၂ စက်တင်ဘာ ၂၀၂၆ - ၁၅:၁၄
ကျူးကျော်သူများကို ဆိုးရွားစွာ နောင်တရစေမည့် တန်ပြန်စစ်ဆင်ရေး စတင်လိုက်ပြီဟု အစ္စလာမ်မစ် တော်လှန် ရေး အစောင့်တပ်က ပြော

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် ယနေ့ အမေရိကန်၏ ကျူးကျော်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ တုံ့ပြန်ပြောကြားခဲ့ပြီး ရန်သူ၏ မျှော်လင့်ချက်မဲ့ လုပ်ဆောင်မှုများသည် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကို ပိုမိုခိုင်မာစေလျက်ရှိကြောင်း၊ ကျူးကျော်သူများကို ဆိုးရွားစွာ နောင်တရစေမည့် တန်ပြန် စစ်ဆင် ရေးကို အစောင့်တပ်၏ မူဂျာဟီဒင်များက စတင်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ခဲ့သည့် ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

بسم الله قاصم الجبارین.

အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် အာဏာရှင်များကို ဖျက်ဆီးတော်မူပါစေ။

အမြင်ကျယ်သော၊ တော်လှန်ရေးစိတ်ဓာတ်ရှိသော၊ ရဲရင့်သော အီရန်ပြည်သူများခင်ဗျာ ...

စစ်မြေပြင်တွင် သင်တို့၏ အဆက်မပြတ် ရှိနေမှုက အမေရိကန်ရန်သူကို ပင်ပန်းနွမ်းနယ်စေပြီး မျှော်လင့် ချက်မဲ့စေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် ဟော်မုဇ်ရေလက်ကြားအတွင်းရှိ သင်တို့၏ ရဲရင့်သော မိုဂျာဟစ်ဒ်ဒီးန် တပ်ဖွဲ့ဝင် များ၏ ခုခံမှုနှင့် အာဏာစွမ်းအားတို့က အိမ်ဖြူတော်မှ အုပ်ချုပ်သူများကို စိုးရိမ်ပူပန် စေခဲ့ပါ တယ်။

နာရီအနည်းငယ်ခန့်အကြာတွင် အမေရိကန်ကျူးကျော်တပ်ဖွဲ့သည် မျှော်လင့်ချက်မဲ့ပြီး အင်အားမဲ့နေသည့် အခြေ အနေဖြင့် ခွဲခြားမှုမရှိဘဲ အလုံးစုံတိုက်ခိုက်မှုများ ပြုလုပ်ကာ အီရန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ နေရာ အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါသည်။ ထိုနေရာများအနက် စစ်ရေးမဟုတ်သော အရပ်ဘက် နေရာများလည်း ပါဝင်ခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကို ပိုမိုခိုင်မာစေသည့်အပြင် ဟော်မုဇ် ရေလက်ကြား အတွင်း ဝင်ရောက်စွက်ဖက်နေသော နိုင်ငံခြားတပ်ဖွဲ့များကို ချေမှုန်းရန် မိုဂျာဟစ်ဒ်ဒီးန် များ၏ ဆုံးဖြတ်ချက် ကိုလည်း ပိုမိုခိုင်မာစေခဲ့ပါတယ်။

အစောင့်တပ်၏ ရဲရင့်သော မိုဂျာဟစ်ဒ်ဒီးန် များသည် ကျူးကျော်သူများအား နောင်တရစေမည့် တုံ့ပြန်မှုကို စတင် ပြုလုပ်နေပြီဖြစ်ပါတယ်။ ထိုလုပ်ဆောင်မှု၏ ပထမဆုံးအဆင့်အနေဖြင့် အာကာသနှင့် လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ခေတ်မီကာကွယ်ရေးစနစ်ကို အသုံးပြု၍ အမေရိကန်ကျူးကျော်တပ်ဖွဲ့၏ ခေတ်မီ MQ-9 ဒရုန်း အစီး ၅၀ မြောက်ကိုလည်း ပစ်ချဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။

မူ မိုဂျာဟစ်ဒ်ဒီးန် များ၏ စစ်ဆင်ရေးမှ ရရှိလာသည့် ရလဒ်များကို နောက်ပိုင်းတွင် အီရန်၏ ဂုဏ်သရေရှိ ပြည်သူ များထံ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါတယ်။

အောင်ပွဲနှင့် အောင်မြင်မှုသည် အစွမ်းထက်၍ ဉာဏ်ပညာကြီးမားတော်မူသော အလ္လာဟ်အရှင်မြတ်ထံမှသာ ဖြစ်သည်။ (ကုရ်အာန်ကျမ်းတော်မြတ်)

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha