အဗ်နာ ။ ။ ရန်ကုန်မြို့ တွင် (၁၅၀၁) ကြိမ်မြောက် တမန်တော်နေ့(ဆွ) အခမ်းအနားကို ယနေ့ စက်တင်ဘာလ ၂ရက်နေ့ ၂၀၂၆ ခုနှစ် နံနက်ပိုင်းတွင် တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံရုံး (ယာယီ) တာဝန်ခံ ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် တမန်တော်နေ့(ဆွ) အခမ်းအနား ကျင်းပရေး ဗဟိုကော် မတီမှ တာဝန်ရှိသူများ နှင့် ရှီအဟ်၊စွန်နီ မွတ်စလင်မ်များ တက်ရောက်ခဲ့ကြပါတယ်။Photos Credit - Yangon Region Government News
၂ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၄
News ID: 1860752









Your Comment