$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အာယာသွလ္လာဟ် မိုဟမ္မဒ် အဲခ်သရ်ရီ မှ အီရန်သမ္မတ ကို ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

  • News Code : 678268
  • Source : abna
Brief

မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အဲခ်သရ်ရီ မှ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ လက်ရှိ သမ္မတ ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်စလေမီး(န) ဒေါက်တာ ဟစန် ရူဟာနီ၏ မိခင်မွန် ကွယ်လွန် မှု အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ တစ်စောင် အား သမ္မတကြီး ထံ ပေးပို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အဲခ်သရ်ရီ မှ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ လက်ရှိ သမ္မတ ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်စလေမီး(န) ဒေါက်တာ ဟစန် ရူဟာနီ၏ မိခင်မွန် ကွယ်လွန် မှု အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ တစ်စောင် အား ပေးပို့ခဲ့ပါတယ်။
ပေးပို့ခဲ့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ၏ ဘာသာပြန် အဓိပ္ပာယ် မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


အလ္လာဟ်ဟိုအရှင်မြတ် သခင်၏ နာမတော်ဖြင့် ဦးစွာ အစပြုပါ၏။ထိုအရှင်မြတ် သည် မဟာ ရဟ်မန်နှင့် ရဟီးမ် အရှင်ဖြစ်တော်မူ၏။


လေးစားရပါသော် နောင်တော်ကြီး ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်စလေမီး(န) ဒေါက်တာ ဟစန် ရူဟာနီ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ တော် သမ္မတ


လူကြီးမင်း၏ မိခင်မွန် ((ဟာဂျီယေ ခါနွမ် ပိုင်ဝန်ဒီ )) ၏ ဝမ်းနည်းကြေကွဲစရာအပြည့် ဖြစ်သည့် ကွယ်လွန် ခြင်းအပေါ် လူကြီးမင်းနှင့် တကွ မရ်ဟွန်မာ၏ ကျန်ရစ်သူ မိသားစု ဝင်များအားလုံးကို ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။


မုချဧကန် မရ်ဟွန်မာ ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် အချစ်မေတ္တာရှိခြင်းနှင့် လူကြီးမင်းကဲ့သို့ ပုဂ္ဂိုလ်အား ပြုစုပျိုးထောင် သွန်သင်ပေးခဲ့သည့်အတွက် အခေရသ် မှာ သူမ အတွက် ကြီးမားသည့် အကျိုး စဝါးဗ် အဖြစ် ရရှိ လိမ့်မှာ ဖြစ်ပါတယ်။


မရ်ဟွန်မာ ၏ ရဟ်မသ်နှင့်မဂ်ဖေရသ် ၊ သခင်မကြီး ဆရက်ဒ်ဒါ ဟဇရသ်ဖွာတွေမာ (စ.အ) ၏ ထံတော် ဝယ် အတူနေခိုင်ခွင့်ရရန် နှင့် ကျန်ရစ်သူမိသားစုဝင်များ သည်းခံနိုင်မှု စွမ်းအား နှင့် အကျိုးစဝါးဗ် ရရှိရန် အတွက် အလ္လာဟ် ဟိုအရှင်မြတ် သခင်ထံ တောင်းဆု ဒိုအာပြုပါတယ်။


မိုဟမ္မဒ် ဟစန်အဲခ်သရ်ရီ
မဂ်ျမအ်ယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်
ပါလက်စတိုင်းပြည်သူများ၏အစ္စလာမ်မစ် တော်လှန်ရေးထောက်ခံရေးပါတီ ဥက္ကဋ္ဌ
မတ်လ ၂၁ရက်နေ့ ခရစ်သက္ကရာဇ် ၂၀၁၅

======================================


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*