$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိန္ဒိယ နိုင်ငံ ၏ ကမ္ဘာ့စာအုပ် ပွဲတော် တွင် ဝင်ရောက် နေရာယူ

  • News Code : 674603
  • Source : abna သတင်းဌာန
မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ မိမိတို့ ပုံနှိပ် ထုတ်ဝေထားသည့် စာအုပ်များ ဖြင့် အိန္ဒိယ နိုင်ငံ ၏ ကမ္ဘာ့စာအုပ် ပွဲတော် တွင် ဝင်ရောက် နေရာယူခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့ စာအုပ်ပွဲတော် တွင် မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ)  မှ မိမိတို့ ပုံနှိပ် ထုတ်စေထားသည့် စာအုပ်များ ဖြင့် စာအုပ်စာပေမိတ်ဆွေ များ လေ့လာကြည့် ရှုနိုင်ရန် ဝင်ရောက် နေရာယူခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံရှိ မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) တာဝန်ခံ မှ ကြီးမှူးပြီး မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ထုတ် စာအုပ်စာပေများ ပြသနိုင်ရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  ၏ တွင် ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့ စာအုပ်ပွဲတော် တွင် သီးသန့် အခန်း တစ်ခုကိုသတ်မှတ်ပြီး လာရောက်သူများကို ဧည့်ခံ ခဲ့ပါတယ်။`
ဤ ကမ္ဘာ့စာအုပ် ပွဲတော်အား  New Delhi World Book Fair ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၂ရက်နေ့ အထိ ကျင်းပခဲ့ပါတယ်။
ဤ ကမ္ဘာ့စာအုပ် ပွဲတော် တွင်  ဂျာမဏီ ၊ အမေရိကန် ၊ စပိန် ၊ ယူအေအီ ၊အင်ဒိုနီးရှား ၊ ပါကစ္စတန် ၊ တူရကီ ၊ တရုတ်၊ စင်ကာပူ ၊ မြောက်ကိုရီးယား ၊ ပြင်သစ် ၊ ဂျပန် ၊ သီရိလင်္ကာ ၊ဆော်ဒီ ၊ မလေးရှား ၊အီဂျစ် ၊နီပေါ စသည့် နိုင်ငံများ နှင့် အိန္ဒိယ ပြည်တွင်း ပုံနှိပ်တိုက် များမှ ပါဝင်နေရာ ယူခဲ့ကြပြီး ပြခန်းပေါင်း ၁၀၀၀ခန့် ဖြင့် ဧည့်ဝတ်ပြုခဲ့ကြပါတယ်။
ဤ ကမ္ဘာ့စာအုပ် ပွဲတော် တွင်   အထူး ဧည့်သည် နိုင်ငံမှာ စင်ကာပူ နိုင်ငံ ဖြစ်ပြီး ၊ မြောက်ကိုရီးယား နိုင်ငံ မှာ ပွဲလာ ပရိတ်သတ်များ၏ အထူး ကြည့်ရှု အားပေးခြင်းကို ခံခဲ့ရပါတယ်။
ဤ ကမ္ဘာ့စာအုပ် ပွဲတော် တွင်  ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံမှလည်း ဝင်ရောက် နေရာယူခဲ့ပါတယ် ။အီရန် နိုင်ငံ ဖက်မှ ပြသနေရာယူထားသည့် စာအုပ်များမှာ  ဖက်စုံ ထောင်စုံမှ ဖြစ်ပြီး ကလေးများ၊လူငယ်လူရွယ်များ အတွက်လည်းပါဝင်ပါတယ်၊ ပန်းချီ ၊ကဗျာ၊ လက်ရေးလှနှင့်ဖွာရစီစကားပြောသင် ကဏ္ဍများလည်း ပါဝင်ပါတယ်။
အင်္ဂလိပ် ၊အူရ်ဒူ ၊ဟင်ဒီ ဘာသာရပ်များဖြစ် ပုံနှိပ် ထုတ်ဝေထားသည့် စာအုပ်များ ကို မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ)   မှပြသခဲ့ပါတယ်။


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*