ဗင်နီဇွဲလားတွင် ငွေဖောင်းပွမှုမြင့်မားနေစဉ် အနိမ့်ဆုံးလစာကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေး

  • News Code : 771905
  • Source : 7days
Brief


စီးပွားရေးအကျပ် အတည်း ရင်ဆိုင်နေရသည့် ဗင်နီဇွဲလားနိုင်ငံတွင် ငွေသုံးနိုင်စွမ်း များစွာအားနည်းနေပြီး ငွေဖောင်း ပွမှုနှုန်း အလွန်မြင့်မားနေစဉ် သမ္မတမာဒူရိုက အနိမ့်ဆုံးလုပ်ခ လစာကို ၅၀ ရာခိုင်နှုန်း တိုး၍ သတ်မှတ်ကြောင်း ကြေညာ သည်။

စက်တင်ဘာ ၁ ရက်တွင် အသက်ဝင်မည့် လစာတိုးပေးမှု အရ လစဉ်အနိမ့်ဆုံးလစာသည် ၃၅ ဒေါ်လာရမည်ဖြစ်ကာ စားသောက်စရိတ် တိုးမြှင့်ပေးမှုများ လည်း ပါဝင်မည်ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စီးပွားရေးအကျပ် အတည်း ရင်ဆိုင်နေရသည့် ဗင်နီဇွဲလားနိုင်ငံတွင် ငွေသုံးနိုင်စွမ်း များစွာအားနည်းနေပြီး ငွေဖောင်း ပွမှုနှုန်း အလွန်မြင့်မားနေစဉ် သမ္မတမာဒူရိုက အနိမ့်ဆုံးလုပ်ခ လစာကို ၅၀  ရာခိုင်နှုန်း တိုး၍ သတ်မှတ်ကြောင်း ကြေညာ သည်။

စက်တင်ဘာ ၁ ရက်တွင် အသက်ဝင်မည့် လစာတိုးပေးမှု အရ လစဉ်အနိမ့်ဆုံးလစာသည် ၃၅ ဒေါ်လာရမည်ဖြစ်ကာ စားသောက်စရိတ် တိုးမြှင့်ပေးမှုများ လည်း ပါဝင်မည်ဖြစ်သည်။

 ယခုတစ်ကြိမ် လစာတိုးပေး ခြင်းမှာ ယခုနှစ်အတွင်း တတိယ အကြိမ် အနိမ့်ဆုံးလစာကို တိုးပေးခြင်းဖြစ်သည်ဟု မာဒူရိုက ရုပ်သံလိုင်းမှတစ်ဆင့်ပြောသည်။

၂၀၁၅ အတွင်း ၁၈၁ ရာခိုင် နှုန်းသို့ ရောက်ရှိခဲ့သော ငွေဖောင်းပွမှုကို ဖြေရှင်းရန် လစာတိုးပေး ခြင်းမှာ မလုံလောက်ဟု ဝေဖန် သူများကပြောသည်။

ဗဟိုဘဏ်က ငွေဖောင်းပွ မှုနှုန်းကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြခြင်းမရှိတော့ဘဲ ယင်းမှာ စိတ်ပျက်စရာ စီးပွားရေးအချက် အလက်များကို ဖုံးကွယ်ထားခြင်း ဖြစ်သည်ဟု အတိုက်အခံခေါင်း ဆောင်များက ပြောသည်။

ဗင်နီဇွဲလားအစိုးရဦးဆောင်သော စီးပွားရေးစနစ်သည် ၂၀၀၄အတွင်း ရေနံဈေးကျဆင်းပြီး နောက်ပိုင်းပြိုလဲသွားခဲ့သည်။

အစိုးရမပြောင်းဘဲ ယင်းအ ခြေအနေ ပြောင်းလဲလာမည် မဟုတ်ဟု အတိုက်အခံခေါင်း ဆောင်များကပြောသည်။

မာဒူရိုကမူ ၎င်းသည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များ ဦးဆောင် သော စီးပွားရေးစစ်ပွဲ၏ ဓားစာခံ ဖြစ်နေသည်ဟု အခိုင်အမာပြော ကြားသည်။    


===================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century