၂၃ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
နယူးယောက်တွင် ISIS အဖွဲ့နှင့် ဆက်နွှယ်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ + ဓာတ်ပုံများ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် လွှတ်တော်အဆောက်အအုံကို ISIS အဖွဲ့၏ အယူအဆမှ လှုံ့ဆော်မှု ခံယူပြီး တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု စွပ်စွဲခံရသော အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နယူးယောက်ပြည်နယ် အယ်လ်ဘာနီမြို့တွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ISIS အဖွဲ့အား ပစ္စည်းပိုင်းဆိုင်ရာ အထောက်အပံ့ပေးရန် ကြိုးပမ်းခဲ့သည် ဆိုသည့် စွဲချက်ဖြင့် ဖမ်းဆီးကာ တရားစွဲဆို ထားပါတယ်။

အမေရိကန် ပြည်ထောင်စုအာဏာပိုင်များ၏ အဆိုအရ သူမသည် နယူးယောက်ပြည်နယ် လွှတ်တော် အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးပြီး ဥပဒေပြုအမတ်များကို သတ်ဖြတ်ရန် ရည်ရွယ်ထားပုံရပါတယ်။

တရားရုံးသို့ တင်သွင်းထားသော ရာဇဝတ်တိုင်ကြားချက်အရ ဂျက်စီကာ ဘူအီ သည် ပေါက်ကွဲစေတတ်သည့် ကိရိယာ တစ်ခုနှင့် ပစ္စတိုသေနတ်တစ်လက်နှင့် ဆင်တူသည့် ပစ္စည်းများကို လက်ခံရရှိပြီးနောက် တစ်ရက် အကြာတွင် ဖမ်းဆီးခံခဲ့ရပါတယ်။

နယူးယောက်မြောက်ပိုင်းခရိုင် အမေရိကန်ရှေ့နေချုပ်ရုံး၏ ပထမဒုတိယရှေ့နေချုပ် ဂျွန် ဆာကွန် တတိယ က“ဘူအီ သည် ပေါက်ကွဲစေတတ်သည့် ကိရိယာကို အသုံးပြုပြီး နယူးယောက်ပြည်နယ် လွှတ်တော် အဆောက် အအုံနှင့် ထိုပြည်နယ်၏ အထက်လွှတ်တော်အမတ်များကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့ပါတယ်။” ဟု ပြောကြား ခဲ့ပါတယ်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ဘူအီသည် အသံဖိုင်များအတွင်း ISIS အဖွဲ့အား သစ္စာခံကြောင်း ကြေညာ ခဲ့ပြီး ပြည်နယ်လွှတ်တော်အဆောက်အအုံကို အနည်းဆုံး ငါးကြိမ် သွားရောက် စုံစမ်းလေ့လာခဲ့ကာ ထို အဆောက် အအုံ၏ ဓာတ်ပုံများစွာကိုလည်း ရိုက်ကူးခဲ့ပါတယ်။

တရားရုံးသို့ တင်သွင်းထားသော တိုင်ကြားချက်အရ ဘူအီက လျှို့ဝှက်အချက်အလက်ပေးသူတစ်ဦးအား “အဆောက် အအုံကို ဖြစ်နိုင်သမျှ အများဆုံး ဖျက်ဆီးချင်တယ်။ အထက်လွှတ်တော်အမတ်တွေ အစည်း အဝေး လုပ်နေချိန်မှာ သူတို့ကို သတ်ချင်တယ်”ဟု ပြောကြားခဲ့ပါတယ်။

နယူးယောက်တွင် ISIS အဖွဲ့နှင့် ဆက်နွှယ်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ + ဓာတ်ပုံများ

နယူးယောက်တွင် ISIS အဖွဲ့နှင့် ဆက်နွှယ်သည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ + ဓာတ်ပုံများ

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha