အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အီဗရာဟီးမ် ဇိုလ်ဖေကာရီ က အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံ တောင်ပိုင်းဒေသများရှိစစ်ဘက် နှင့် အရပ်ဘက်ဆိုင်ရာ နေရာအချို့ကို လေကြောင်းမှ တိုက်ခိုက်ဗုံးကြဲခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန် လက်နက် ကိုင်တပ်ဖွဲ့များက ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်မှတ် ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အဆိုပါစစ်ဆင်ရေးများကြောင့် အမေရိကန်စစ်စခန်းများ၏ အခြေခံအဆောက်အအုံများ၊ စစ်ဘက် ဆိုင်ရာ အဆောက်အအုံများ၊ လက်နက်များနှင့် စစ်ဘက်သုံးပစ္စည်းများ ထိခိုက်ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ် ခဲ့ပြီး အမေရိကန်တပ်မှူးများနှင့် စစ်သားအများအပြား သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း သတင်း များ ထွက်ပေါ် နေသည်ဟု ဆိုပါတယ်။
ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ကို ဆန့်ကျင်သည့် အဆိုပါ “သင်ခန်းစာပေးသော” တန်ပြန်တိုက်ခိုက် မှုများ သည် အမေရိကန်ဘက်က ၎င်းတို့၏ ပြစ်မှုများအတွက် နောင်တမရမချင်း ဆက်လက် လုပ်ဆောင်သွား မည်ဟု ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူးကြီး အီဗရာဟီးမ် ဇိုလ်ဖေကာရီ က ထပ်မံသတိပေးရာတွင် ဒေသတွင်း၌ အမေရိကန်၏ ရန်လိုလှုပ်ရှား မှုများ ဆက်လက်ဖြစ်ပွားနေပါက ပိုမိုပြင်းထန်၊ ပိုမိုကျယ်ပြန့်ပြီး ပိုမိုဖျက်ဆီးနိုင်သော တုံ့ပြန်မှုကို ရင်ဆိုင်ရ မည်ဟု ဆိုပါတယ်။
၎င်းက အမေရိကန်စစ်တပ်နှင့် မည်သည့်နိုင်ငံမဆို ပူးပေါင်းဆောင်ရွက်ပါက ထိုပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်ရှိသော အကျိုးဆက်များကို ရင်ဆိုင်ရမည် ဟု သတိပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment