$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ကရ်ဗလာ တွင် ကျဲဟ်လွန်မ် အချိန်အခါ တွင် မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ)(အ.စ)ဖက် မှ လက်ကမ်းစာစောင်များ လှူဒါန်း

  • News Code : 657865
  • Source : ABNA သတင်းဌာန
မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ)(အ.စ)ဖက် မှဘာသာစကား ငါးရပ်ဖြစ်သည့် အရဘီ၊ဖွာရစီ ၊တူရကီ ၊အင်္ဂလိပ်၊အူရ်ဒူ ဘာသာဖြင့် ကျဲဟ်လွန် အေမာမ် ဟိုစိုင်း(န) (အ.စ) ၏ ဇေယာရသ် ပြုသူ မိုမေနီ၊မိုနေမသ်များ အတွက် အရေးကြီးလိုအပ်သည့် ခေါင်းစဉ်များ နှင့် ဘာသာပြန် လက်ကမ်းစာစောင်များ ထုတ်ဝေ ဖြန့်ချိမှု ကို စီစဉ်ခဲ့ပါသည်။


အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ

=============================================


မဂ်ျမယေဂျဟာနီ  အဲဟ်လေ့ဘိုက်(သ)(အ.စ) အဖွဲ့မှ ဘာသာရေးဆိုင်ရာစာအုပ်စာပေများ ကိစ္စ နှင့်ပတ်သက်ပြီး ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်အလီ ခါမေနာ အီ၏ အမိန့်များ ကို လက်တွေ့ အကောင် အထည် ဖော်ဆောင် ရင်း ကရ်ဗလာမြို့  သို့ သွားရောက်ပြီး ဇေယာရသ်ပြုရန် လာရောက်သည့် မိုမေနီ မိုမေနသ်များ ကို ခေါင်းစဉ် ၁၆ မျိုး ဖြင့် လက်ကမ်းစာစောင်များ ကို လှူဒါန်း  ဖြန့်ချိ ခဲ့ပါသည်။


ကမ္ဘာ့ ဘာသာစကား ငါးရပ်ဖြစ်သည့်  အရဘီ၊ဖွာရစီ ၊တူရကီ ၊အင်္ဂလိပ်၊အူရ်ဒူ ဘာသာဖြင့်  ကျဲဟ်လွန် အေမာမ် ဟိုစိုင်း(န) (အ.စ) ၏ ဇေယာရသ် ပြုသူ မိုမေနီ၊မိုနေမသ်များ အတွက် အရေးကြီးလိုအပ်သည့် ခေါင်းစဉ်များ အတွက် ဘာသာပြန် လက်ကမ်းစာစောင်များဖြန့်ဝေ မှု ကို  စီစဉ်ခဲ့ပါသည်။


ခေါင်းစဉ်များမှာ ဇေယာရသ် ပြုရတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ၊ ခြေလျင် ဇေယာရသ် ပြုသူများ ဆိုင်ရာ လမ်းညွန်း ၊ ကျမ်းတော်မြတ် ကုရ်အာန် ၏ အရေးပါး အရေးကြီးမှု ၊ နမာဇ် နှင့် နမာဇ် မဖတ်ခြင်း ဆိုင်ရာ ပြစ်ဒဏ်များ ၊  အွန်မသ်မွတ်စလင်မ် သို့ အေမာမ်ခိုမေနီ(ရ.ဟ) နှင့် ဟဇရသ် အာ ယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်အလီ ခါမေနာ အီ၏ မိန့်ခွန်း များ ၊အေမာမ် ဟိုစိုင်း(န) (အ.စ) အတွက် ဝမ်းနည်းကြေကွဲမှု ၊ သက္က်ဖီးရီ လှုပ်ရှားမှုများ၏ အန္တရာယ်များ စသည်ဖြင့် ဖြစ်ပါသည်။


သိန်းပေါင်းများစွာသော ဖွာရစီ ဘာသာ ဖြင့် လက်ကမ်းစာစောင်များ ကို ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံတွင် ပုံနှိပ်ခဲ့ပြီး ၊အခြား ဘာသာစကားများ ကို ကူဖာမြို့   တွင် ပုံနှိပ်ခဲ့ပါသည်။  နိုင်ငံပေါင်း ၆၀ ကျော်မှ လာရောက်ကြသည့် သန်းပေါင်းများစွာ သော ဇေယာရသ် ပြုသူမိုမေနီ မိုမေနသ်များ အကြား အခမဲ့ လှူဒါန်း ဖြန့်ဝေခဲ့ပါသည်။


မဂ်ျမယေဂျဟာနီ  အဲဟ်လေ့ဘိုက်(သ)(အ.စ) အဖွဲ့မှ ဘာသာရေးဆိုင်ရာ လက်ကမ်းစာစောင်များ ကို လှူဒါန်း ယုံသာမက ၊ အီရန်အီရတ် နယ်စပ် ၊ နဂျဖ်ဖေအရှာရဖ်နှင့်ကရ်ဗလာခရီးစဉ် တစ်လျှောက် တွင် ဘာသာရေး စာအုပ်စာပေဆိုင်ရာ ရုံများ ထိုးပြီး ခေသ်မသ် ပြုခဲ့၊ပြုနေပါသည်။
ဤ ဘာသာရေး စာအုပ်စာပေဆိုင်ရာ ရုံများ တွင် ရှရီအီ ဆိုင်ရာ မေးခွန်း များကို ဖြေဆို ပေးမှု ကို လည်း စီစဉ် ထားပါသည်။


===========================


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*