၂ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၆
အာရ်ဘီလ်နှင့် စူလေမာနီယာတွင် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ၊ ပြင်းထန်သော ပေါက်ကွဲသံများ

အီရတ်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အာရ်ဘီလ်နှင့် ဆူလေမာနီယာမြို့များရှိ အမေရိကန် စစ်ဘက် ဆိုင်ရာ အဆောက်အအုံများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ပြီးနောက် ပြင်းထန်သော ပေါက်ကွဲသံ များကို ကြားခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ ၏ သတင်းအရ အီရန်အပေါ် အမေရိကန်စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရတ်နိုင်ငံ အာရ်ဘီလ်နှင့် ဆူလေမာနီယာမြို့များရှိ အမေရိကန်စစ်စခန်းများနှင့် စစ်ဘက် ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် ထိုဒေသအတွင်း ပေါက်ကွဲ သံအများ အပြားကို ကြားခဲ့ရပါတယ်။

အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ပြောကြားချက်အရ အီရန် လက်နက်ကိုင် တပ်ဖွဲ့များ သည် အာရ်ဘီလ်မြို့ရှိ အမေရိကန်စစ်တပ်နှင့် ဆက်နွှယ်သော ပြုပြင်ထိန်းသိမ်းရေးစင်တာတစ်ခု၊ နည်းပညာ ဆိုင်ရာ ပစ္စည်းများ သိုလှောင်ရုံများနှင့် သူလျှိုမိုးပျံပူဖောင်းများ၏ လမ်းညွှန်ထိန်းချုပ်ရေးစနစ်ကို ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများဖြင့် ဖျက်ဆီးခဲ့ပါတယ်။

အခြားတစ်ဖက်တွင် အာရပ်မီဒီယာများကလည်း အီရတ်နိုင်ငံ ဆူလေမာနီယာမြို့တွင် ပြင်းထန်သော ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ဖော်ပြခဲ့သည်။ သို့သော် အဆိုပါပေါက်ကွဲမှုများ၏ အပြည့်အစုံဖြစ်စဉ်နှင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ ယခုအချိန်အထိ မသိရသေးပေ။

ထို့အပြင် ဘာရိန်းနိုင်ငံ၏ သတင်းအေဂျင်စီကလည်း ဘာရိန်းနိုင်ငံ၏ လေပိုင်နက်အပေါ်တွင် ရှိနေသော အီရန် ဒရုန်း များ ကို ဘာရိန်း၏ လေကြောင်းကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြော ကြား ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha