၂ စက်တင်ဘာ ၂၀၂၆ - ၂၁:၁၅
အမေရိကန် တပ်မှူးများ နေထိုင်ရာ အလီ အယ်လ်ဆာလမ် အခြေစိုက်စခန်းသို့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က အင်အားပြင်းထန်စွာ တိုက်ခိုက်

အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ထုတ်ပြန်ချက်တစ်ရပ်တွင် အလီ အယ်လ်ဆာလမ် အခြေ စိုက်စခန်းရှိ အမေရိကန်တပ်မှူး၏ ကွပ်ကဲရေးဌာနနှင့် နေထိုင်ရာနေရာ၊ ဒရုန်းလေယာဉ်ရုံနှင့် ဒရုန်းများ ဖြန့်ချ ထားရာ လေယာဉ်ပြေးလမ်းနေရာတို့ မီးလောင်ကျွမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနက ကူဝိတ်ပြည်သူများထံသို့ ထုတ်ပြန်ချက် တစ်ရပ်တွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

ဂုဏ်သိက္ခာရှိပြီး ရက်ရောသော ကူဝိတ်ပြည်သူများခင်ဗျာ ...

မနေ့ညက စာတန်၏ သားများဖြစ်ပြီး ၎င်းတို့ထဲမှ အချို့သည် ကူဝိတ်နိုင်ငံရှိ ‘အကြီးမားဆုံးစာတန်’ ၏ အခြေစိုက်စခန်းများတွင် တပ်စွဲထားသူများဖြစ်ကြကာ ဒေသအတွင်း ကြီးမားသော ရာဇဝတ်မှုတစ်ရပ်ကို ကျူးလွန်ခဲ့ကြပါတယ်။ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ပြီး ကလေးသူငယ်များကို သတ်ဖြတ်သည့် အမေရိကန် စစ်တပ်သည် စီရစ်ခ်မြို့ရှိ လူနေအိမ်တစ်လုံးကို ဗုံးကြဲကာ လူများကို သွေးမြေကျစေခဲ့ပြီး၊ စွန်နီ မွတ်စလင်မ် လူငယ်စုံတွဲတစ်တွဲ၏ မင်္ဂလာစေ့စပ်ပွဲကို ဝမ်းနည်းဖွယ်အခမ်းအနားအဖြစ် ပြောင်းလဲ ပစ်ခဲ့ပါသည်။

ဤအကြမ်းဖက်တိုက်ခိုက်မှုတွင် အပြစ်မဲ့ပြည်သူ ၇၀ နီးပါး ထိခိုက်ခဲ့ပြီး ၎င်းတို့အနက် ကလေးတစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

ထုတ်ပြန်ချက်တွင် ဆက်လက်၍ ဤရာဇဝတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ယနေ့အရုဏ်တက်ချိန်တွင် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ မြေပြင်တပ်ဖွဲ့မှ ရဲရင့်သော တိုက်ခိုက်ရေးသမားများသည် ဂျော်ဒန်၊ ဘာရိန်း နှင့် အာရ်ဘီးလ်ရှိ အမေရိကန်၏ ရန်ဘက်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက် ခဲ့ကြပါတယ်။

ထို့အပြင် အလီအယ်လ်ဆာလမ် အခြေစိုက်စခန်းရှိ အမေရိကန်တပ်မှူး၏ ကွပ်ကဲရေးဌာနနှင့် နေထိုင်ရာနေရာကို ဒုံးကျည်နှင့် ဒရုန်းများ ပေါင်းစပ်အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ ရန်သူတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပါတယ်။

ထို့နောက် ပြည်သူများကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဒရုန်းများ၏ လေယာဉ်ရုံနှင့် ဒရုန်းများ ဖြန့်ချထား ရာနေရာကို မီးရှို့ခဲ့ပြီး ဒရုန်းအချို့ကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်က ဆက်လက်၍  ဂုဏ်သိက္ခာရှိသော ကူဝိတ်ပြည်သူများခင်ဗျာ၊ ကျွန်ုပ်တို့သည် သင်တို့ အပေါ် ထား ရှိသည့် ချစ်ခင်မှုနှင့် ကျွန်ုပ်တို့၏ ဆက်နွယ်မှုကို သင်တို့ကောင်းစွာ သိရှိကြပါသည်။ ကျွန်ုပ်တို့အတွက် နာကျင် စရာနှင့် စိုးရိမ်ဖွယ်အကောင်းဆုံးအရာမှာ အမေရိကန်၏ ကလေးသူငယ်သတ်ဖြတ်သည့်၊ အကြမ်း ဖက်စစ် တပ်က အစ္စလာမ်မစ်နယ်မြေများကို သိမ်းပိုက်ထားခြင်းပင် ဖြစ်ပါတယ်။

ဤတိုက်ခိုက်မှုများသည် သန့်ရှင်းမြင့်မြတ်သော ကူဝိတ်မြေ၊ ရက်ရောသော ပြည်သူများ၏ နိုင်ငံကို အမေရိကန် ‘ကာဖိရ်’ များ၏ အညစ်အကြေးမှ သန့်စင်ရှင်းလင်းရာတွင် သင်တို့အား ကူညီပေးခြင်းပင် ဖြစ်ပါတယ်။

အမေရိကန်၏ လွှမ်းမိုးချုပ်ကိုင်မှုနှင့် သွေးဆာသော ဇီယွန်ဝါဒီအစိုးရ ပျက်စီးဆုံးရှုံးပြီး၊ ဂုဏ်သိက္ခာရှိသော ကူဝိတ်ပြည်သူများသည် ကျူးကျော်သိမ်းပိုက်သူများ၏ လက်အောက်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာ ရရှိကြပါစေဟု မျှော်လင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha