၃၁ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
တန်ဇန်းနီးယားနိုင်ငံတွင်တမန်တော်မြတ်ကြီး(ဆွ)မွေးနေ့အခမ်းအနားကျင်းပ/ကိုယ်ကျင့်တရား၊သည်းခံ နားလည်မှုနှင့်အစ္စလာမ်ဘာသာဝင်များ၏စည်းလုံးညီညွတ်မှုကိုအလေးထား

တန်ဇန်းနီးယားနိုင်ငံ ဒါရ်အက်စ်ဆလာမ်မြို့၊ ကီဂိုဂိုပိုစ်ဒေသတွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် အေမာမ်ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့ရက်မြတ်မင်္ဂလာ အထိမ်းအမှတ် အခမ်းအနားကို ပျော်ရွှင်မှု၊ ချစ်ခင်ရင်းနှီးမှုနှင့် အစ္စလာမ်ဘာသာဝင်များ၏ စည်းလုံးညီညွတ်မှုတို့ဖြင့် ပြည့်နှက်နေသော အခြေ အနေ အောက်၌ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယုံကြည်သူများနှင့် ကီဂိုဂိုပိုစ်ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာတစ်ဝန်းရှိ နေရာအမျိုးမျိုးတွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့ ရက်မြတ် မင်္ဂလာ ပွဲများ ကျင်းပနေချိန်နှင့် တစ်ပြိုင်နက် တန်ဇန်းနီးယားရှိ ရှီအဟ်မွတ်စလင်မ် အသိုင်းအဝိုင်း (TIC) ကလည်း ထိုမင်္ဂလာရှိသော အခါသမယကို ဒါရိုစ်စလာမ် မြို့ ၊ ကီဂိုဂိုပိုစ်ဒေသရှိ ပီပိုရင်ပြင်တွင် ခမ်းနားစွာ ကျင်းပဂုဏ်ပြုခဲ့ကြပါတယ်။

အခမ်းအနားကို ပျော်ရွှင်မှု၊ ချစ်ခင်မှုနှင့် အစ္စလာမ်ဘာသာဝင်များ၏ စည်းလုံးညီညွတ်မှုတို့ဖြင့် ပြည့်နှက်နေသော အခြေအနေတွင် ကျင်းပခဲ့ပြီး ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယုံကြည်သူများနှင့် ဒေသအသီးသီးမှ ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမစတင်မီတွင်လည်း ကီဂိုဂိုဒေသ၏ လမ်းများပေါ်၌ ရိုးရာ “ဇဖ္ဖာ” လှည့်လည်ပွဲကို ပြုလုပ်ခဲ့ ကြပါတယ်။ ပါဝင်သူများက တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ကို ချီးမွမ်းဂုဏ်ပြုသည့် ကဆီဒဟ်များနှင့် ကဗျာများကို ရွတ်ဆိုကာ တမန်တော်မြတ်(ဆွ) အပေါ် ကောင်းချီးနှင့် ငြိမ်းချမ်းခြင်းများ ပို့သခဲ့ကြပြီး “ကရုဏာတော်၏ တမန်တော်မြတ်(ဆွ) ” ၏ မွေးနေ့ရောက်ရှိလာခြင်းကို ဂုဏ်ပြုခဲ့ကြပါတယ်။

တန်ဇန်းနီးယားနိုင်ငံတွင် တမန်တော်မြတ်ကြီး (ဆွ) မွေးနေ့ အခမ်းအနားကျင်းပ /ကိုယ်ကျင့်တရား၊ သည်းခံ နားလည်မှုနှင့် အစ္စလာမ်ဘာသာဝင်များ၏ စည်းလုံးညီညွတ်မှုကိ

တန်ဇန်းနီးယား ရှီအဟ်မွတ်စလင်မ် အသိုင်းအဝိုင်း (TIC) ၏ အကြီးအကဲ ရှိက်ခ် ဟမီးဒ် ဂျလာလဟ်က “ဇဖ္ဖာ”** လှည့်လည်ပွဲ အတွင်း တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အရေးကြီးဆုံး သွန်သင်ချက်အချို့ကို ရှင်းလင်း ပြောကြား ခဲ့ပြီး ထိုသွန်သင်ချက်များကို တစ်ဦးချင်းနှင့် လူမှုဘဝတွင် လက်တွေ့ကျင့်သုံးရမည့် အခြေခံမူများအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ရှိက်ခ် ဟမီးဒ် ဂျလာလဟ်က ကောင်းမွန်သော ကိုယ်ကျင့်တရား သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အထင်ရှားဆုံး ဂုဏ်ရည်များထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ကုရ်အာန်ကျမ်းမှ “အကယ်စင်စစ် အသင်သည် ကြီးမြတ်လှသော ကိုယ်ကျင့်တရားပေါ်၌ ရှိတော်မူ၏” ဟူသော အာယသ်ကို ကိုးကား၍ တမန်တော်မြတ် (ဆွ) ကို လိုက်နာခြင်းသည် စကားဖြင့်သာ ကန့်သတ်ထားခြင်း မဖြစ်သင့်ဘဲ အပြုအမူ၊ လူများနှင့် ဆက်ဆံပုံ၊ အခြားသူများကို လေးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းတို့တွင် ထင်ဟပ်ပေါ်လွင်ရမည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။

