ဖိုကာဟာယေ ရှိုရဟ်ရေနေဂဲဗန် ၏ အဖွဲ့ဝင် မဂ်ျလစ်စေ ခိုဗ်ရေဂန် နေ ရဲဟ်ဗရီ ၏ အဖွဲ့ဝင် ဟဇရသ် အာယာသွလ္လာဟ် ဟာဂ်ျ မိုဟမ္မဒ် မိုအ်မင် သည် တီဟီရန်မြို့ ရှိ ဆေးရုံ တစ်ရုံ တွင် ရက်ရှည် မနာမကျန်း မှု ကို ကုသရင်း အလ္လာဟ် ဟို အရှင်မြတ် သခင် ၏ အမိန့်တော် ကို ခဲ့ယူသွားကြောင်း အထူးဝမ်းနည်းစွာ ဖြင့် သိရှိရပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
بسم الله الرحمن الرحیم
إنّا لله وإنّا إلیه راجعون
အဗ်နာ သတင်း ဌာန ၏ သတင်းအထောက်အထား အရ ဖိုကာဟာယေ ရှိုရဟ်ရေနေဂဲဗန် ၏အဖွဲ့ဝင် မဂ်ျလစ်စေ ခိုဗ်ရေဂန် နေ ရဲဟ်ဗရီ ၏အဖွဲ့ဝင် ဟဇရသ် အာယာသွလ္လာဟ် ဟာဂ်ျ မိုဟမ္မဒ် မိုအ်မင် သည် အချိန်ကာလကြာကြာ နာမကျန်း ဖြစ်ခဲ့ပါတယ် ။
အာယာသွလ္လာဟ် အနေဖြင့် အစ ပထမပိုင်း တွင် ကွမ်းမြို့ ရှိ ဆေးရုံ တစ်ရုံ တွင် ကုသမှု ခံယူခဲ့ပါတယ်။ပြီးနောက် မြို့တော် တီဟီရန် ရှိ ဆေးရုံ သို့ပြောင်း၍ ထပ်မံ ကုသမှုကို ခံယူခဲ့ပါတယ် ။
တီဟီရန် ဆေးရုံတွင် ကာလရှည် နာတာရှည် ရောဂါ ဖြင့် အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားပါတယ် ။
ဟဇရသ် အာယာသွလ္လာဟ် ဟာဂ်ျ မိုဟမ္မဒ် မိုအ်မင် အား အီရန် အစ္စလာမ် မစ် သမ္မတ နိုင်ငံကွမ်း မြို့ တွင် အီရန် သက္ကရာဇ် ၁၃၁၉ တွင် မွေးဖွားခဲ့ပါတယ် ။
၎င်းအနေဖြင့် အေမာမ် ခိုမေနီ ၊ အာယာသွလ္လာဟ် ဟာအေရီ ၊ အာယာသွလ္လာဟ် အလာမာ သဗာသဗာ အီ၊ အာယာသွလ္လာဟ် အလ်အွဇ်မာဆရက်ဒ် မိုဟမ္မဒ်ရေဇာ ရိုလ်ဗိုင်ဂန်နီ တို့ထံ မှ အေဂ်ျသဟစ် အဆင့် ကိုဆွတ်ခူးခဲ့ပါတယ် ။
အလ္လာဟ်ဟို အရှင်မြတ် သခင် အနေဖြင့်ဤ ကြီးကျယ် ပြီးတန်ဖိုး မဖြတ်နိုင်သည့် အာလင်မ် မေ ဒီးန် အပေါ် မိမိ၏ ကြီးမား ကျယ်ပြန့် သည် ရဲဟ်မသ်တော် ၏ အရိပ် အောက် တွင် ထားတော်မူပါ ။
=====================
251 / END