နိုင်ဂျီးရီးယားတွင် ရွှေမိုင်းတူးဖော်ရေးစခန်းကို သေနတ်သမားများပစ်ခတ်၊ ၃၆ ဦး သေဆုံး

  • News Code : 790860
  • Source : dvb
Brief


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဇမ်ဖာရာပြည်နယ် မာရူခရိုင်ထဲက ရွှေမိုင်းတူးဖော်ရေး စခန်းနေရာမှာ သေနတ်သမားတွေပစ်ခတ်လို့ ရွှေတူးဖော်ရေးမိုင်းလုပ်သား ၃၆ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဒေသထဲက ဆက်တိုက်ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေထဲမှာ ဒီဖြစ်ရပ်ဟာ နောက်ဆုံးဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုလည်း ဖြစ်တယ်လို့ နိုဝင်ဘာ ၉ ရက်နေ့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဇမ်ဖာရာပြည်နယ် မာရူခရိုင်ထဲက ရွှေမိုင်းတူးဖော်ရေး စခန်းနေရာမှာ သေနတ်သမားတွေပစ်ခတ်လို့ ရွှေတူးဖော်ရေးမိုင်းလုပ်သား ၃၆ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဒေသထဲက ဆက်တိုက်ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေထဲမှာ ဒီဖြစ်ရပ်ဟာ နောက်ဆုံးဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုလည်း ဖြစ်တယ်လို့ နိုဝင်ဘာ ၉ ရက်နေ့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဘာကြောင့်ပစ်ခတ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဇမ်ဖာရာမြို့တော်ဝန် အက်ဘ်ဒူလ်အာဇစ်က ဒီတိုက်ခိုက်မှုကို “အကြမ်းဖက်တိုက်ခိုက်မှု” လို့ အမည်တပ်လိုက်ပါတယ်။

ဇမ်ဖာရာရဲ့ သစ်တောတွေထဲမှာ တပ်စွဲပြီး တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့ နိုင်ဂျီးရီးယားသမ္မတ မူဟမ်မဒူဘူဟာရီက ဇူလိုင်လမှာ အထူးစစ်တပ်တွေ စေလွှတ်လိုက်ပါသေးတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အဲဒီဒေသက ရွာတွေမှာ ဒေသခံ ရာပေါင်းများစွာလည်း အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းများ
===================    
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ်
We are All Zakzaky