၎င်းက အမှန်အတိုင်းပြောဆိုခြင်းနှင့် အပ်နှံထားသည့်အရာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကိုလည်း တမန်တော်မြတ် (ဆွ) ၏ ထင်ရှားသော ဂုဏ်ရည်များအဖြစ် ဖော်ပြခဲ့သည်။ တမန်တော်မြတ်အား “အဆ်ဆွာဒစ်က်၊ အလ်အမီးန်” (အမှန်တရားပြောသူ၊ ယုံကြည်စိတ်ချရသူ) ဟူ၍ ကျော်ကြားခဲ့ကြောင်း ရည်ညွှန်းကာ မွတ်စလင်မ် များအနေဖြင့် မိမိတို့၏ဘဝကို ရိုးသားဖြောင့်မတ်မှု၊ အပ်နှံထားသည့်အရာများကို ထိန်းသိမ်းမှုနှင့် တာဝန်များကို တရားမျှတ၍ ဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းတို့အပေါ် အခြေခံ တည်ဆောက် သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

တန်ဇန်းနီးယား ရှီအဟ်မွတ်စလင်မ်အသိုင်းအဝိုင်း၏ အကြီးအကဲက ဆက်လက်၍ သည်းခံနားလည်မှုနှင့် မတူညီ သောအမြင်များကို လေးစားရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ အမြင်ကွဲလွဲမှုများသည် အမုန်းတရား၊ သွေးခွဲကွဲပြားမှုနှင့် ရန်ငြိုးရန်စများ ဖြစ်ပေါ်စေသည့် အကြောင်းရင်း မဖြစ်သင့်ဘဲ ပညာရှိမှု၊ ဆွေးနွေး ညှိနှိုင်းမှုနှင့် အပြန်အလှန်လေးစားမှုတို့ဖြင့် အမြင်ကွဲလွဲမှုများကို စီမံဖြေရှင်းနိုင်ကြောင်း ဆိုပါတယ်။

၎င်းက အစ္စလာမ်ဘာသာဝင်များ၏ စည်းလုံးညီညွတ်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှု ကိုလည်း တမန် တော်မြတ် (ဆွ) ၏ အရေးကြီးသော သွန်သင်ချက်များထဲမှ တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ ဘာသာ ရေးကွဲပြား မှုများကို မထောက်ထားဘဲ မွတ်စလင်မ် များအကြား ညီအစ်ကိုရင်းချာစိတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် တိုက်တွန်းခဲ့ပါတယ်။ ၎င်း၏အဆိုအရ ပြည်သူများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးအတွက် အခြေခံအုတ်မြစ်များထဲမှ တစ်ခုဖြစ်ပါတယ်။

ရှိက်ခ် ဟမီးဒ် ဂျလာလဟ်က မိန့်ခွန်း၏ အခြားတစ်စိတ်တစ်ပိုင်းတွင် ငြိမ်းချမ်းရေး သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) က လူသားမျိုးနွယ်အတွက် ချန်ထားခဲ့သည့် တန်ဖိုးရှိသော အမွေအနှစ်များထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တမန်တော်မြတ်၏ သွန်သင်ချက်များသည် မူစလင်များနှင့် အခြားသူများအတွက် အငြင်းပွားမှုများကို ဖြေရှင်းရန်၊ ပဋိပက္ခများကို လျှော့ချရန်၊ လူမှုစည်းလုံးညီညွတ်မှုကို ခိုင်မာစေရန်နှင့် ငြိမ်းချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် လမ်းညွှန်ချက်ဖြစ်နိုင်ကြောင်း အလေး ပေးပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် ၎င်းက တမန်တော်မြတ် မုဟမ္မဒ် (ဆွ) ၏ မွေးနေ့ကို ဂုဏ်ပြုခြင်းသည် အခမ်းအနားများနှင့် ဘာသာရေးအထိမ်းအမှတ်ပွဲများ ကျင်းပခြင်းမျှထက် ကျော်လွန်သင့်ပြီး တမန်တော်မြတ်၏ သွန်သင်ချက်များကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးခြင်းနှင့် တွဲဖက်ရမည်ဟု အလေးပေးပြောကြားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ရိုးသားမှု၊ အပ်နှံထားသည့်အရာများကို ထိန်းသိမ်းစောင့်ရှောက်မှု၊ သည်းခံနားလည်မှု၊ စည်းလုံး ညီညွတ်မှု နှင့် ငြိမ်းချမ်းရေး တို့သည် လေးစားမှု၊ တရားမျှတမှုနှင့် အပြန်အလှန်စည်းလုံးညီညွတ်မှုရှိသော ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရန် အခြေခံအကြောင်းရင်းများ ဖြစ်နိုင်သောကြောင့် ဖြစ်ပါတယ်။

အဆိုပါအခမ်းအနားသို့ တန်ဇန်းနီးယား ဝန်ကြီးချုပ်ရုံးရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် အလုပ်သမား ဆက်ဆံရေးရေးရာ ဝန်ကြီး ဒေဝ်စီ ကလီမင့် ဆန်ဂို သည် အခမ်းအနား၏ အထူးဧည့်သည်ဖြစ်သူ တန်ဇန်းနီးယား ပြည်ထောင်စုသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မီဂူလို လာမက်ခ် နချမ်ဘာ ကိုယ်စား တက်ရောက်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha