?>

NUGက ပြင်သစ်အစိုးရနှင့် တွေ့ဆုံစည်းရုံးပေးရန် တောင်းဆိုသည့် အရေးပေါ်ကြေညာချက် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ထုတ်ပြန်

NUGက ပြင်သစ်အစိုးရနှင့် တွေ့ဆုံစည်းရုံးပေးရန် တောင်းဆိုသည့် အရေးပေါ်ကြေညာချက် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ထုတ်ပြန်


Totalကုမ္ပဏီ စစ်ကောင်စီထံပေးဆောင်ရမည့် အမေရိကန်ဒေါ်လာ သန်းပေါင်း၂၅၀အား တားဆီးနိုင်ရန် ပြည်သူလူထု ကိုယ်စားပြု အစိုးရတစ်ရပ်အနေဖြင့် NUGအား ပြင်သစ်အစိုးရနှင့် တွေ့ဆုံစည်းရုံးခြင်း လုပ်ဆောင်ပေးရန် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခြင်းကို ဇွန်လ ၁၀ရက်နေ့တွင် သွေးစွန်းငွေအဖွဲ့မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


Totalကုမ္ပဏီ စစ်ကောင်စီထံပေးဆောင်ရမည့် အမေရိကန်ဒေါ်လာ သန်းပေါင်း၂၅၀အား တားဆီးနိုင်ရန် ပြည်သူလူထု ကိုယ်စားပြု အစိုးရတစ်ရပ်အနေဖြင့် NUGအား ပြင်သစ်အစိုးရနှင့် တွေ့ဆုံစည်းရုံးခြင်း လုပ်ဆောင်ပေးရန် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခြင်းကို ဇွန်လ ၁၀ရက်နေ့တွင် သွေးစွန်းငွေအဖွဲ့မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

EUကချမှတ်ထားသည့် ပိတ်ဆို့မှုတွင် ကင်းလွတ်ခွင့်ဆိုသောအချက် ပါဝင်နေပြီး ထိုကင်းလွတ်ခွင့်ကိုသုံးပြီး Total ကုမ္ပဏီက စစ်ကောင်စီအား အမေရိကန်ဒေါ်လာ သန်း၂၅၀နှင့် ရေနံစီမံကိန်းပိတ်သိမ်းခများ ပေးဆောင်နိုင်ချေ ရှိနေသောကြောင့် Total ကုမ္ပဏီမြန်မာနိုင်ငံမှ မထွက်ခင် အချိန်မီတားဆီးနိုင်ရန် ယင်းကဲ့သို့ တိုက်တွန်းရခြင်း ဖြစ်သည်ဟု သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့ဝင် လူငယ်တစ်ဦးက ဆိုသည်။

“Totalက ဒီပိုက်ဆံတွေ စကစကို ပေးခဲ့ဖို့က ကင်းလွတ်ခွင့်ကိုသုံးရမှာပါ။ ကင်းလွတ်ခွင့်ကို သုံးဖို့က သူတို့နိုင်ငံရဲ့အစိုးရပေါ့နော် ပြင်သစ်အစိုးရက ခွင့်ပြုပေးရမှာပါ။ ပြင်သစ်အစိုးရ ခွင့်မပြုရင် ကင်းလွတ်ခွင့်ကို သုံးလို့မရပါဘူး။ Totalက၇လပိုင်း ၂၀ရက်နေ့ဆိုရင် မြန်မာနိုင်ငံက ထွက်တော့မှာဆိုတော့ အချိန်ကလည်း တအားကပ်နေပါပြီ။ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့လည်း တားဆီးဖို့ လုပ်ဆောင်ရမယ့် နေရာတွေမှာ အကုန်လုပ်နေပါတယ်။ NUGက အစိုးရဆိုတော့ အစိုးရအချင်းချင်း တွေ့ပြီး ညှိနှိုင်းစည်းရုံးတာမျိုး လုပ်နိုင်မှာပါ။ ဒီသန်းပေါင်း၂၅၀ ဆိုတဲ့ပိုက်ဆံ မရောက်ရေးကလည်း တော်လှန်ရေးမှာ တအားအရေးကြီးပါတယ်။ ဒါကြောင့်NUGကိုတောင်းဆိုတိုက်တွန်းတဲ့ ကြေညာချက်ထုတ်တာပါ“ဟု သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့၏လူငယ်တစ်ဦးက ပြောသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဒေါ်ဇင်မာအောင်အနေနဲ့တော့ အစိုးရတွေနဲ့တော့တွေဆုံပြီး လုပ်ဆောင်နေတာတွေရှိပါတယ် ။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့တော့ တိုက်ရိုက်ထိတွေ့တာမျိုးတော့ မရှိပါဘူး ။ ဒီကရတဲ့အချက်အလက်တွေကိုတော့ ဝန်ကြီးဌာနအချင်းချင်း ပို့ပြီးတော့ သူတို့ကနေတစ်ဆင့် လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနတွေအနေနဲ့ကတော့ နိုင်ငံခြား ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေကို တိုက်ရိုက်စာပို့တာမျိုးတော့ရှိပါတယ်”ဟု NUG ၏ စွမ်းအင်နှင့်ဝန်ကြီးဌာန အတွင်းဝန် ဦးထက်နိုင်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် EUက MOGEအား စီးပွားရေးပိတ်ဆို့မှုချမှတ်ခဲ့ပြီး ထိုပိတ်ဆို့မှုတွင် ကင်းလွတ်ခွင့်ဆိုသည့် အချက်များပါဝင်နေသည်။

ထိုကင်းလွတ်ခွင့်များအား အသုံးပြု၍ Total ကုမ္ပဏီက စစ်ကောင်စီအား ပေးဆောင်ရန်ရှိသည့် အမေရိကန်ဒေါ်လာ သန်း၂၅၀အား စစ်ကောင်စီလက်ထဲ မရောက်ရှိရေး သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့မှ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုထုတ်ပြန်ချက်သည် ပထမဆုံးအကြိမ် အရေးပေါ်ထုတ်ပြန်ချက် ဖြစ်သည်။

****************************************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*