၂၅ ဩဂုတ် ၂၀၂၆ - ၁၇:၂၉
ဆီးရီးယား နှင့် ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း တို့ကို အမေရိကန်၏ အကြမ်းဖက်အဖွဲ့စာရင်းမှ ဖယ်ရှား

အမေရိကန်နိုင်ငံသည် တနင်္လာနေ့ညတွင် ဆီးရီးယားနိုင်ငံကို “အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့ သည့်နိုင်ငံများ စာရင်း” မှလည်းကောင်း၊ ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း(ယခင် အယ်လ်နုစ်ရာတပ်ဦး) ကို “ကမ္ဘာလုံး ဆိုင် ရာ အကြမ်းဖက်အဖွဲ့အစည်းများစာရင်း” မှလည်းကောင်း ဖယ်ရှားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်သည် တနင်္လာနေ့ညတွင် အထက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြင်သစ်သတင်း အေဂျင်စီ၏ ဖော်ပြချက်အရ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး  စကော့ ဘက်ဆင့် (Scott Bessent) က ထုတ်ပြန်ချက်တစ်ရပ်တွင် “ယနေ့ ဆောင်ရွက်ချက်သည် ဆီးရီးယားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့် လာစေရန်နှင့် နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုကို အားကောင်းစေရန် အထောက်အကူပြုမည်” ဟု ပြောကြား ခဲ့ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ယခုဆောင်ရွက်ချက်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆီးရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို လျှော့ချမည်ဟူသော ကတိကဝတ်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သို့သော် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုဆုံးဖြတ်ချက်များသည် “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးနှင့် ဆီးရီးယားနိုင်ငံအတွင်း မကောင်းသောလုပ်ရပ်များ ပြုလုပ်သူများကို တာဝန်ခံစေရေးအတွက် မိမိတို့၏ ရပ်တည်ချက်ကို ပြောင်းလဲစေမည်မဟုတ်” ဟု ဆိုခဲ့ပါတယ်။

ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း  သည် ယခင်က  အယ်လ်နုစ်ရာတပ်ဦး   ဟု အမည်ပေးထားပြီး အဲယ်ကိုင်ဒဟ် ၏ လက်ခွဲ အဖွဲ့ တစ်ခုအဖြစ် သိရှိခဲ့ရပါတယ်။ အဆိုပါအဖွဲ့က ၂၀၁၆ ခုနှစ်တွင် အယ်လ်ကာအီဒါနှင့် ဆက်ဆံရေးကို ဖြတ် တောက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

ပြင်သစ်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အမေရိကန်သည် မကြာသေးမီက  ဆီးရီးယားနိုင်ငံကို အကြမ်း ဖက်ဝါဒအား ပံ့ပိုးသည့်နိုင်ငံများစာရင်းမှ ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။ ယင်းလုပ် ဆောင်ချက်၏ ရည်ရွယ်ချက်မှာ ဆီးရီးယား၏ ယာယီသမ္မတ အဲဟ်မဒ် အရှ်ရှရအ် (အဘူ မိုဟမ္မဒ် အလ်ဂျောင်လာနီ) အား ယုံကြည်ထောက်ခံမှု ပြသရန်ဖြစ်သည်ဟု ယူဆကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မကြာသေးမီက တူရကီနိုင်ငံ၌ ကျင်းပခဲ့သည့် နေတိုးထိပ်သီး အစည်းအဝေးဘေးပန်းအခမ်းအနားတွင် အယ်လ်ရှာရာနှင့် တွေ့ဆုံခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha