရှားထုတ် S-400 စနစ်များကို တူရကီပိုင်နက်မှ ဖယ်ရှားရန် ဆိုသည့် အချက်ကြောင့် အခက်အခဲနှင့် ဆက်လက်ရင်ဆိုင်နေရပါတယ်။
တူရကီက S-400 များကို ဝယ်ယူခဲ့ပြီးနောက်၂၀၁၉ ခုနှစ်မှစ၍ အမေရိကန်သည် တူရကီကို F-35 အစီအစဉ်မှ ဖယ်ရှားခဲ့ပြီး ရုရှားထုတ် S-400 စနစ်များကို အပြီးအပိုင် ဖယ်ရှားပြီးမှသာ F-35 တိုက်လေယာဉ်များ လွှဲပြောင်း ပေးမည် ဟု သတ်မှတ်ထားပါတယ်။
ဤအခက်အခဲမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေနေသည့် တူရကီသည် S-400 စနစ်များကို အာရပ် စော်ဘွား များပြည်ထောင်စု (UAE) ထံ ရောင်းချရန် ဆွေးနွေးမှုများ စတင်ခဲ့သည်။ သို့သော် Kommersant ၏ ဖော်ပြချက် အရ အဆိုပါဆွေးနွေးမှုများမှာလည်း သဘောတူညီချက် မရရှိဘဲ ရပ်တန့်သွားခဲ့ပါတယ်။
တစ်ချိန်တည်းတွင် တူရကီပိုင် S-400 စနစ်များကို UAE သို့ နောက်ဆုံးတွင် လွှဲပြောင်းရောင်းချဖြစ်ပါက ရုရှားဘက်က ကန့်ကွက်မည်မဟုတ်ဟု ယူဆရသည်။ ယင်းအခြေအနေသည် မကြာသေးမီနှစ်များအတွင်း ရုရှားနှင့် တူရကီတို့အကြား ကာကွယ်ရေးကဏ္ဍတွင် နီးကပ်သော ဆက်ဆံရေးများ ရှိနေခြင်းနှင့်လည်း ဆက်စပ် နေပါတယ်။ S-400 ရောင်းချမှုသည် နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကကဏ္ဍများထဲမှ တစ်ခု ဖြစ်ပါတယ်။
တူရကီနှင့် အမေရိကန် အာဏာပိုင်များကမူ ယခုသတင်းနှင့်ပတ်သက်၍ တရားဝင်တုံ့ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးပါ။
သို့သော် လက်ရှိအခြေအနေအရ အန်ကာရာသည် ဤအခက်အခဲကို ဖြေရှင်းနိုင်ရန် သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းချက်တစ်ရပ် ဆက်လက်ရှာဖွေနေပြီး F-35 အစီအစဉ်ထဲသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်း နေဆဲဖြစ် သည် ဟု ယူဆရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment