-
ခါသန်မိုလ်အန်ဗီယာ(ဆွ)ဗဟိုစစ်ဌာနချုပ် ၏ဗိုလ်ကြီး ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် တွေ့ဆုံ
ဗိုလ်ချုပ်ကြီး အဗ်ဒွလ္လာဟ်ဟီ သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ နှင့် တွေ့ဆုံရာတွင် ကြည်းတပ်၊ တော်လှန်ရေးအစောင့်တပ်၊ ဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်ခြားစောင့်တပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သူရဲကောင်း ဗစီးဂျ် များ အပါအဝင် အီရန် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြင်ဆင်မှုဆိုင်ရာ အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။
-
အီရန်သင်္ဘောများကို တိုက်ခိုက်ပါက ပစ်မှတ်ထားမည်ဟု အီရန် တော်လှန်ရေးအစောင့်တပ်က သတိပေး
အီရန်သင်္ဘောများကို တိုက်ခိုက်ပါက ချက်ချင်းအရေးယူဆောင်ရွက်မည်ဟု အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်က သတိပေးခဲ့ပါတယ်။
-
အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်အပေါ် ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ခြင်း
အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ် သခင်အပေါ် ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ် တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။
-
ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဆယက်ဒ်မဂျီးဒ်ခါဒမီ ၏ ရက် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ / ရှီးရာဇ် ။ ။ Photos
အဗ်နာ ။ ။ ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဆယက်ဒ်မဂျီးဒ်ခါဒမီ (အစ္စလာမ်တော်လှန်ရေးအစောင့်တပ်၏ ထောက်လှမ်း ရေးအဖွဲ့ အကြီးအကဲ) ၏ အာဇာနည်အဖြစ် ကွယ်လွန်ခြင်း ရက် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို မေလ ၆ရက် နေ့ ၂၀၂၆ ခုနှစ် တွင် ရှီးရာဇ် မြို့ ၌ လေးစားအပ်ပါသော တပ်မတော်အကြီးအကဲများ ၊ ရှဟီးဒ် ၏ မိသားစုဝင် များ ရှေ့မှောက်တွင် ကျင်းပခဲ့ပါတယ်။ ပြည်သူလူထု အများအပြား လည်းတက်ရောက်ခဲ့ကြပါတယ်။
-
ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဂိုလာမ် ရေဇာ စိုလိုင်းမန်နီ အား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ ။ ။ Photos
အဗ်နာ ။ ။ တီဟီရန် ဗစီးဂျ် အဖွဲ့အစည်း၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဂိုလာမ် ရေဇာ စိုလိုင်းမန်နီ အား အောက်မေ့ဖွယ် အခမ်းအနားကို မေလ ၆ရက် နေ့ ၂၀၂၆ ခုနှစ် တွင် တီဟီရန်မြို့တော်ရှိ မတ်စ်ဂျစ်ဒ် ဗရန်းမ်ဗရ်အအ်ဇန်းမ် ၊ ရှဟီးဒ် မဟလာသီ မြို့သစ် တွင် ကျင်းပခဲ့ပါတယ်။
-
အိုမန်နိုင်ငံ၏ မုဖ်သီချုပ်သည် မွတ်စလင်မ် အွန်မသ်ကြီး အနေဖြင့် ဂါဇာ နှင့် အီရန်အပေါ် ကျူးကျော် မှုကို ဆန်ကျင့် ရန် စည်းလုံးညီညွတ်ပေးဖို့ မေတ္တာရပ်ခံ
အိုမန်နိုင်ငံ၏ မုဖ်သီချုပ်သည် မွတ်စလင်မ် အွန်မသ်ကြီး အနေဖြင့် ဂါဇာ နှင့် အီရန်အပေါ် ကျူးကျော်မှုကို ဆန်ကျင့် ရန် စည်းလုံးညီညွတ်ပေးဖို့ မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်။
-
အင်န်ရှာအလ္လာဟ် မကြာမီ ။ ။ cartoon
အဗ်နာ ။ ။ ကာတွန်းဆရာမှ မိမိ ၏ အနုပညာကို သုံးပြီး ထရမ့်၏ နောက်ဆုံးရလဒ်ကို ဆွဲပြထားပါတယ်။ အင်န်ရှာအလ္လာဟ် ဤအတိုင်း မကြာမီ ဖြစ်လာမည်ဖြစ်ပါတယ်။
-
ဘဂ္ဂဒက်တွင်အရေးကြီးသော နိုင်ငံရေးအစည်းအဝေးတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူသည် အစိုးရ သစ်ဖွဲ့စည်း ရန် H.I ဆယက်ဒ် အမာရ်ဟကီးမ် နှင့် ဆွေးနွေး
အီရတ်ခေါင်းဆောင် H.I ဆယက်ဒ် အမာရ်ဟကီးမ် သည် အစိုးရသစ်ဖွဲ့စည်းရန်နှင့် စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အရည်အချင်းပြည့်မီသော ဝန်ကြီးများ ရွေးချယ်ခြင်းကို အလေးပေးပြောကြားခဲ့ပါတယ်။
-
အစ္စရေးက မြေပြင်စစ်ပွဲကို ဘာကြောင့်ကြောက်နေရတာလဲ? လက်ဘနွန်ရဲ့ ရှုပ်ထွေးတဲ့ ပထဝီဝင် အနေအထား က အစ္စရေးအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်
အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ ဖော်ပြချက်အရ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းမှာ လေကြောင်းနဲ့ အမြောက်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပေမယ့် မြေပြင်စစ်ဆင်ရေးတွေကို ရှောင်ရှား နေတယ် လို့ ဆိုပါတယ်။
-
အီရန် ရေတပ်က တရားမဝင် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီး
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ရေတပ်၏ ကွန်မန်ဒိုတပ်ဖွဲ့တစ်ခုသည် အီရန်ဥပဒေများကို ချိုးဖောက် သော ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပါတယ်။
-
အီရန်နိုင်ငံဟာ ဖိအားကြောင့် ခေါင်းညွှတ်မည်မဟုတ်ကြောင်း ပြည်သူများ ကို ကာကွယ်ဖို့ ၁၀၀၀% အသင့်ရှိ နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အမေရိကန် ကို ဖိအားပေးမှု၊မတရားပြုမှု အသစ်များ ပြုလုပ်ခြင်း ကို ရှောင်ကြဉ်ဖို့ သတိပေးခဲ့ပါတယ်။
-
ဘာရိန်းတွင် ရှီအဟ် အာလင်မ်များကို ဖမ်းဆီးမှုလှိုင်းသစ်
ဘာရိန်းလုံခြုံရေးတပ်ဖွဲ့များသည် တရားရုံးအမိန့်မရှိဘဲ ရှီအဟ်အာလင်မ်များကို ဖမ်းဆီးမှု လှိုင်းသစ်တစ်ခု စတင် လိုက်ပါတယ်။
-
ရမ်ဒွါန် စစ်ပွဲအတွင်း အီရန် ရဲတပ်ဖွဲ့မှ ဒုံးကျည် ၁၈၅ စင်းကို ပျက်ပြယ်ခဲ့ ။ ။ video
အဗ်နာ ။ ။ ရမ်ဒွါန်စစ်ပွဲအတွင်း အီရန်ရဲတပ်ဖွဲ့စစ်ဆေးရေးနှင့် ဖျက်ဆီးရေးယူနစ်များမှ ဒုံးကျည် ၁၈၅ စင်းကို ပျက်ပြယ်ခဲ့ ကြောင်း ဖာရာ့ဂျ်ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။