အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာ နှင့် Wall Street Journal သတင်းစာက အမေရိကန် ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒန် ဒရစ်စကောလ်သည် ဒေါ်နယ်လ် ထရမ့်အစိုးရအဖွဲ့မှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း ရေးသားဖော်ပြခဲ့တယ်။ ၎င်း၏ ဖြစ်နိုင်ခြေရှိသော နုတ်ထွက်မှုသည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက် နှင့် လပေါင်းများစွာကြာ ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုများ နှင့် တင်းမာမှုများ နောက်ပိုင်း တွင် ထွက်ပေါ်လာခြင်းဖြစ်တယ်။
အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သည့် အရာရှိအများအပြားကို ကိုးကား၍ သတင်းစာက ဒရစ်စကောလ်သည် ယခုနှစ်မကုန်မီ ရာထူးမှ နုတ်ထွက်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ သို့သော် ၎င်း၏ ထွက်ခွာမှုသည် သတ်မှတ်ထားသည့်အချိန်ထက် စော၍လည်း ဖြစ်နိုင်သည်ဟု ဆိုပါတယ်။
ဒရစ်စကောလ်၏ ဖြစ်နိုင်ခြေရှိသော နုတ်ထွက်မှုကြောင့် အမေရိကန်စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် နောက်ထပ် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပါတယ်။
ယင်းမတိုင်မီကလည်း ပီတ် ဟက်ဂ်ဆက်သည် ယခုနှစ် ဧပြီလတွင် အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရန်ဒီ ဂျော့ဂ်ျ ကို ရုတ်တရက် ရာထူးမှ ဖယ်ရှားခဲ့ပါတယ်။ သို့သော် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ နေရာတွင် အမြဲတမ်းစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ယခုအချိန်အထိ အမည် စာရင်း တင်သွင်းခြင်း မရှိသေးပေ။
လက်ရှိတွင် ယခင်က ပီတ် ဟက်ဂ်ဆက်၏ အကြီးတန်းစစ်ဘက်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်ချုပ် ခရစ္စတိုဖာ လီနို သည် အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်၏ တာဝန်များကို ယာယီ ထမ်းဆောင် လျက်ရှိ ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment