$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

၈ နှစ်အရွယ်ကလေးကို အ၀တ်သေတ္တာထဲထည့်လာသူ စပိန်ရဲဖမ်းဆီး

  • News Code : 689337
  • Source : dvb
Brief

အာဖရိကမြောက်ပိုင်းက စပိန်ပိုင် စီတာ (Ceuta) မြို့မှာ အသက် ၈ နှစ်အရွယ် ယောက်ျားလေးတဦးကို အ၀တ်သေတ္တာထဲထည့် သယ်ဆောင်လာသူ မော်ရိုကိုနိုင်ငံသူ အမျိုးသမီးတဦးကို စပိန်အာဏာပိုင်တွေက မေ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
အာဖရိကမြောက်ပိုင်းက စပိန်ပိုင် စီတာ (Ceuta) မြို့မှာ အသက် ၈ နှစ်အရွယ် ယောက်ျားလေးတဦးကို အ၀တ်သေတ္တာထဲထည့် သယ်ဆောင်လာသူ မော်ရိုကိုနိုင်ငံသူ အမျိုးသမီးတဦးကို စပိန်အာဏာပိုင်တွေက မေ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။

အ၀တ်သေတ္တာဆွဲလာတဲ့ အသက် ၁၉ နှစ် အရွယ်မိန်းကလေးဟာ စိုးရိမ်ထိတ်လန့်နေတာကို အကောက်ခွန်ဝန်ထမ်းတွေက ရိပ်မိခဲ့ပြီး စစ်ဆေးခဲ့တာလို့ အစိုးရပြောခွင့်ရက ပြောဆိုပါတယ်။
မော်ရိုကိုနဲ့ နယ်စပ် Tarajal စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတွေ့ရှိတာလို့လည်း ပြောဆိုပါတယ်။ နောက် ၁ နာရီခွဲအကြာမှာ ကလေးဖြစ်သူရဲ့ ဖခင်ကိုလည်း အဲ့ဒီမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။
အရင် Ivory Coast နိုင်ငံက ဖြစ်ပြီး လောလောဆယ် စပိန်ပိုင် Canary ကျွန်းနေထိုင်ခွင့်လက်မှတ်ကို ကိုင်ဆောင်ထားသူလည်းဖြစ်ပါတယ်။
သူ့ရဲ့သားကို မော်ရိုကိုအမျိုးသမီးငယ်ကို ပိုက်ဆံပေးသယ်ဆောင်ခိုင်းခဲ့တာလို့လည်း စပိန်သတင်းစာတစောင်က ဖော်ပြပါတယ်။
ဖခင်ဖြစ်သူကိုရော၊ သယ်ဆောင်သူအမျိုးသမီးငယ်ကိုပါ ဥပဒေအရအရေးယူဖို့ စီတာမြို့မှာ ထိန်းသိမ်းထားတယ်လို့ မြို့ခံ တရားသူကြီးတဦးက ပြောဆိုပါတယ်။
---------------
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*