အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ ၏ သတင်းအရ အစ္စရေးမီဒီယာများက ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ စခန်းတစ်ခုကို အီရန်ဒုံးကျည်များ တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သတင်းအချို့ ရရှိထားသည်ဟု ဖော်ပြခဲ့ပါတယ်။
အဆိုပါသတင်းများ ထွက်ပေါ်လာချိန်မှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့များက မကြာသေးမီက အမေရိကန်၏ ရန်လိုတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ဆင်ရေးများ စတင်လုပ်ဆောင်နေချိန်ဖြစ်သည်။ ဂျော်ဒန် မီဒီယာများ ကလည်း မကြာမီကပင် နိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ပေါက်ကွဲသံများစွာ ကြားခဲ့ရကြောင်း သတင်း ပေးပို့ခဲ့ပါတယ်။
သတင်းအချို့အရ ဂျော်ဒန်နိုင်ငံရှိ Muwaffaq Salti လေတပ်စခန်းကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး အဆိုပါနေရာရှိ အမေရိကန်စစ်သားများ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်မှတ် ထားခဲ့ သည်ဟု ဆိုပါတယ်။
အီရန်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အမေရိကန်သည် ယနေ့တွင်လည်း အီရန်နိုင်ငံ၏ ဒေသ အမျိုးမျိုးကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်လက်နက်ကိုင်တပ်ဖွဲ့များက ချက်ချင်း ပင် ပြတ်သားပြီး အင်အားပြည့်ဝသော တန်ပြန်စစ်ဆင်ရေးများကို စတင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment