-
ပင်လယ်ကွေ့ဒေသရှိ အမေရိကန်လွန် စနစ်သစ်မှ ကြိုဆိုပါသည်!
အီရန် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲက လူမှုကွန်ရက်ပေါ်တွင် တင်ထားသော ပို့စ်တစ်ခု၌ အမေရိကန် အာဏာပိုင်များကို သရော်ပြောဆိုခဲ့ပြီး ၊ အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်နိုင်ခြင်း မရှိသော် လည်း ထိုရေလက်ကြားအပေါ် ပိုင်ဆိုင်ခွင့်ရှိသည်ဟု ဆိုနေကြောင်း ရေးသားခဲ့ပါတယ်။
-
ဘင်ဂဗီးယား၏ သတ်ဖြတ်ရန် တိုက်တွန်းပြောဆိုမှုကြောင့် ဂျာမနီနှင့် ပြင်သစ်တို့ပင် တုံ့ပြန်ပြောဆိုလာ
အစ္စရေးနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး အီတာမာ ဘင်ဂဗီးယားက တစ်ညလျှင် ပါလက်စတိုင်းလူမျိုး ၃၀ မှ ၄၀ ဦးအထိ သတ်ဖြတ်သင့်ကြောင်း ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ အစ္စရေး၏ နိုင်ငံရေးအရ ထောက်ခံသူများ ဖြစ်သည့် ဂျာမနီနှင့် ပြင်သစ်တို့ပင် အဆိုပါပြောဆိုချက်အပေါ် တုံ့ပြန်ပြောဆိုလာခဲ့ကြပါတယ်။
-
အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး က အာဇာနည် အလီ လာရီဂျာနီ၏ မိသားစုဝင်များနှင့် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်မှူးကြီး မိုဟ်ဆင် ရေဇာအီသည် အာဇာနည် အလီ လာရီဂျာနီ၏ နေအိမ်သို့ သွားရောက်၍ ၎င်း၏ မိသားစုဝင်များနှင့် တွေ့ဆုံကာ စကား ပြောဆိုခဲ့ပါတယ်။
-
တီဟီရန် ၊ အေမာမ် ခိုမေနီ (ရ.ဟ) မိုဆွလာ တွင် အာယာသွလ္လာဟ် အေမာမ် ခါမေနာအီ (ရ.ဟ) ကွယ်လွန်ခြင်း ၄၀ ရက်ပြည့် အထိမ်းအမှတ် အခမ်းအနားပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ အီရန်နိုင်ငံ ၏ မြို့တော် တီဟီရန် မြို့ရှိ အေမာမ် ခိုမေနီ (ရ.ဟ) မိုဆွလာ တွင် အာယာသွလ္လာဟ် အေမာမ် ခါမေနာအီ (ရ.ဟ) ကွယ်လွန်ခြင်း ၄၀ ရက်ပြည့် အထိမ်းအမှတ် အခမ်းအနားပြုလုပ်ပါတယ်။ အခမ်းအနားသို့ နိုင်ငံရေး၊ တရားရေးနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီး များအပြင် ပြည်သူအများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။
-
ဘင်္ဂလားဒေ့ရှ် ရှီအဟ်အိုလမာကောင်စီ၏ လစဉ်အစည်းအဝေးကို သြစတြေးလျ ရှီအဟ်အိုလမာကောင်စီဥက္ကဋ္ဌ တက်ရောက်၍ ဒါကာမြို့တွင် ကျင်းပ + ဓာတ်ပုံများ
ဘင်္ဂလားဒေ့ရှ် ရှီအဟ်အိုလမာကောင်စီ၏ လစဉ်အစည်းအဝေးကို သြစတြေးလျ ရှီအဟ်အိုလမာကောင်စီဥက္ကဋ္ဌ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် အဘူလ်ကာစင်မ် ရဇဝီ တက်ရောက်မှုဖြင့် ဒါကာမြို့၌ ကျင်းပခဲ့ပါတယ်။
-
အာရပ်စော်ဘွားများပြည်ထောင်စုက အီရန်နှင့် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများကို ရပ်ဆိုင်း
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ညတွင် အီရန်နှင့် သက်ဆိုင်သည့် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် အရောင်းအဝယ်အားလုံးကို နောက်ထပ် အသိပေး ချက် မထုတ်ပြန် မချင်း ဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့ပါတယ်။
-
တူရကီ ၏ S-400 ရောင်းချရေး ကြိုးပမ်းမှု အခက်တွေ့ပြီး ရှေ့မဆက်နိုင်တော့
ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရောင်းချရန် တူရကီ၏ ကြိုးပမ်းမှုသည် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ရှေ့မဆက်နိုင်တော့ကြောင်း ရုရှားသတင်းစာ Kommersant က ဖော်ပြခဲ့ ပါ တယ်။
-
ထရမ့်၏ ကင်ဂျုံအွန်နှင့် တွေ့ဆုံရန် ကြိုးပမ်းမှု
အမေရိကန်အရာရှိများ၏ ပြောကြားချက်အရ အမေရိကန်သမ္မတသည် လာမည့် အာရှခရီးစဉ်အတွင်း မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် တွေ့ဆုံရန် ကြိုးပမ်းနေပါတယ်။ လက်ရှိသတင်းများအရ ယခု တွေ့ဆုံမှုကို ဆောင်းဦးရာသီတွင် စီစဉ်ရန် ကြိုးပမ်းနေပြီး နိုဝင်ဘာလအတွင်း ဖြစ်နိုင်သည်ဟု ဖော်ပြထားပါ တယ်။
-
ဂျာရက်ဒ် ကူရှ်နာ ၏ ဟားမတ်စ်အဖွဲ့အား ခြိမ်းခြောက်မှု / လက်နက်ဖြုတ်သိမ်းရန် မလိုက်နာပါက အမေရိကန် က အရေးယူမည်
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်၏ သမက်ဖြစ်ပြီး ဂါဇာဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများတွင် အမေရိကန် ကိုယ်စားလှယ် အဖြစ် ပါဝင်နေသူ ဂျာရက်ဒ် ကူရှ်နာက ဟားမတ်စ်အဖွဲ့အနေဖြင့် လက်နက်ဖြုတ်သိမ်းရန် သဘော တူညီချက်များကို မလိုက်နာပါက အမေရိကန်သည် ဂါဇာကို တိုက်ခိုက်မှုများ ပြန်လည်စတင်ရန် အစ္စရေး ကို ထောက်ခံမည်ဟု ပြောကြားခဲ့ပါတယ်။
-
ဒေသတွင်း အကျပ်အတည်း၏ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးပွဲစားပွဲသို့ ပြန်လည် ရောက်ရှိခြင်းဖြစ်သည်ဟု ကာတာပြော
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျစ်ဒ် အယ်လ်အန်ဆာရီ က ဒိုဟာ၏ ကြိုးပမ်းမှုများ သည် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းကို တားဆီးရန် ၊ ဟော်မုဇ်ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်ရန်၊ အပစ် အခတ်ရပ်စဲရန်နှင့် အကျပ်အတည်းတွင် ပါဝင်နေသည့် နှစ်ဖက်အဖွဲ့များကို ဆွေးနွေးပွဲစားပွဲသို့ ပြန်လည် ရောက်ရှိ စေရန် အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။
-
ကာတာအနေဖြင့် ပိုင်းလော့များ၏ အခြေအနေကို ရှင်းလင်းပေးရန် အီရန် တောင်းဆို
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တီဟီရန်အနေဖြင့် ပျောက်ဆုံးနေသော ပိုင်းလော့ ၃ ဦး၏ အခြေအနေကို ရှင်းလင်း သိရှိနိုင်ရန် နှစ်နိုင်ငံဆိုင်ရာ သံတမန်ရေးနည်းလမ်းများနှင့် ဥပဒေရေးရာ နည်းလမ်းများ ကို အသုံးပြု သွားမည်ဟု ပြောကြားခဲ့ပါတယ်။