$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

((တရားမျှတစွာ အဆုံးအဖြတ်ပေးပါ ။ အို ! မိတ်ဆွေ)) မြန်မာ ဘာသာပြန် ထွက်ရှိ

  • News Code : 467715
  • Source : abna
Brief

မဂ်ျမာယေဂျဟာနီအဟ်လေ့ဘိုက် (အ.စ) တီဟီရန်၏ မိန်းမ နှင့်ကလေးများ ဌာန နှင့် အန်ဂျွန်မန် အေလ်မီ
ဟဇရသ်ဖွာတွေမာ မာစူမာ (စ.အ) မြန်မာ ၊ကွမ်း တို့မှပူပေါင်းပြီး ((တရားမျှတစွာ အဆုံးအဖြတ်ပေးပါ ။
အို ! မိတ်ဆွေ))အမည်ဖြင့် မြန်မာ ဘာသာပြန် စာအုပ် ထွက်ရှိပြီး မြန်မာနိုင်ငံ ရှိ ရှီအာ များ နေထိုင်ရာ
မြို့များတွင် အခမဲ့ ဓမ္မဒါနအဖြစ် အုပ်ရေ ၁၀၀ ထုတ်ဝေလှူဒါန်းခဲ့ပါသည်။

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

မဂ်ျမာယေဂျဟာနီအဟ်လေ့ဘိုက် (အ.စ) တီဟီရန်၏ မိန်းမ နှင့်ကလေးများ ဌာန နှင့် အန်ဂျွန်မန် အေလ်မီ ဟဇရသ်ဖွာတွေမာ မာစူမာ (စ.အ) မြန်မာ ၊ကွမ်း တို့မှပူပေါင်းပြီး  (( ဖိုက်စလာ အဗ်ကေအသ် )) ဆိုသည့်အူရ်သူ ဘာဖြင့် ရေးသားထားသည့် စာအုပ် အား((တရားမျှတစွာ အဆုံးအဖြတ်ပေးပါ ။ အို ! မိတ်ဆွေ))အမည်ဖြင့်  မြန်မာ ဘာသာပြန်ဆိုကာထုတ်ဝပြီး မြန်မာနိုင်ငံ ရှိ ရှီအာ များ နေထိုင်ရာ မြို့များတွင် အခမဲ့ ဓမ္မဒါနအဖြစ် အုပ်ရေ ၁၀၀ ထုတ်ဝေလှူဒါန်းခဲ့ပါသည်။

 

ဤစာအုပ်အား အိန္ဒိယ နိုင်ငံ ရှီအာများမှ အတွေးအခေါ် ပညာ ရှင် တစ်ဦးဖြစ်သည့် ဆရက် ဟိုစိန် ဟိုင်ဒဲရ်ရဇာဝီးမှ ရေးသားထားပြီး ရှိက်ခ် ဂျမားလ်ဟိုစိန် မာဇင်ဒရာနီ (တောင်ကြီး) မှ ဘာသာပြန် ရေးသားခဲ့ပါသည်။

 

စာအုပ်အတွင်း၌ စာရေးဆရာမှ ဟဒီးစ်စေ စကာလိုင်းအား ရှင်းလင်းတင်ပြထားပြီး ၊ယနေ့ မွတ်စလင်လူထု ကြီးအနေဖြင့် အဟ်လေ့ဘိုက်(အ.စ) ကိုမေ့လျော့ နေကြ ကြောင်း သက်သေအထောက်အထားများဖြင့်တင်ပြထားပါသည်။

 

စာမျက်နှာမှာ ၄၄ မျက်နှာရှိပြီး အုပ်ရေ ၁၀၀၀ ထပုံနှိပ်ထုတ်ဝေကာ မြန်မာနိုင်ငံ ရှိ ရန်ကုန် မြို့ ၊မန္တလေးမြို့ ၊ ပြည်မြို့ ၊ တောင်ကြီးမြို့ ၊ မြစ်ကြီးနား မြို့ ၊မော်လမြိုင်မြို့၊ ကလောမြို့ ၊ဝါးခယ်မ မြို့များတံင် အခဲမဲ့ ဓမ္မဒါနအဖြစ် သက်ဆိုင်ရာ ဂုဏ်သ ရေရှိ လူကြီးများ မှ တဆင့် ထုတ်ဝေလှူဒါန်းခဲ့ပါသည်။

 

အန်ဂျွန်မန် အေလ်မီ ဟဇရသ်ဖွာတွေမာ မာစူမာ (စ.အ) မြန်မာ ၊ကွမ်း အနေ ဖြင့်

မကြမီ အချိန်အတွင်း စာမျက်နှာ ၁၄၆ မျက်နှာ ဖြင့် မောင်လာအလီ (အ.စ) ၏ ဟဒီးစ်တော် ပေါင်း ၃၆၅ ဘာသာပြန်စာအုပ်အားထုတ်ဝေ လှူဒါန်းတော့မည် ဖြစ်ပါကြောင်း သတင်းကောင်းပါလိုက်ပါသည်။

 

ဤစာအုပ်၏ကုန်ကျစရိတ်အားမရ်ဟွမ်ဆရာဦးဖိုးလေး(တောင်ကြီး)၏ကျန်ရစ်သူမိသားစုဝင်များမှ မိမိတို့ ချွေးနည်းစာများဖြင့် ထုတ်ဝေ အီဆာလေစဝါးဘ် အဖြစ် ထုတ်ဝေ လှူဒါန်းမည်ဖြစ်ပါသည်။