$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မဂ်ျ မယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ထိပ်တန်း အဖွဲ့ဝင် အာယာသွလ္လာဟ် အာစေဖီ အလ္လာဟ် အမိန့်ခံ ယူ

  • News Code : 693637
  • Source : abna
အီရတ် နိုင်ငံ နဂျဖ်ဖေအရှရဖ် မြို့ တွင် ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ၏ ကိုယ်စားလှယ်တော် နှင့် မဂ်ျ မယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ထိပ်တန်း အဖွဲ့ဝင် အာယာသွလ္လာဟ် မိုဟမ္မဒ် မဲဟ်ဒီ အာစေဖီသည်ယနေ့ မနက်ပိုင်းတွင် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အမိန့်တော်ကို ခံယူ သွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အီရတ် နိုင်ငံ နဂျဖ်ဖေအရှရဖ် မြို့ တွင် ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ၏ ကိုယ်စားလှယ်တော် နှင့် မဂ်ျ မယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ထိပ်တန်း အဖွဲ့ဝင် အာယာသွလ္လာဟ် မိုဟမ္မဒ် မဲဟ်ဒီ အာစေဖီသည်ယနေ့ မနက်ပိုင်းတွင် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အမိန့်တော်ကို ခံယူ သွားခဲ့ပါတယ်။

မရ်ဟွမ်၏ ရုံးမှ ထုတ်ပြန်ထားသည်ကြေညာစာတမ်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

အင်နာလစ်လ္လာဟ်ဟေဝအင်နာအေလိုင်းဟေရာဂျေဟူး(န)

အီရန်နိုင်ငံသူနိုင်ငံသားများ အား၎င်း၊အထူးသဖြင့် အိုလမာ နှင့် ဟောင်ဇေဟာယေအေလ်မီယေ ကို အသိပေးကြေညာ အပ်ပါတယ်။ယနေ့ကြာသပတေးနေ့ အီရန် သက္ကရာဇ် ၁၃၉၄ခုနှစ် ခိုရ်ဒါဒ်လ ၁၄ရက်နေ့ ခရစ်သက္ကရာဇ်၂၀၁၅ခုနှစ် ဇွန်လ ၄ရက်နေ့ မနက်ပိုင်း တွင် အေမာမ်ခိုမေနီ (ရ.ဟ) ၏ အကောင်းတကာ့ အကောင်းဆုံး ကူညီထောက်ခံသူများမှ တစ်ဦး ဖြစ်သူ ၊ အီရတ် နိုင်ငံ နဂျဖ်ဖေအရှရဖ် မြို့ တွင် ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ၏ ကိုယ်စားလှယ်တော် ၊ဇိုဟ်ဒ် (လောကမမက်မောမှု) ၊ဂျေဟဒ် (အလ္လာဟ်လမ်းစဉ်တွင် ကြိုးပမ်းမှု ) ၊အေဂ်ျသေဟဒ် (မိုဂ်ျသာဟစ်ဒ်အဆင့်ရောက်ရှိမှု ) တို့တွင် စံနမူနာ ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် မိုဟမ္မဒ် မဲဟ်ဒီ အာစေဖီသည် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အမိန့်တော်ကို ခံယူ သွားခဲ့ပါတယ်။

အာယာသွလ္လာဟ် မိုဟမ္မဒ် မဲဟ်ဒီ အာစေဖီ သည် မည်သူ ဖြစ်ပါသနည်း ?

အာယာသွလ္လာဟ်မိုဟမ္မဒ် မဲဟ်ဒီ အာစေဖီ သည် ခရစ်သက္ကရာဇ် ၁၉၃၇ ခုနှစ် တွင် သာသနာ့ပညာနှင့် သက္က်ဝါအရာတို့ တွင် ကျော်ကြားသည်အိမ်တွင်ဖွားမြင်ခဲ့ပါတယ်။ ၎င်း၏ဖခင်မှာ အာယာသွလ္လာဟ် ရှိက်္ခ အလီ မိုဟမ္မဒ် ဗရူဂျိုရ်ဒီ အာစေဖီ ဖြစ်ပြီးမိမိခေတ်ကာလ ၏ အာရေဖ်နှင့် ကြီးမားသည့် အိုလမာစာရင်းဝင် ၊မိုဂ်ျ သဟစ်ဒ် တစ်ပါး ဖြစ်ပါတယ်။

၎င်းအနေဖြင့် ပထမဦးဆုံး ပညာသင်ကြားမှု ကို ဆည်းပူးပြီးနောက် ဟောင်ဇေအေလ်မီယေ ပညာရပ်များ ကိုဆည်းပူး ရန် အတွက် မိမိဖခင်နှင့် အတူ နဂျဖ်ဖေ အရှရဖ် မြို့ တွင်ခြေချခဲ့ပါတယ်။ဖေက်နှင့်အူစူလ် ပညာရပ် များ အပြင် အခြားဘာသာရေးဆိုင်ရာပညာ ရပ်များ ကို နဂျဖ်ဖေ အရှရဖ် မြို့ တွင် ကြိုးစားအားထုတ်မှု အပြည့်ဖြင့် ဆည်းပူး သင်ယူခဲ့ပါတယ်။

အာယာသွလ္လာဟ်ကြီးအနေဖြင့် ဟောင်ဇေအေလ်မီယေ ပညာရပ်များ ကိုဆည်းပူးနေရင်း ဘဂ္ဂဒတ် တကသိုလ် မှ M.A ဘွဲ့ ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၎င်းအနေဖြင့် နဂျဖ်မြို့ နှင့် ကွမ်းမြို့ တွင် ဖေက် ၊အူစူလ် ၊ ဖလ်စဖေ ၊ သဖ်စီးရ် ရေ ကုရ်အာန် ၊ စသည့် ဘာသာရပ်များကို ပို့ချခဲ့တဲ့ ဆရာတော် တစ်ပါးလည်း ဖြစ်ပါတယ်။အထူးသဖြင့် သဖ်စီးရ် ၊ ကလာမ် ၊ ဖေက် တို့တွင် အေဂ်ျသေဟာဒ် (အမြင်ကိုတရားဝင်တင်ပြနိုင်သည့်ပညာရပ်) အဆင့်ပိုင်ရှင် ဖြစ်ပါတယ်။

ဟီဂျရီ သက္ကရာဇ် ၁၃၉၃ ခုနှစ် တွင် မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဂ်ျ ရှိက်္ခ မီးရ်ဇာ ဟာရှင်မ် အာမိုလီ (ရ.ဟ) နှင့် အာယာသွလ္လာဟ် ရှိက်္ခ မိုရ်သဇာ အာလေ ယာစင်မ် တို့မှာအာယာသွလ္လာဟ် ကြီးအား အေဂ်ျသေဟာဒ် လက်မှတ် ကိုချီးမြှင့်ခဲ့ပါတယ် ။

အာယာသွလ္လာဟ်ကြီးအနေဖြင့် အရဘီဘာသာရပ်နှင့်ဖွာရစီ ဘာသာရပ်ကို ကျွမ်းကျင်စွာတတ်မြောက်ထားသူ ဖြစ်ပါတယ်။အာယာသွလ္လာဟ် အနေဖြင့်အရဘီ ဘာသာရပ်ဖြင့် အဖိုးမဖြတ်နိုင်သည့် စာအုပ်များ ရေးသားသီကုံးခဲ့ပါတယ်။ အာယာသွလ္လာဟ်၏စာအုပ်များကို ဖွာရစီ၊ အူရ်ဒူ ၊ တူရကီ ၊အင်္ဂလိပ် ၊ ပြင်သစ် ဘာသာရပ်များ ဖြစ် ဘာသာပြန်ဆို ထုတ်ဝေ ပြီးဖြစ်ပါတယ်။

ဤသာသနာ့ပညာရှင်ကြီးအနေဖြင့် ၂၅နှစ်တိုင် အီရတ်နိုင်ငံ၏ နိုင်ငံရေး အဖွဲ့ (ဟေစ်ဘွဒ်ဒအ်ဝဟ်) ၏ အကြံပေး လမ်းညွန် ကော်မတီ ၏ အထူး အဖွဲ့ ဝင် တာဝန်ကိုထမ်းဆာင်ခဲ့ပါတယ်။

ဆဒန်မ်မလ်အူးန် ၏ အစိုးရညစ် ကို လည်း တော်လှန် ခဲ့သူ ဖြစ်ပါတယ်။

အာယာသွလ္လာဟ် အာစေဖီ သည် ရိုးရိုးဝတ်စားနေထိုင်သူ ၊လောကမမက်သူ အဖြစ် သာသနာပညာရှင်များနှင့် ရိုးရိုးသာမန် မိုမေနီများအကြားတွင် ချီးမွမ်းခြင်းခံရသူ ဖြစ်ပါတယ်။

အာယာသွလ္လာဟ် အာစေဖီအနေဖြင့် ဆဒန်မ်မလ်အူးန် ၏ အစိုးရညစ် ပြုတ်ပြီးနောက်ပိုင်း နဂျဖ် မြို့ သို့ ပြန်သွားပြီး နောက်ဆုံးထွက်သက်တိုင် သာသနာပညာသင်ယူခြင်းနှင့် သင်ပေးခြင်း အလုပ်များကိုပြု နေသူ ဖြစ်ပြီး ယနေ့ မနက်ပိုင်းတွင် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အမိန့်တော်ကို ခံယူ သွားခဲ့ပါတယ်။

+++++++++++++++++++

251 / End

အာစေဖီြ


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*