၃၀ ဩဂုတ် ၂၀၂၆ - ၂၃:၃၈
ပူတင်နှင့် CIA အကြီးအကဲ တွေ့ဆုံခဲ့သည်ဆိုသော သတင်း မှာမဟုတ်

ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲ ဂျွန် ရက်တ်ကလစ်ဖ် တို့ တွေ့ဆုံခဲ့သည်ဆိုသည့် ထွက်ပေါ်လာသော သတင်းအချို့ကို မမှန်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန(IRIB)၏ အစီရင်ခံစာအရ တာ့စ် (TASS) သတင်းအေဂျင်စီမှ သတင်းကို ကိုးကား၍ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က CIA အကြီးအကဲ ဂျွန် ရက်တ်ကလစ်ဖ် မော်စကိုသို့ လာရောက်ခဲ့စဉ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ၎င်းနှင့် တွေ့ဆုံခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပက်စ်ကော့ဗ်သည် Vesti ရုပ်မြင်သံကြားကွန်ရက်မှ အစီအစဉ်တင်ဆက်သူ ပါဗယ် ဇာရူဘင် နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပူတင်နှင့် ရက်တ်ကလစ်ဖ်တို့ တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခံရရာ “မရှိပါဘူး။ သမ္မတနဲ့ တွေ့ဆုံမှု မပြုလုပ်ခဲ့ပါဘူး” ဟု ဖြေကြားခဲ့ပါတယ်။

ယင်းမတိုင်မီ Axios သတင်းဌာနမှ သတင်းထောက် ဘာရက် ရာဗစ်ဒ် က ရက်တ်ကလစ်ဖ်သည် ပြီးခဲ့သည့် သီတင်း ပတ်အလယ်ပိုင်းတွင် မော်စကိုသို့ လျှို့ဝှက်ခရီးစဉ် သွားရောက်ခဲ့စဉ် စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီး တို့ ပါဝင်သည့် သုံးနိုင်ငံခေါင်းဆောင်များ အစည်းအဝေးတစ်ရပ် ကျင်းပရန် အဆိုပြုခဲ့သည်ဟု ပြောဆို ထားခဲ့ ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha