?>

အစ္စရေး ကိုဆန်ကျင့်သည့် ဆော်ဒီ ဘာသာရေးပညာရှင် အား သေဒဏ် ချမှတ်

အစ္စရေး ကိုဆန်ကျင့်သည့် ဆော်ဒီ ဘာသာရေးပညာရှင် အား သေဒဏ် ချမှတ်

အစ္စလာမ်မစ် နိုင်ငံတော် ဟု ခေါ်ဆိုသည့် ဆော်ဒီ အာရေးဗီးယား နိုင်ငံ မှ မွတ်စလင် သိန်းပေါင်း များစွာ ကို သတ်ဖြတ်ခဲ့သည့် သတ်ဖြတ်နေသည့် အစ္စရေး ကိုလိုနီ နှင့် ချစ်ကြည်ရေး ပြုခြင်းကို ဆန်ကျင့် မှု ပြုသည့် အကျော် အမော် ဆော်ဒီ ဘာသာရေး ပညာရှင် (အာလင်မ် ) တစ်ပါးဖြစ်သူ ရှိက်ခ် စလ်မန် အလ်အူဒ်ဒဟ် အား သေဒဏ်ချမှတ် လိုက်ကြောင်း သိရှိ ရပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အသေးစိတ် အချက်အလက် များအရ ဆော်ဒီ အာရေးဗီးယား နိုင်ငံ ၏ လက်ရှိ အုပ်ချုပ်သူ အစစ်အမှန် ဖြစ်သည့် ဆော်ဒီ အိမ်ရှေ့ မင်းသား မိုဟမ္မဒ် ဗင် စလ်မန် အနေဖြင့် ဂျူးများ နှင့် နီးကပ်မှု ရစေရန် နှင့် အစ္စရေးတို့၏ ကျေနပ် နှစ်မြို့ အတွက် ကအ်ဗာ ဝတ်ကျောင်းတော် ရှိသည့် မြေ တွင် မလုံမခြုံ ဝတ်ဆင်မှုများ ၊ ညစ်ညမ်းသည့် တရားမဝင် လိင်ကိစ္စများ ကို ပွင့်လင်းမြင်သာမှု နှင့် အမြင်အသစ် အဖြစ် အမည် တပ်ပြီး အရှိန် မြှင့်အောင် ပြုလုပ်နေကြောင်း သိရှိရပါတယ်။

ဆော်ဒီ ပြည်သူများ နှင့် အစ္စလာမ်ဘာသာဝင်ကို လေးစားသူများ အသိုင်းအဝိုင်း ကတော့ အစ္စရေး ကို ထောက်ခံ ခြင်းနှင့် ဂျူးလူမျိုးနှင့် နီးစပ်မှု အတွက် ဆန်ကျင့် ခဲ့ကြပါတယ်။ မိုဟမ္မဒ် ဗင် စလ်မန် ဘက်မှ လည်း ဆန်ကျင့် သူများ အားလုံး ကို နှိမ်နင်းရန် အမိန့်များ ထုတ်ပြန်ထားပါတယ်။

အစ္စရေး နှင့် ချစ်ကြည်ရေး ကိစ္စအား ဆန်ကျင့်သည့် အကျော် အမော် ဆော်ဒီ ဘာသာရေး ပညာရှင် (အာလင်မ် ) တစ်ပါးဖြစ်သူ ရှိက်ခ် စလ်မန် အလ်အူဒ်ဒဟ် အား သေဒဏ် ချမှတ် လိုက်ပါတယ်။

ရှိက်ခ် စလ်မန် အလ်အူဒ်ဒဟ် အား ဖမ်းဆီးပြီးနောက် အကြမ်းဖက် မှုကြောင့်ဆိုပြီး မတရား ပုဒ်မ ၊ အတု အယောင် ပုဒ်မ ကို တပ်ပြီး ၎င်း အား သေဒဏ် ချမှတ် ခဲ့ကြောင်းဖြစ်ပါတယ်။

ရှိက်ခ် စလ်မန် အလ်အူဒ်ဒဟ် အား သေဒဏ်ချမှတ် ပြီးနောက် ရှိက်ခ် စလ်မန် အလ်အူဒ်ဒဟ် မှ တရားရုံးတွင် နောက်ဆုံး ထွက်ဆိုခဲ့သည့် စကား မှာ (( အလ္လာဟ် ဟို အရှင်မြတ် ၏ ခုံရုံး ၊ တရားရုံး တွင် မိုဟမ္မဒ် ဗင်စလ်မန် အား လက်စားချေမည် )) ဆိုပြီး ဖြစ်ပါတယ်။

ဆော်ဒီ လူထု ၏ တုံ့ပြန်မှု ကန့်ကွက် ဆန္ဒ ထုတ်ဖော်များကြောင့် သေဒဏ်အား အချိန် အတန်ကြာ အထိ ရွေ့ဆိုင်း ထား ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*